လူမှုအသိုင်းအဝိုင်းလမ်းညွှန်ချက်များ

Premise ရဲ့ ရပ်တည်ချက်ကတော့ ကမ္ဘာတစ်ဝှမ်းမြေပြင်အမှန်တရားရဲ့ အရင်းအမြစ်ဖြစ်ဖို့ပါပဲ။ သင် Premise မှာပါဝင်ဖို့ စာရင်းသွင်းတဲ့အခါမှာ၊ သင်ဟာ စုံလင်တဲ့ကမ္ဘာ့အသိုင်းအဝိုင်းရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်လာပါတယ်။
Premise ရဲ့ ဖြောင့်မတ်မှန်ကန်မှု၊ လေးစားမှုအပေါ် တန်ဖိုးများဟာ ကျွန်ုပ်တို့ လူမှုအသိုင်းအဝိုင်းလမ်းညွှန်ချက်များရဲ့ အခြေခံဖြစ်ပါတယ်။ ကျွန်ုပ်တို့ရဲ့ လူမှုအသိုင်းအဝိုင်းလမ်းညွှန်ချက်များဟာ ကျွန်ုပ်တို့ရဲ့ ပလက်ဖောင်းကို သင့်လျော်မှန်ကန်စွာ အသုံးပြုနိုင်ဖို့ မျှဝေထည့်ဝင်သူတွေကို ယေဘုယျလမ်းညွှန်ချက် ပေးစွမ်းတာဖြစ်ပါတယ်။
Premise ကို သုံးစွဲမှုအတွက် လမ်းညွှန်ချက်များ :
Premise မျှဝေထည့်ဝင်သူတစ်ယောက်အနေနဲ့၊ သင့်အသိုင်းအဝိုင်းအတွင်းမှာ ကောင်းမွန်တဲ့ပြောင်းလဲမှု ဆောင်ကျဥ်းပေးဖို့ရော၊ ဒီလိုလုပ်နေရင်း ဝင်ငွေရယူဖို့ရော အခွင့်အရေးရှိပါတယ်။ အောက်ပါအချက်များက Premise ကို ဘယ်လု အသုံးပြုရမလဲဆိုတာ သင့်ကို ပြသပေးသွားမှာပါ။
ဖြောင့်မတ်မှန်ကန်မှုနှင့်အတူ အလုပ်များလုပ်ဆောင်ခြင်း
သင့်ရဲ့ တင်သွင်းမှုများဟာ မိတ်ဖက်အဖွဲ့အစည်းများ၊ ကုမ္ပဏီများ နဲ့ NGO များကို ဒေသခံအသိုင်းအဝိုင်းများအကြောင်း ပိုမိုနားလည်ပြီး တိုးတက်စေဖို့ ကူညီပေးပါတယ်။ Premise မျှဝေထည့်ဝင်သူများဟာ:
- မေးခွန်းများကို ဖြောင့်မတ်မှန်ကန်စွာ နဲ့ အကောင်းဆုံးဖြေဆိုသင့်တယ်၊
- မှားယွင်းတဲ့ ဒါမှမဟုတ် လွဲမှားစေနိုင်တဲ့ အချက်အလက်တွေကို ဘယ်တော့မှ တမင်သက်သက် မတင်သွင်းသင့်ဘူး၊
- ဒေသတွင်းရှိသူများ၊ စီးပွားရေးများ ဒါမှမဟုတ် အဖွဲ့အစည်းများနဲ့ ဆက်ဆံတဲ့အခါ၊ အလုပ်များဆောင်ရွက်တဲ့အခါ အမြဲတမ်း ရိုသေလေးစားမှုရှိစွာ ဆက်ဆံသင့်တယ်၊
- သင့်မိုဘိုင်းဖုန်းကနေပဲ Premise အက်ပ်ကို ဝင်ရောက်ပြီး အလုပ်တွေဆောင်ရွက်ရမယ်၊
- အလုပ်တွေကို အခြားမျှဝေထည့်ဝင်သူများရဲ့ အကူအညီ ဒါမှမဟုတ် ပူးပေါင်းမှု မပါဝင်ပဲ သီးသန့်ပြီးမြောက်ရမယ်။
Premise ကို သုံးစွဲနေစဥ်အတွင်း အန္တရာယ်ကင်းရှင်းစွာ နေထိုင်ခြင်း

Premise မှာ၊ ကျွန်ုပ်တို့ဟာ အန္တရာယ်ကင်းရှင်းမှုကို အလေးအနက်ထားပါတယ်။ Premise မျှဝေထည့်ဝင်သူတစ်ယောက်အနေနဲ့၊ သင်ဟာ အမြဲတမ်း :
- ဒေသတွင်းလမ်းညွှန်ချက်တွေကို လိုက်နာပြီး သင့်ရဲ့ ပတ်ဝန်းကျင်ကို သတိပြုမိမယ်၊
- သင်အန္တရာယ်ကင်းရှင်းတယ်လို့ ခံစားရတဲ့ နေရာတွေမှာသာ အလုပ်တွေ လုပ်ဆောင်မယ်၊
- အလုပ်ဆောင်ရွက်နေစဥ်အတွင်း ထွက်သွားပါဟု ပြောပါက ဒါမှမဟုတ် သင်က အန္တရာယ်မကင်းဘူးဟု ခံစားရပါက၊ အလုပ်မှထွက်ပြီး အဆိုပါနေရာကနေ ချက်ချင်းထွက်ခွာမယ်။
တားမြစ်ထားသော အပြုအမူ:
မသင့်လျော်သော၊ မမှန်ကန်သော၊ လိမ်လည်သောအပြုအမူကို ကျွန်ုပ်တို့၏ ပလက်ဖောင်းပေါ်တွင် တားမြစ်ထားသည်။
အကောင့်မျှဝေခြင်း သို့မဟုတ် တစ်ခုထက်ပိုသော အကောင့်များသုံးစွဲခြင်း

ကျွန်ုပ်တို့သည့် အကောင့်မျှဝေခြင်းကို အလေးအနက်ထားသည်။ သို့ဖြစ်၍၊ အောက်ပါတို့ကို မလုပ်ဆောင်ပါနှင့်:
- စာရင်းသွင်းထားသည့် အကောင့်ပိုင်ရှင်မှ လွဲ၍ အကောင့်တစ်ခုအား အခြားမည်သူနှင့်မှ မမျှဝေပါနှင့်၊
- မည်သည့် ဒီဗိုက်စ်ပေါ်တွင်မဆို တစ်ခုထက်ပိုသော အကောင့်များ ဖန်တီးခြင်း၊ သုံးစွဲခြင်း မပြုလုပ်ပါနှင့် (ဆိုလိုသည်မှာ လူတစ်ယောက်လျှင် အကောင့်တစ်ခု၊ ဒီဗိုက်စ်တစ်ခုသာ ခွင့်ပြုထားသည်)၊
- ခွင့်ပြုချက်မရှိပဲ အခြား Premise မျှဝေထည့်ဝင်သူများနှင့် ငွေပေးချေမှုအကောင့်ကို မျှဝေခြင်း။
တည်နေရာလှည့်ဖြားခြင်း

သင့်တင်ပြထားတဲ့တည်နေရာရဲ့ မှန်ကန်တဲ့ ကိုယ်စားပြုမှုပေးအပ်ခြင်းဟာ ကျွန်ုပ်တို့ အချက်အလက်ကောက်ယူခြင်း ကြိုးပမ်းမှုများရဲ့ အခြေခံအုတ်မြစ်ဖြစ်ပါတယ်။ ဒါကြောင့် မျှဝေထည့်ဝင်သူတွေဟာ အောက်ပါအချက်တွေကို မလုပ်သင့်ပါဘူး :
- သူတို့ရဲ့ တည်နေရာကို ရည်ရွယ်ချက်ရှိရှိ ပြောင်းလဲခြင်း ဒါမှမဟုတ် လှည့်ဖြားခြင်း ဒါမှမဟုတ် သူတို့ရဲ့ မူရင်းတည်နေရာကို လွဲမှားစွာတင်ပြခြင်း၊
- မတူညီသောနေရာများတွင် အလုပ်များ စတင်ပြီး ပြီးမြောက်ခြင်း။
မသင့်လျော်သော သို့မဟုတ် ရုန့်ရင်းသော အချက်အလက်များ ပေးပို့ခြင်း
မသင့်လျော်သော သို့မဟုတ် ရုန့်ရင်းသော အချက်အလက်များ ပယ်ဖျက်ခြင်းဟာ ကျွန်ုပ်တို့ အလေးအနက်ထားတဲ့ တာဝန်တစ်ခုဖြစ်ပါတယ်။ Premise မျှဝေထည့်ဝင်သူတစ်ဦးအနေနဲ့၊ သင်ဟာ အောက်ပါတို့ကို မလုပ်ဆောင်ဖို့ သဘောတူပါတယ်:
- (ကျွန်ုပ်တို့၏ သီးသန့်ယူဆချက်အရ) ညစ်ညမ်းသော၊ နိမ့်ကျသော၊ ရိုင်းပျသော၊ လိင်ပိုင်းဆိုင်ရာ ညစ်ညမ်းသော၊ လိင်ကိစ္စဖြစ်သော၊ အမုန်းစကားဖြစ်သော၊ သို့မဟုတ် ကန့်ကွက်မှုဆိုင်ရာဖြစ်သော၊ အချက်အလက်ကို တင်ခြင်း သို့မဟုတ် ဖြန့်ဖြူးခြင်း၊
- အနှောင့်အယှက်လင့်ခ်များ နှင့်/သို့မဟုတ် ကိုယ်ရေးကိုယ်တာ ဖိတ်ခေါ်မှုလင့်ခ်များကို ရန်လိုသော သို့မဟုတ် မသင့်လျော်သော ပုံစံဖြင့် ပို့ခြင်း၊
- ဗိုင်းရပ်စ်များ၊ ထရိုဂျင်မြင်းများ၊ ပျက်စီးထားသော ဖိုင်များ သို့မဟုတ် အချက်အလက်များပါဝင်သော ဖိုင်များကို တင်ခြင်း သို့မဟုတ် ဖြန့်ဖြူးရန်ကြိုးပမ်းခြင်း။
အလုပ်သုံးသပ်ချက် နှင့် ငြင်းပယ်မှုများ
Premise အက်ပ်အတွင်း အလုပ်များဆောင်ရွက်သည့်အခါ၊ မျှဝေထည့်ဝင်သူများ၏တင်သွင်းမှုများသည် အရည်အသွေးထိန်းချုပ်ရေးအတွက် သုံးသပ်မှုခံယူရသည်။ အလုပ်ငြင်းပယ်ခံရပါက၊ မျှဝေထည့်ဝင်သူများသည် ငြင်းပယ်ချက်ခြင်းအတွက် အကြောင်းအရင်းများကို အသေးစိတ်ဖော်ပြထားသည့် သုံးသပ်ချက်ရရှိမည်ဖြစ်ပြီး သင်ယူခြင်း၊ တိုးတက်ခြင်းလုပ်ဆောင်နိုင်မည်ဖြစ်သည်။ အကယ်၍ အလုပ်ငြင်းပယ်ခံရပြီး မျှဝေထည့်ဝင်သူမှ နောက်ထပ်တစ်ခေါက် သုံးသပ်ပေးရန် ထပ်မံပေးလိုပါက၊ သူတို့အနေဖြင့် အောက်ပါတို့ကိုသိရှိထားသင့်သည်:
- အလုပ်သုံးသပ်ချိန်သည် ၃ရက် မှ ၅ ရက်အတွင်းကြာမြင့်သည်၊
- ငြင်းပယ်ထားသောအလုပ်များကို တစ်ကြိမ်တစ်ခါသာ ပြန်လည် သုံးသပ်ပေးမည်ဖြစ်သည်၊
- ၁၄ ရက် သို့မဟုတ် ၁၄ ရက်ထက်ကျော်လွန်ထားသည့် ငြင်းပယ်ခံရသော အလုပ်များကို ပြန်လည် သုံးသပ်မည်မဟုတ်ပါ (မျှဝေထည့်ဝင်သူများဟာ ငြင်းပယ်ခံရသောအလုပ်များကို ချက်ချင်း ပြန်လည် သုံးသပ်ရန် တောင်းဆိုသင့်သည်)၊
- အရည်အသွေးထိန်းချုပ်မှုအဖွဲ့မှ ၎င်းတို့၏ ငြင်းပယ်ထားသောအလုပ်အကြောင်းဆုံးဖြတ်ချက်သည် နောက်ဆုံးအတည်ဖြစ်ပြီး အငြင်းပွား၍ မရပါ၊
နိမ့်ကျသော အပြုအမူလုပ်ဆောင်ခြင်း
ကျွန်ုပ်တို့၏ မျှဝေထည့်ဝင်သူများ နှင့် အကူအညီအဖွဲ့၏ လေးစားမှု၊ ဖြောင့်မတ်မှန်ကန်မှုတို့ကို ကာကွယ်ပေးခြင်းသည် ကျွန်ုပ်တို့လုပ်ငန်းများ၏ အရေးကြီးသော အစိတ်အပိုင်းဖြစ်သည်။ ဤအချက်နှင့် လျော်ညီစွာ၊ မျှဝေထည့်ဝင်သူများသည် အောက်ပါတို့ကို မလုပ်ဆောင်ရန် သဘောတူသည်:
- မည်သူမဆိုအား အမုန်းတရားဖြင့်၊ လူမျိုးဖြင့်၊ တိုင်းရင်းသားမျိုးနွယ်ဖြင့် သိက္ခာချခြင်း၊ အသရေဖျက်ခြင်း၊ ပြောင်ရယ်ခြင်း၊ လှောင်ပြောင်ခြင်း၊ နောက်ယောင်ခံခြင်း၊ ခြိမ်းခြောက်ခြင်း၊ နှောင့်ယှက်ခြင်း၊ ကြောက်လန့်စေခြင်း သို့မဟုတ် အလွဲသုံးစားပြုခြင်း သို့မဟုတ် စော်ကားသော သို့မဟုတ် အငြင်းပွားနိုင်သော အမူအရာဖြင့် ပြုမူခြင်း၊
- Premise ထံ မှားယွင်းသော သို့မဟုတ် ပြောင်နောက်သော တင်ပြချက်များပေးပို့ရန် သို့မဟုတ် ကျွန်ုပ်တို့၏ သုံးစွဲသူအကူအညီကိုယ်စားလှယ်များအား လေးစားမှုမရှိသော၊ ရန်လိုသော သို့မဟုတ် မသင့်လျော်သော အမူအရာဖြင့် ဆက်သွယ်ရန် အကူအညီချန်နယ်များအား မလျော်ကန်စွာ သုံးစွဲခြင်း၊
- မမျှော်လင့်ထားသော အားသာချက်ပေးသည့် မည်သည့် အမှား၊ မှားယွင်းစွာဖတ်ရှုမှု၊ သို့မဟုတ် ချို့ယွင်းမှု (“အမှား”)အား အမြတ်ထုတ်ခြင်း၊ မျှဝေခြင်း သို့မဟုတ် အခြားအဖွဲ့ဝင်များအား လူသိရှင်ကြားအသိပေးခြင်း။
စစ်မှန်ခြင်းမရှိသော အမူအကျင့်လုပ်ဆောင်ခြင်း
စစ်မှန်မှုအတွက် ကျွန်ုပ်တို့၏ ကြိုးပမ်းအားထုတ်မှုနှင့်အညီ၊ ကျွန်ုပ်တို့သည် မျှဝေထည့်ဝင်သူများကို ဆော့ဖ်ဝဲလ် ပရိုဂရမ်များ သို့မဟုတ် အက်ပ်လီကေးရှင်းများသုံးစွဲခြင်းဖြင့် ၎င်းတို့ကိုယ်တိုင်အား မှားယွင်းစွာဖော်ပြခြင်းကို ခွင့်မပြုပါ။ Premise မျှဝေထည့်ဝင်သူတစ်ဦးအနေဖြင့်၊ သင်သည် အောက်ပါတို့ မလုပ်ဆောင်ရန် သဘောတူသည်:
- မိုဘိုင်း ဒီဗိုက်စ်တစ်ခုမှအပ အခြားမည်သည့် နည်းလမ်းများဖြင့်မဆို Premise အက်ပ်လီကေးရှင်းထံ ဝင်ရောက်ခြင်း (သို့မဟုတ် ဝင်ရောက်ရန် ကြိုးစားခြင်း)၊
- “အလိုအလျောက်” သို့မဟုတ် “ခြုံငုံသော” ဆော့ဖ်ဝဲလ်အစီအစဥ်များ ဖန်တီးခြင်း၊ မျှဝေခြင်း၊ အသုံးချခြင်း သို့မဟုတ် အခြားအဖွဲ့ဝင်များအားလူသိရှင်ကြား အသိပေးခြင်း၊
- ကျွန်ုပ်တို့၏ ဝန်ဆောင်မှုများထဲမှ တစ်ခုခုကို သာမန် သို့မဟုတ် သင့်လျော်သော လူသားသုံးစွဲမှုမထင်ဟပ်သည့် ပုံစံဖြင့် အလွဲသုံးစားပြုလုပ်ခြင်း။
Premise သည် ကျွန်ုပ်တို့ ပလက်ဖောင်း၏ ဖြောင့်မတ်မှန်ကန်မှုကို ထိန်းသိမ်းရန် ကြိုးပမ်းလျက်ရှိပြီး၊ Premise လူမှုအသိုင်းအဝိုင်းလမ်းညွှန်ချက်များကို ချိုးဖောက်သည့် လုပ်ဆောင်မှုများရှိသော မျှဝေထည့်ဝင်သူများအား အရေးယူရန် အခွင့်အရေးရှိသည်။Premise လူမှုအသိုင်းအဝိုင်းလမ်းညွှန်ချက်များအား မည်ကဲ့သို့ချိုးဖောက်သည်ဖြစ်စေ၊ ယာယီပိတ်သိမ်းနိုင်သည်။
Premise ၏ ကမ္ဘာအနှံ့ကွန်ရက်မှာ ပါဝင်ပေးတဲ့အတွက်၊ မြေပြင်အမှန်တရား၏ တန်ဖိုးရှိသော အရင်းအမြစ် ပေးစွမ်းရန် ကျွန်ုပ်တို့၏ မိတ်ဖက်များနှင့်လုပ်ဆောင်ပေးတဲ့အတွက်၊ သင့်ကို ကျေးဇူးတင်ပါတယ်။ ဤကမ္ဘာ့အသိုင်းအဝိုင်းထဲမှာ သင့်ရဲ့ ထည့်ဝင်မှုများ နဲ့ ပါဝင်မှုဟာ Premise ၏ ရပ်တည်ချက်အတွက် မရှိမဖြစ် တန်ဖိုးမဖြတ်နိုင်တဲ့ အစိတ်အပိုင်းဖြစ်ပါတယ်။




