Premise သုံးစွဲမှုစည်းမျဥ်းများ 

သက်ရောက်သည့်ရက်စွဲ: ဧပြီလ ၁ရက်၊​ ၂၀၂၄

အောက်ဖော်ပြပါ သုံးစွဲမှုစည်းမျဥ်းများ (“သဘောတူညီချက်”) သည် Premise မိုဘိုင်းအက်ပ်လီကေးရှင်းများ (“အက်ပ်”)သုံးစွဲမှု၊ “www.premise.com” ရှိ Premise ဝက်ဘ်ဆိုဒ် (“ဆိိုဒ်”) နှင့် Premise ပေါ်တယ် သို့မဟုတ် Premise မှ ပေးစွမ်းသည့် အခြားအွန်လိုင်းဝန်ဆောင်မှု နှင့် အက်ပ်၊ ဆိုဒ် နှင့် ပလက်ဖောင်း (အက်ပ်၊ ဆိုဒ် နှင့် ပလက်ဖောင်း ကို အတူတကွ၊ “ဝန်ဆောင်မှု” အဖြစ်ပြောမည်)၊​ပေါ် သို့မဟုတ် သို့မှ ရရှိနိုင်သော ထုတ်ကုန်များ နှင့် ဝန်ဆောင်မှုများကို လွှမ်းခြုံသည်။ ဝန်ဆောင်မှုကို ဤသဘောတူညီချက်တွင်ပါဝင်သည့်၊မည်သည့် ဖော်ပြချက် နှင့် အက်ပ်၊ ဆိုဒ် နှင့် ပလက်ဖောင်း သို့မဟုတ် အလုပ်တွင်ပါဝင်သော (အောက်တွင်ဖော်ပြထားသည်)အခြားစည်းကမ်းများ၊ မူဝါဒများ နှင့် လုပ်ထုံးလုပ်နည်းများကို ပြောင်းလဲခြင်းမရှိပဲ သင့်သဘောတူညီချက်နှင့်အညီ ပေးစွမ်းမည်ဖြစ်သည်။ ဝန်ဆောင်မှုအား ရယူခြင်း နှင့်/သို့မဟုတ် သုံးစွဲခြင်းသည် သင် ဤသဘောတူညီချက်ကို လက်ခံကြောင်း သက်ရောက်ပြီး တရားဥပဒေအရ ချည်နှောင်ခြင်းဖြစ်မည်။ သင်သည် အက်ပ် သို့မဟုတ် ပလက်ဖောင်းပေါ်တွင် “သဘောတူညီသည်” ဟု နှိပ်ပါက၊ ၎င်းသည် တရားဥပဒေအရ ချုပ်နှောင်သော သဘောတူညီချက်ဖန်တီးပြီး ဤသဘောတူညီချက်ကို လက်ခံခြင်းပါဝင်သည်။ ဤသဘောတူညီချက်ကို အောက်တွင် ထပ်မံဖော်ပြထားသည့်အတိုင်း အခါအားလျော်စွာ ပြင်ဆင်နိုင်သည်။ 

ဤ သဘောတူညီချက်ကို ကျေးဇူးပြု၍ သေချာစွာ အချိန်ယူပြီး ဖတ်ရှုပါ။ သင်သည် ကုမ္ပဏီတစ်ခု၏ ကိုယ်စား ဝန်ဆောင်မှုကို အဆိုပါကုမ္ပဏီ၏ ကြိုတင်ရေးသားထားသော အာဏာသက်ရောက်မှုဖြင့် သုံးနိုင်သည်။ သင် သို့မဟုတ် သင်ဝန်ဆောင်မှုကို ကိုယ်စားအသုံးပြုပေးနေသော ကုမ္ပဏီတို့အား ဤသဘောတူညီချက်တွင် “သင်”၊ “သင့်” သို့မဟုတ် “သုံးစွဲသူ” ဟု ညွှန်းဆိုမည်ဖြစ်သည်။ ဝန်ဆောင်မှုအား Premise Data Corporation (“PDC”) မှပိုင်ဆိုင်ပြီး လုပ်ငန်းလုပ်ကိုင်သည်။ အကယ်၍သင်သည် ဤသဘောတူညီချက်ရှိ တစ်စုံတစ်ခုအား ရှုပ်ထွေးသည်ဟု တွေ့ရှိပါက၊ [email protected] ထံသို့ ကျေးဇူးပြုပြီး အီးမေးလ်ပေးပို့ပါ။ 

ဤ စည်းမျဥ်းများတွင်  တရားရုံးအမှုရင်ဆိုင်ခြင်း သို့မဟုတ် အစုအဖွဲ့ဆိုင်ရာတရားစီရင်မှုအစား တဦးတယောက်ချင်း အငြင်းပွားမှုများကို ဖြေရှင်းရန် ခုံရုံးစီရင်ပိုင်ခွင့်သုံးစွဲခြင်း လိုအပ်သော

မဖြစ်မနေ တစ်ဦးတည်းဆိုင်ရာ ခုံရုံးစီရင်ပိုင်ခွင့်ဖော်ပြချက် နှင့် အစုအဖွဲ့ဆိုင်ရာ တရားစီရင်မှု/တရားရုံးအမှုရင်ဆိုင်မှု လျှော့ပေါ့ခြင်းဖော်ပြချက်တို့ပါဝင်သည်။ 

အကယ်၍​ သင်သည် ဤသဘောတူညီချက်ရှိ စည်းမျဥ်းများ နှင့် အခြေအနေများအားလုံးကို သဘောမတူပါက၊ အကောင့်မဖန်တီးပါနှင့်၊ ဝန်ဆောင်မှုကို သုံးစွဲခြင်း သို့မဟုတ် ရယူခြင်း မပြုလုပ်ပါနှင့်။ 

အသက် လိုအပ်ချက်များ

ဝန်ဆောင်မှုအား အနည်းဆုံး အသက် ၁၈ နှစ်ပြည့်ပြီးသူ သို့မဟုတ် ဝန်ဆောင်မှုကို အသုံးပြုရန် အကောင့်ဖန်တီးသည့်အချိန်တွင် အဆိုပါသူနေထိုင်သည့် ပြည်နယ် သို့မဟုတ် နိုင်ငံ နှင့် အဆိုပါသူ မည်သည့်အလုပ်မဆိုလုပ်ဆောင်သည့်နေရာ (အောက်တွင်ဖော်ပြထားသည်)ရှိ အနည်းဆုံး အရွယ်ရောက်သည့် အသက်အရွယ်ရှိသူတို့သာ အသုံးပြုနိုင်သည်။​

ကိုယ်ရေးကိုယ်တာ

PDC ၏ ကိုယ်ရေးကိုယ်တာမူဝါဒကို ဝက်ဘ်ဆိုဒ် နှင့် ပလက်ဖောင်းပေါ်တွင် (ကိုယ်ရေးကိုယ်တာမူဝါဒ) ရရှိနိုင်ပြီး ဤညွှန်းဆိုချက်ဖြင့် ထည့်သွင်းထားသည်။​ ကိုယ်ရေးကိုယ်တာမူဝါဒ (https://tos.premise.com/privacy-policy/) ကို အက်ပ်မှနေလည်း ဝင်ရောက်နိုင်သည်။​ PDC သည် သင့်အနေဖြင့် ကိုယ်ရေးကိုယ်တာ မူဝါဒကို အသေးစိတ် ဖတ်ရှုရန် အကြံပေးသည်။ ဤသဘောတူညီချက်ကို သင်၏ လက်ခံမှုတွင် အခါအားလျော်စွာ ပြင်ဆင်သည့် ကိုယ်ရေးကိုယ်တာမူဝါဒကို လက်ခံမှုလည်းပါဝင်သည်။ 

ရယူမှု နှင့် သုံးစွဲမှုအတွက် အခြေအနေများ 

ဤသဘောတူညီချက်အောက်တွင် မည်သည့်ထည့်သွင်းစဥ်းစားမှုမဆို ရယူခြင်းအတွက်၊ သုံးစွဲသူသည် သုံးစွဲသူ သို့မဟုတ် ဤသဘောတူညီချက်အောက်တွင် ဝန်ဆောင်မှုများပေးစွမ်းရန် သုံးစွဲသူမှ ချိတ်ဆက်သည့် မည်သူမဆိုသည်အောက်ပါ အချက်များနှင့် မကိုက်ညီကြောင်း အာမခံသည်: 

    1. ကျူးဘား၊ အီရန်၊​ မြောက်ကိုရီးယား၊ ဆူဒန်၊ ဆီးရီးယား၊ သို့မဟုတ် ယူကရိန်း/ရုရှား၏ ခရိုင်းမီးယားဒေသ သို့မဟုတ် အမေရိကန် ဘဏ္ဍာတိုက်ဌာန၏ စီးပွားရေး ပိတ်ဆို့မှုအစီအစဥ်များအောက်တွင် ပြီးပြည့်စုံသည့် စီးပွားရေးပိတ်ဆို့မှုခံရသည့် (အဆိုပါ အစီအစဥ်များဆိုင်ရာအချက်အလက်များကို: စီးပွားရေးပိတ်ဆို့မှုအစီအစဥ်များနှင့်နိုင်ငံအချက်အလက်တွင် ရရှိနိုင်သည် ) အခြားနိုင်ငံ သို့မဟုတ် ဒေသရှိ ကာလကြာရှည်နေထိုင်သူ သို့မဟုတ် တရားဝင်နေထိုင်သူ၊ သို့မဟုတ်
    2. အမေရိကန်ဘဏ္ဍာတိုက်ဌာန၏ စီးပွားရေး ပိတ်ဆို့မှုအစီအစဥ်များအောက်ရှိ ကန့်သတ်ချက်များ နှင့် အမေရိကန်ပို့ကုန်ထိန်းချုပ်ရေးဥပဒေများအောက်ရှိ အမေရိကန်ကုန်သွယ်မှုနှင့်ပြည်နယ်ဌာနမှ ကန့်သတ်ချက်များသာမက အမေရိကန်အစိုးရမှ သတ်မှတ်ထားသော ကုန်သွယ်မှုကန့်သတ်ချက်များခံရခြင်း။​ အဆိုပါကန့်သတ်ချက်များခံရသည့် အဖွဲ့အစည်းများ၏ စုပေါင်းစာရင်းအပြည့်အစုံကို: စုပေါင်းစာရင်း တွင် ရရှိနိုင်သည်။​

PDC သည် လိမ်ညာမှုကာကွယ်ရေး နှင့် ဥပဒေလိုက်နာရေးကို အလေးအနက်ထားသည်။ စာရင်းသွင်းရန် နှင့် အလုပ်များ (အောက်တွင်ဖော်ပြထားသည်) ဆောင်ရွက်ရန် လိုအပ်သည့် အခြေအနေတစ်ခုအနေဖြင့်၊ သုံးစွဲသူသည် PDC မှ ၎င်းသင့်လျော်သလို၊ ကိုယ်ပိုင် ဆုံးဖြတ်မှုဖြင့် နောက်ခံ၊ လုံခြုံရေး စစ်ဆေးမှုများပြုလုပ်မည်ဖြစ်ကြောင်း နားလည်သိရှိပြီး သဘောတူသည်။​

သုံးစွဲသူသည် ဤနေရာမှ ထပ်မံ၍ အောက်ပါအချက်များကို အာမခံ အတည်ပြုသည်: 

    1. သုံးစွဲသူသည် ပိတ်ပင်ထားသည့်အဖွဲ့အစည်းများ၊ ဥပမာအားဖြင့်၊ ကမ္ဘာ့ကုလသမဂ္ဂလုံခြုံရေးကောင်စီမှ ထားရှိသည့် စာရင်း၊ အမေရိကန်ပြည်ထောင်စု (အမေရိကန်ဘဏ္ဍာတိုက်ဌာန အထူးပိတ်ပင်ထားသည့်နိုင်ငံသားများစာရင်း နှင့် နိုင်ငံခြားစီးပွားရေး ပိတ်ဆို့မှုရှောင်ရှားသူများစာရင်း)၊ ဥရောပသမဂ္ဂ (EU) သို့မဟုတ် သူ့အဖွဲ့ဝင်နိုင်ငံများ နှင့် သင် အမေရိကန် နှင့် EU ပြင်ပတွင်နေထိုင်ပါက သင့်နိုင်ငံ၏အစိုးရ တို့ကဲ့သို့ တွင် မပါရှိပါ၊ နှင့်
    2. အထက်တွင်ဖော်ပြထားသည့် မည်သည့် ပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့အစည်းမှ သုံးစွဲသူအား ပိုင်ဆိုင်ခြင်း၊ ထိန်းချုပ်ခြင်းမရှိ၊​ သုံးစွဲသူမှလည်း ကိုယ်စားပြုလုပ်ဆောင်ခြင်းမရှိကြောင်း၊ နှင့်
    3. တည်ဆဲ အမေရိကန်၊ EU နှင့်/သို့မဟုတ် အခြားဥပဒေများ သို့မဟုတ် စည်းမျဥ်းများအောက်တွင် သုံးစွဲသူအား PDC ထံမှ ငွေကြေးများရယူခြင်း သို့မဟုတ် PDC အတွက် ဝန်ဆောင်မှုများလုပ်ဆောင်ခြင်းတို့အား ကန့်သတ်ထားခြင်းမရှိခြင်း၊ နှင့်
    4. သုံးစွဲသူသည် မည်သည့် အကြမ်းဖက်လှုပ်ရှားမှုများကိုမဆို အားမပေးခြင်း၊ မသက်ဆိုင်ခြင်း နှင့် တိုက်ရိုက်ပါဝင်မှုမရှိခြင်း၊ နှင့်
    5. သုံးစွဲသူသည် အထူးညွှန်ကြားချက် ၁၃၂၂၄ အောက်တွင် ပြည်ထောင်စုဌာနမှ ချမှတ်ထားသော လူပုဂ္ဂိုလ်များ နှင့် အဖွဲ့အစည်းများအပါအဝင် PDC နှင့်လုပ်ဆောင်ခြင်းကြောင့် ငွေကြေးရရှိပြီး အကြမ်းဖက်လှုပ်ရှားမှုများနှင့် ဆက်နွယ်သော   မည်သည့် လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းကို မှ အကူအညီ  (ငွေကြေး သို့မဟုတ် ငွေကြေးမဟုတ်သော) မပေးအပ်ပါ၊ နှင့်
    6. သုံးစွဲသူကိုယ်စား သို့မဟုတ် တရားဝင်အဖွဲ့အစည်းတစ်ခုကိုယ်စား လုပ်ဆောင်သည်ဖြစ်စေ၊ သုံးစွဲသူသည် အနည်းဆုံး အသက် ၁၈ နှစ် (သို့မဟုတ် သုံးစွဲသူနေထိုင်ပြီး အလုပ်များဆောင်ရွက်နေသော (အောက်တွင်ဖော်ပြထားသည်) နေရာရှိ တရားဝင်အရွယ်ရောက်သည့်အသက်အရွယ်) ရှိပြီး သုံးစွဲသူအား ဝန်ဆောင်မှုကို အသုံးပြုရန် တရားဝင်ခွင့်ပြုထားပြီး၊ သုံးစွဲသူသည် ဝန်ဆောင်မှု ရွေးချယ်၊ သုံးစွဲခြင်းအတွက် အပြည့်အဝတာဝန်ယူသည်။​

အထက်ဖော်ပြပါမည်သည့်အခြေအနေကိုမဆို ကိုက်ညီရန် ပျက်ကွက်ခြင်းသည် PDC သို့မဟုတ် တခြားအဖွဲ့အစည်းများထံ အများပြည်သူဆိုင်ရာ တာဝန် သို့မဟုတ် ပြစ်မှုပါဖြစ်နိုင်သည်။ ထို့အပြင်၊ အထက်ဖော်ပြပါ မည်သည့်အခြေအနေကိုမဆို ကိုက်ညီရန် ပျက်ကွက်ခြင်းသည် ဤသဘောတူညီချက်ကို ချက်ချင်းဖျက်သိမ်းမှု၊ တရားဥပဒေ၊ ခုံရုံးဆွေးနွေးခြင်း၊ တောင်းဆိုခြင်း သို့မဟုတ် ဤ သဘောတူညီချက်၏ စည်းမျဥ်းများအရ အခြား ဥပဒေရင်ဆိုင်မှုများမှ ခွင့်ပြုထားသည့် အလုပ်ပြီးမြောက်မှုကြောင့် (အောက်တွင်ဖော်ပြထားသည်) ရရှိနိုင်သော မည်သည့် စဥ်းစားပေးမှုမဆိုအား ပိတ်သိမ်းခြင်း နှင့် အာဏာပိုင်များကို အသိပေးခြင်းတို့ဖြစ်နိုင်သည်။ 

ဤသဘောတူညီချက်ရှိ စည်းမျဥ်းများနှင့် ၎င်းတို့ကို လိုက်နာမှုအရ၊​ PDC သည် သုံးစွဲသူများကို ဝန်ဆောင်မှုပေးစွမ်းမည်ဖြစ်သည် – PDC မှပေးအပ်ထားသော စာရွက်စာတမ်းများ နှင့် အခြားစာရေးထားသည့် ညွှန်ကြားချက်များ (PDC မှ ဆိုဒ်ပေါ်တွင်တင်နိုင်သော၊ အက်ပ်မှဖြန့်ဖြူးနိုင်သော သို့မဟုတ် အလုပ်ဖော်ပြချက်များတွင် ရှင်းလင်းနိုင်သော အပါအဝင်)နှင့်အညီ သုံးစွဲသူသီးသန့်သုံးရန်သာဖြစ်သည်။ 

ဝန်ဆောင်မှုသည် တစ်ခါတစ်ရံ ထိန်းသိမ်းမှု နှင့် အဆင့်မြှင့်တင်မှုများအတွက် ကျဆင်းနိုင်ကြောင်း သုံးစွဲသူမှ သိရှိနားလည်သည်။ ဤအဆင့်မြှင့်တင်မှုများပြီးနောက်တွင် သင်သည် လုပ်ဆောင်ချက်အသစ်များထည့်သွင်းခြင်း သို့မဟုတ် ရှိပြီးသား လုပ်ဆောင်ချက်များ ဖယ်ရှားခြင်း မြင်တွေ့နိုင်သည်။ 

သုံးစွဲသူသည် အင်တာနက်ရရှိမှု၊ ဝိုင်ဖိုင်ဝန်ဆောင်မှု၊ ချက်ချင်းမက်ဆေ့ချ်ပို့ခြင်းဝန်ဆောင်မှုများ၊ မိုဒမ်းများ၊ ဟဒ့်ဝဲလ်၊ ဆော့ဖ်ဝဲလ်၊ အဝေး သို့မဟုတ် ဒေသတွင်း တယ်လီဖုန်းဝန်ဆောင်မှုအပါအဝင်  ဝန်ဆောင်မှုအား ချိတ်ဆက်ရန် နှင့် ရယူရန် လိုအပ်သော မည်သည့် ပစ္စည်း သို့မဟုတ် ဝန်ဆောင်မှုကို မဆို ရယူခြင်း နှင့် ထိန်းသိမ်းခြင်းအတွက် တာဝန်ရှိသည်။​ သုံးစွဲသူသည် အဆိုပါ ပစ္စည်း သို့မဟုတ် ဝန်ဆောင်မှုများသည် ဝန်ဆောင်မှုနှင့် ကိုက်ညီမှုရှိကြောင်း သေချာစေရန် တာဝန်ရှိသည်။ 

သုံးစွဲသူသည် အင်တာနက်ရယူခြင်းကုန်ကျစရိတ်များ၊ အင်တာနက်ရရှိမှုစရိတ်များ၊ ဝိုင်ဖိုင်ရရှိမှု စရိတ်များ၊ စာ သို့မဟုတ် ချက်ချင်းမက်ဆေ့ချ်ပို့ခြင်းစရိတ်များ၊ ဆဲလ်ဖုန်း သို့မဟုတ် အခြားဝိုင်ယာလက်စ်တယ်လီဖုန်းဆက်သွယ်ခြင်း ဝန်ဆောင်မှုစရိတ်များ၊ ဆော့ဖ်ဝဲလ် သို့မဟုတ် ပစ္စည်း အဆင့်မြှင့်တင်မှုများ နှင့် အချက်အလက်မျှဝေခြင်းစရိတ်များအပါအဝင် ဝန်ဆောင်မှု သုံးစွဲခြင်း နှင့် အလုပ်ပြီးမြောက်ခြင်း (အောက်တွင်ဖော်ပြထားသကဲ့သို့)​ ဆိုင်ရာ ကုန်ကျစရိတ်များအားလုံးအတွက် တာဝန်ရှိသည်။ 

အကယ်၍ သုံးစွဲသူသည် အလုပ်များ (အောက်တွင်ဖော်ပြထားသည့်အတိုင်း) ဆောင်ရွက်နေစဥ်အတွင်း ယာဥ်၊ မော်တော်ဆိုင်ကယ်၊ စကူတာ သို့မဟုတ် အခြား တကိုယ်ရည်သယ်ယူပို့ဆောင်ရေးဒီဗိုက်စ် သို့မဟုတ် ပစ္စည်း အမျိုးအစား (စုပေါင်း၍၊ “ယာဥ်”) မောင်းပါက သို့မဟုတ် လည်ပတ်ပါက၊ သုံးစွဲသူသည် ယာဥ်ကို အန္တရာယ်ကင်းရှင်းစွာ မောင်းရမည်ဖြစ်ပြီး ယာဥ်ရွေ့လျားနေစဥ်အတွင်း ဖုန်း သို့မဟုတ် အခြား ဒီဗိုက်စ်ကို အသုံးမပြုရပါ။​ သုံးစွဲသူသည် တရားဥပဒေမှ လိုအပ်သည့်အတိုင်း မော်တာယာဥ် သို့မဟုတ် အခြားတည်ဆဲဝတ္တရား အာမခံချက်ထားရှိရမည်ဖြစ်သည်၊ သို့မဟုတ် သက်ဆိုင်ရာ တရားစီရင်ရာ ဒေသတွင် တရားဥပဒေအရ အနည်းဆုံးမရှိပါက၊​ သုံးစွဲသူမှ ဖြစ်စေနိုင်သည့် ဆုံးရှုံးမှု သို့မဟုတ် ထိခိုက်မှုများအား လျော်ပေးနိုင်ရန် သင့်တော်သည့် မော်တာယာဥ် သို့မဟုတ် အခြားသက်ဆိုင်ရာဝတ္တရားအာမခံထားရှိရမည်။ အလုပ်ဆောင်ရွက်နေစဥ်အတွင်း သုံးစွဲသူမှ ဖြစ်စေသည့် မည်သည့် ဆုံးရှုံးမှု သို့မဟုတ် ထိခိုက်မှုများအတွက် PDC သည် တာဝန်မရှိကြောင်း သုံးစွဲသူမှ အသိအမှတ်ပြုပြီး အောက်တွင်ဖော်ပြထားသည့် လျော်ကြေးကဏ္ဍအတိုင်း၊ သုံးစွဲသူသည် အလုပ်များဆောင်ရွက်နေစဥ်အတွင်း ၎င်း၏ လုပ်ဆောင်ချက်များကြောင့် ဖြစ်ပေါ်လာသည့် ပြင်ပ တောင်းဆိုချက်များအတွက် PDC အား လျော်ကြေးပေးရမည်ဖြစ်သည်။ 

အလုပ်များ၊ ထည့်သွင်းစဥ်းစားမှုများ၊ ငွေထုတ်အနည်းဆုံးများ နှင့် နောက်ဆုံးပြီးမြောက်ရမည့်အချိန်များ၊ စရိတ်များ နှင့် အခွန်များ 

အက်ပ်ကို ဒေါင်းလုတ်ဆွဲသည့် သုံးစွဲသူများသည် စစ်တမ်းဖြေဆိုရန်၊ ဗီဒီယိုများ၊ စခရင်ရှော့များ၊ ဓာတ်ပုံများ သို့မဟုတ် ၎င်းတို့ကိုယ်တိုင် နှင့်/သို့မဟုတ် ၎င်းတို့ရှာဖွေသည့် အရာများ၏ ဖမ်းယူမှုများကို ပေးပို့ရန် သို့မဟုတ် အခြားစီမံကိန်းများတွင် ပါဝင်ရန် (“အလုပ်”) စာရင်းသွင်းနိုင်သည်။​  လုပ်ဆောင်ရမည့်လှုပ်ရှားမှု၊ အချိန်၊ တည်နေရာ နှင့် လုပ်ဆောင်ရမည့်ပုံစံ (စစ်တမ်းဖြေဆိုမှု၊ တည်နေရာတစ်ခုတွင် တွေ့ရှိသည့် အချက်အလက် သို့မဟုတ် ဓာတ်ပုံ၊ စခရင်ရှော့ သို့မဟုတ် ဗီဒီယိုကဲ့သို့) အပါအဝင် အလုပ်တစ်ခုချင်းစီ၏ လိုအပ်ချက်များကို အလုပ်အသိပေးချက်တွင် ဖော်ပြထားပြီး ရည်ညွှန်းမှုဖြင့် ဤတွင် ထည့်သွင်းထားသည်။ အလုပ်အသိပေးချက်သည် အချက်အလက်ကောက်ယူခြင်း၊ သုံးစွဲခြင်း သို့မဟုတ် မျှဝေခြင်းဆိုင်ရာ အပိုအချက်အလက်များ ပေးစွမ်းနိုင်ပြီး ကိုယ်ရေးကိုယ်တာမူဝါဒကို ပံ့ပိုးကာ ဤတွင် ထည့်သွင်းနိုင်သည်။ အလုပ်အသိပေးချက်သည် အလုပ်ပြီးမြောက်ခြင်း နှင့် အလုပ်တင်သွင်းမှု ခွင့်ပြုအပြီးတွင် မည်သည့် စဥ်းစားပေးမှုများ သုံးစွဲသူ၏ ငွေကြေးအတွင်းသို့ ဝင်ရောက်လာမည်ကို ဖော်ပြသည်။ ဤသဘောတူညီချက်နှင့်အညီ အလုပ်ကို ပြီးမြောက်ပြီး အတည်ပြု/ခွင့်ပြုပြီးပါက (“အလုပ်ပြီးမြောက်ခြင်း”)  ဤသဘောတူညီချက်ရှိ စည်းမျဥ်းများ နှင့်အညီ စဥ်းစားမှုကို ပေးအပ်သည်။​ စာရင်းသွင်းခြင်း သို့မဟုတ် အလုပ်များဆောင်ရွက်ခြင်းအတွက် မည်သည့် အလုပ်ဆိုင်ရာဆက်ဆံရေးမှ မတည်ထောင်ပါ။ 

ငွေထုတ် လုပ်ငန်းစဥ် နှင့် အနည်းဆုံးပမာဏ။  သုံးစွဲသူများသည် ၎င်းတို့တည်ရှိပြီး အလုပ်ပြီးမြောက်သည့် အက်ပ်မှ တဆင့် ရရှိသော ရွေးချယ်စရာများမှ ၎င်းတို့အတွက် စဥ်းစားပေးမှုများကို လက်ခံရန် နည်းလမ်းတစ်ခုကို ရွေးချယ်ရမည်။ PDC သည် လုပ်ငန်းစဥ်ကို ဆောင်ရွက်ရန် ဖုန်းဘေဖြည့်ခြင်း၊​ PayPal၊ Coinbase နှင့် Payoneer တို့ကဲ့သို့ ပြင်ပဝန်ဆောင်မှုများကို အသုံးပြုသည်။ လုပ်ငန်းစဥ်ကို စီမံရန် အသုံးပြုသည့် ဝန်ဆောင်မှုများတွင် အနည်းဆုံး ငွေထုတ်ပမာဏ ရှိသည်။  သင်သည် အနည်းဆုံးငွေထုတ်ပမာဏကို ပြည့်မှီရန် လုံလောက်သော အလုပ်များကို မဆောင်ရွက်ပါက ငွေထုတ်နိုင်မည် မဟုတ်ဟု ဆိုလိုခြင်းဖြစ်သည်။ သင် ငွေပေးချေမှု ဝန်ဆောင်မှုအတွက် စာရင်းသွင်းရသည့် အက်ပ်တွင် ပမာဏကို ဖော်ပြထားပြီး ဤ ပမာဏများသည် နိုင်ငံအလိုက် ကွာခြားနိုင်သည်။ ငွေထုတ်ပမာဏများကို ပြင်ပဝန်ဆောင်မှုပေးအပ်သူ သို့မဟုတ် PDC မှ ပြောင်းလဲနိုင်သည်။​ ပြောင်းလဲမှုများကို ဖော်ထုတ်နိုင်ရန် အက်ပ်အတွင်းဖော်ပြထားသော အနည်းဆုံးငွေထုတ်ပမာဏများကို အခါအားလျော်စွာ စစ်ဆေးရန် သင့်အား တိုက်တွန်းသည်။ 

ငွေထုတ်မှုများအတွက် အချိန်ကန့်သတ်ချက်များ။  ဧပြီလ ၁ရက်၊ ၂၀၂၂ ခုနှစ် တွင် သို့မဟုတ် ပြီးနောက်တွင် ပြီးမြောက်သော မည်သည့်အလုပ်မဆိုအတွက်၊ သုံးစွဲသူများသည် ၎င်းတို့အတွက် စဥ်းစားပေးမှုများကို အလုပ်ပြီးမြောက်ကြောင်း အသိပေးမှု ရရှိပြီးနောက် ခြောက်လအတွင်း ငွေထုတ်ရမည် (“ငွေထုတ်ကာလ”)။ ဧပြီလ ၁ရက်၊ ၂၀၂၂ ခုနှစ် မတိုင်ခင် ပြီးမြောက်သော မည်သည့်အလုပ်မဆိုအတွက်၊ ငွေထုတ်ရမည့်အချိန်သည် မတ်လ ၃၁ ရက်၊ ၂၀၂၃ ခုနှစ်တွင် သက်တမ်းကုန်သည် (“ထပ်တိုးငွေထုတ်ကာလ”)။ သက်ဆိုင်ရာ ငွေထုတ်ကာလ သို့မဟုတ် ထပ်တိုးငွေထုတ်ကာလအတွင်း ငွေထုတ်ရန် ပျက်ကွက်ခြင်းသည် ဤသဘောတူညီချက်တွင် ဖော်ပြသည့်အတိုင်း ငွေကြေး၊ စွန့်လွှတ်ရခြင်း သို့မဟုတ် နှစ်မျိုးလုံးဖြစ်နိုင်သည်။ သုံးစွဲသူများသည် အက်ပ်ပေါ်ရှိ ၎င်းတို့၏ အလုပ်မှတ်တမ်းကို ဖတ်ရှုခြင်း၊ ရှိပါက အလုပ်ပြီးမြောက်သည့်ရက်စွဲ နှင့် အလုပ်စဥ်းစားသည့်ပမာဏတို့ကို ဖော်ထုတ်ခြင်းဖြင့် စဥ်းစားပေးမှု၏ သက်တမ်းကို စောင့်ကြည့်နိုင်သည်။ 

နှောင့်နှေးသော ငွေထုတ်ယူမှုများအတွက် ဒဏ်ကြေးများ။ အကယ်၍ မည်သည့် သုံးစွဲသူမဆို ရရှိနိုင်သည့် စဥ်းစားမှုများကို သက်ဆိုင်ရာ ငွေထုတ်ကာလ သို့မဟုတ် ထပ်တိုးငွေထုတ်ကာလအတွင်း ထုတ်ယူရန် ပျက်ကွက်ပါက (“သက်တမ်းရင့်ငွေကြေးများ”)၊ PDC သည် သက်တမ်းရင့်ငွေကြေးများ မထုတ်ယူသည့် တစ်နှစ်ချင်းစီတိုင်းအတွက် တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ ၁ ဒေါ်လာ ကောက်ယူမည်ဖြစ်သည်။​ 

ငွေထုတ် နောက်ဆုံးအချိန်များအတွက် ကင်းလွတ်ခြင်း။  အကယ်၍ PDC မှ သုံးစွဲသူ PDC နှင့် အကောင့်ပြုလုပ်သည့် နေရာတွင် သုံးစွဲသူမှ ပြင်ပငွေပေးချေမှုဝန်ဆောင်မှု သို့မဟုတ် PDC မှ သတ်မှတ်ထားသည့် အနည်းဆုံးငွေထုတ်ပမာဏအား သက်မှတ်ထားသည့် အချိန်ကန့်သတ်ချက်များအတွင်း (ငွေထုတ်ကာလ သို့မဟုတ် ထပ်တိုးငွေထုတ်ကာလ) ထုတ်ယူရန် လုံလောက်သော အလုပ်များအား PDC မှ​ မပေးအပ်ခြင်းကြောင့် သုံးစွဲသူမှ​ငွေမထုတ်နိုင်ပါက သုံးစွဲသူသည် [email protected] မှ တစ်ဆင့် PDC အားဆက်သွယ်ပြီး ငွေထုတ် နောက်ဆုံးအချိန်များ နှင့်/သို့မဟုတ် ဒဏ်ကြေးများအတွက် ကင်းလွတ်ခွင့်တောင်းဆိုနိုင်သည်။ PDC သည် ၎င်း၏ ကိုယ်ပိုင်ဆုံးဖြတ်မှုဖြင့်၊ (၁) ကာလတစ်ခုအတွက် ဒဏ်ကြေးများ လျော့ပေါ့ခြင်း၊ သို့မဟုတ် (၂)  အကယ်၍ PDC မှ သုံးစွဲသူ၏ စစ်မှန်မှုကို အတည်ပြုနိုင်သည့် လုံလောက်သော အချက်အလက်များ နှင့် ငွေလွှဲပြောင်းမှုအတွက် လုံလောက်သော အချက်အလက်များ သုံးစွဲသူမှ ပေးအပ်ပါက၊ ACH သို့မဟုတ် wire လွှဲပြောင်းမှု သို့မဟုတ်  PDC မှ ဆုံးဖြတ်သည့် အခြား ငွေပေးချေမှုနည်းလမ်းများဖြင့် သုံးစွဲသူအား ငွေပေးချေရန် စီစဥ်ခြင်း၊ ၎င်းကဲ့သို့ ငွေလွှဲပြောင်းမှုများကို အလုပ်တွင်် ဖော်ပြထားသည့် ငွေကြေးဖြင့် လုပ်ဆောင်မည်ဖြစ်သည်။ 

အကယ်​၍ PDC မှ သုံးစွဲသူ၏ စဥ်းစားပေးမှုဆိုင်ရာ ပြဿနာတစ်ခု လုပ်ဆောင်ခဲ့သည်ဟု သုံးစွဲသူမှ​ယုံကြည်ပါက၊ သုံးစွဲသူသည် http://[email protected] မှ တဆင့် အကူအညီအတွက် PDC ကို ဆက်သွယ်သင့်သည်။ 

သုံးစွဲသူသည် PDC ၏ ဝန်ထမ်းမဟုတ်ပါ။ သုံးစွဲသူသည် ဝန်ဆောင်မှုသုံးစွဲခြင်းနှင့် သက်ဆိုင်သည့် အခွန်များ သို့မဟုတ် တာဝန်များအတွက် နှင့် အလုပ်ပြီးမြောက်ခြင်းအတွက် ရရှိသည့် မည်သည့် စဥ်းစားမှုမဆိုအတွက် တာဝန်ရှိသည်။​ PDC သည် အမေရိကန်ပြည်ထောင်စုရှိ ဖောင် ၁၀၉၉ ကဲ့သို့ အခွန်စာရွက်စာတမ်းများကို သုံးစွဲသူများထံ ပေးပို့နိုင်သည်။

ပြင်ဆင်မှုများ၊ ပြောင်းလဲမှုများ နှင့် ယာယီရပ်တန့်ခြင်းများ 

PDC သည် မည်သည့် လုပ်ဆောင်ချက်၊ အချက်အလက်ဘေ့စ် သို့မဟုတ် အကြောင်းအရာ တစ်ခုခုရှိ ရရှိမှုအပါအဝင် ဝန်ဆောင်မှုအား မည်သည့်အချိန်တွင်မဆို ပြောင်းလဲခြင်း၊ ယာယီရပ်တန့်ခြင်း သို့မဟုတ် ပိတ်သိမ်းခြင်း လုပ်ဆောင်နိုင်သည်။ PDC သည် အသိပေးခြင်းမရှိပဲ သို့မဟုတ် ဝတ္တရားမရှိပဲ ဝန်ဆောင်မှု၏ လုပ်ဆောင်ချက်အချို့အပေါ် ကန့်သတ်ချက်များ ထားရှိခြင်း သို့မဟုတ် ဝန်ဆောင်မှု၏ အချို့ သို့မဟုတ် အားလုံးအပေါ် သုံးစွဲသူ၏ ရရှိနိုင်မှုကို ကန့်သတ်ခြင်းတို့အား လုပ်ဆောင်နိုင်သည်။ 

PDC သည် ဆိုဒ်၊ ပလက်ဖောင်း သို့မဟုတ် အက်ပ်မှတဆင့် အသိပေးချက်တင်ခြင်း သို့မဟုတ် အီးမေးလ် သို့မဟုတ် စာတိုက်ဖြင့် အသိပေးချက်အား သုံးစွဲသူထံ ပေးပို့ခြင်းတို့ဖြင့် ဤသဘောတူညီချက်အား မည်သည့်အချိန်တွင်မဆို ၎င်း၏ ကိုယ်ပိုင်ဆုံးဖြတ်ချက်ဖြင့် ပြင်ဆင်နိုင်သည့် အခွင့်အရေးရှိသည်။ သုံးစွဲသူသည် ၎င်းကဲ့သို့ ပြင်ဆင်မှုများအား ဖတ်ရှုခြင်း နှင့် ကျွမ်းဝင်ရန်ပြုလုပ်ခြင်းတို့အတွက် တာဝန်ရှိသည်။ အဆိုပါ အသိပေးချက်များရရှိပြီးနောက် သုံးစွဲသူ၏ ဝန်ဆောင်မှုသုံးစွဲခြင်းအတွင် ပြင်ဆင်ထားသည့်အတိုင်း ဤသဘောတူညီချက်ရှိ စည်းမျဥ်းများ နှင့် အခြေအနေများကို လက်ခံခြင်း ပါဝင်သည်။ 

အက်ပ်၊ ဆိုဒ် နှင့် ပလက်ဖောင်း အကြောင်းအရာ နှင့် အသိဉာဏ်ပစ္စည်းပိုင်ဆိုင်မှု 

ဝန်ဆောင်မှုမှတဆင့် PDC မှ ပေးအပ်သော သို့မဟုတ် အက်ပ်၊ ဆိုဒ် သို့မဟုတ် ပလက်ဖောင်းတို့မှတဆင့် PDC မှ ရရှိအောင်ပြုလုပ်ပေးသော ပစ္စည်းအမှတ်အသားများ၊ စာသား၊ ဂရပ်များ နှင့် ရုပ်ပုံများ၊ အချက်အလက်၊ ကိန်းဂဏန်းများ၊ လိုဂိုများ၊ ခလုပ်ပုံများ၊ ရုပ်ပုံများ၊ အသံဖိုင်များ၊ ဒစ်ဂျစ်တယ်ဒေါင်းလုတ်များ၊ အချက်အလက်စုစည်းမှုများ၊ ပစ္စည်းများ နှင့် ဆော့ဖ်ဝဲလ်များ နှင့် ၎င်းတို့ကဲ့သို့ (စုပေါင်း၍၊ “အကြောင်းအရာ”)အား မူပိုင်ခွင့်များ၊ ပစ္စည်းအမှတ်အသားများ၊ ဝန်ဆောင်မှုအမှတ်အသားများ၊ တဦးတည်းပိုင်ဆိုင်ခွင့်၊ ကုန်သွယ်ရေး လျှို့ဝှက်ချက်များ သို့မဟုတ် အခြားပိုင်ဆိုင်မှုဆိုင်ရာ အခွင့်အရေးများ နှင့် ဥပဒေများမှ ကာကွယ်ထားသည်။ PDC မှ စာဖြင့် ခွင့်ပြုထားခြင်းမရှိပါက၊  သုံးစွဲသူသည် အဆိုပါ အကြောင်းအရာများအား ရောင်းချခြင်း၊​ လိုင်စင်လုပ်ခြင်း၊ ငှားရမ်းခြင်း၊ ပြုပြင်ခြင်း၊​ဖြန့်ဖြူးခြင်း၊​ ကူးယူခြင်း၊​ ပြန်လည်ပြုလုပ်ခြင်း၊ ထုတ်လွှင့်ခြင်း၊​ လူသိရှင်ကြား ဖော်ပြခြင်း၊ လူသိရှင်ကြား လုပ်ဆောင်ခြင်း၊ ထုတ်ဝေခြင်း၊ ပြောင်းလဲခြင်း၊ ပြုပြင်ခြင်း သို့မဟုတ် သဏ္ဍာန်တူများဖန်တီးခြင်း မလုပ်ဆောင်ရန် သဘောတူညီပြီး PDC ၏ ပစ္စည်းအမှတ်အသားများအား  PDCသို့မဟုတ် ၎င်း၏ ထုတ်ကုန်များ နှင့် ဝန်ဆောင်မှုများကို ရည်ညွှန်းရန်မှ အပ အခြားအရာများအတွက် အသုံးမပြုရန် သဘောတူသည်။ သုံးစွဲသူသည် မူပိုင်ခွင့် နှင့် ပါဝင်သော အခြား ပိုင်ဆိုင်မှုဆိုင်ရာ အသိပေးချက်များကို လိုက်နာပါက ၎င်း၏ ကိုယ်ပိုင် စီးပွားရေးမဟုတ်သော အချက်အလက်ဆိုင်ရာ ရည်ရွယ်ချက်များအတွက် အက်ပ်၊ ဆိုဒ် သို့မဟုတ် ပလက်ဖောင်းမှ အကြောင်းအရာများ၏ သင့်လျော်သောကန့်သတ်ပမာဏအပွားများကို ပရင့်ထုတ်ခြင်း သို့မဟုတ် ဒေါင်းလုတ်ဆွဲခြင်း လုပ်ဆောင်နိုင်သည်။ အခြားရည်ရွယ်ချက်များအတွက် အက်ပ်၊ ဆိုဒ် သို့မဟုတ် ပလက်ဖောင်းပေါ်ရှိ မည်သည့် အကြောင်းအရာ၊ ပစ္စည်းများ သို့မဟုတ် ဒီဇိုင်းပုံစံများကိုမဆို ပြန်လည်ထုတ်လုပ်ခြင်း၊ ကူးယူခြင်း သို့မဟုတ် ဖြန့်ချီခြင်းအား PDC ၏ စာဖြင့် ကြိုတင်ခွင့်ပြုချက်မရှိပါက တင်းကျပ်စွာ ပိတ်ပင်သည်။ 

ဤသဘောတူညီချက်တွင် ရှင်းလင်းစွာ ခွင့်မပြုထားသော အခြားမည်သည့်ရည်ရွယ်ချက်မဆိုအတွက် အကြောင်းအရာအသုံးပြုခြင်းအား တားမြစ်ထားသည်။ ဤတွင်တိကျစွာ မဖော်ပြထားသော မည်သည့်အခွင့်အရေးမဆိုအား ထိန်းချုပ်ထားသည်။​

ဤနေရာတွင် အတိအလင်း သတ်မှတ်ချက်များမှအပ၊​ PDC သီးသန့် (နှင့် ၎င်း၏ လိုင်စင်ထုတ်ပေးသူများ၊ သက်ဆိုင်ပါက) သည် ဝန်ဆောင်မှုနှင့်သက်ဆိုင်သည့်အသိဉာဏ်ပစ္စည်း မူပိုင်ခွင့်အားလုံးကို ပိုင်ဆိုင်သည်။ အက်ပ်၊ ဆိုဒ် သို့မဟုတ် ပလက်ဖောင်းပေါ်တွင် ပါဝင်သော အကြောင်းအရာအားလုံးသည် PDC သို့မဟုတ် ၎င်း၏ အကြောင်းအရာထောက်ပံ့ပေးသူများ၏ ပိုင်ဆိုင်မှုဖြစ်သည်။ အက်ပ်၊ ဆိုဒ် သို့မဟုတ် ပလက်ဖောင်းပေါ်ရှိ အကြောင်းအရာအားလုံး၏ စုပေါင်းမှုသည် PDC ၏ သီးသန့်ပိုင်ဆိုင်မှုဖြစ်သည်။ 

ဤသဘောတူညီချက်သည် ရောင်းချခြင်းမဟုတ်ပဲ၊ ဝန်ဆောင်မှု၊ မည်သည့်အကြောင်းအရာ သို့မဟုတ် မည်သည့် အသိဉာဏ်ပစ္စည်းပိုင်ဆိုင်မှုအခွင့်အရေးမဆို ဆိုင်ရာ ပိုင်ဆိုင်မှုအခွင့်အရေးကိုမှ မပေးအပ်ပါ။ 

သုံးစွဲသူအကြောင်းအရာ 

အကယ်၍ သုံးစွဲသူသည် အက်ပ်၊ ဆိုဒ် သို့မဟုတ် ပလက်ဖောင်းထံသို့ အကြောင်းအရာပေးအပ်ပါက သို့မဟုတ် အလုပ်နှင့်ပတ်သက်၍ အကြောင်းအရာပေးအပ်ပါက (“သုံးစွဲသူအကြောင်းအရာ”)၊ PDC (နှင့် ၎င်း၏ နောက်ဆက်တွဲလုပ်ကိုင်သူများ နှင့် တာဝန်ပေးသူများ) အား အဆိုပါ သုံးစွဲသူအကြောင်းအရာ (သက်ဆိုင်ရာအသိဉာဏ်ပိုင်ဆိုင်မှုအခွင့်အရေးများအပါအဝင်)များကို မည်သည့်အကြောင်းအရင်းအတွက်ဖြစ်စေ အပြည့်အဝ အသုံးချရန် နှင့် ပြန်လည် လိုင်စင်ပြုလုပ်ရန် နှင့် အခြားသူများအား​၎င်းကဲ့သို့ လုပ်ဆောင်ခြင်း ခွင့်ပြုရန် (အလုပ်များကို စီမံရန် PDC နှင့် ဆက်ဆံသော မည်သည့်အဖွဲ့အစည်းမဆို နှင့် ၎င်းအဖွဲ့အစည်း၏ သုံးစွဲသူများ သို့မဟုတ် ဝန်ဆောင်မှုရယူသူများအပါအဝင်)  တစ်ဦးတည်းသီးသန့် မဟုတ်သော၊ ကမ္ဘာတစ်ဝန်း၊ တစ်သမတ်တည်း၊ ပြန်ရုတ်သိမ်း၍မရသော၊ အခကြေးငွေမပါသော၊ လွှဲပြောင်းနိုင်သော အခွင့်အရေးကို ပေးအပ်သည်။ သုံးစွဲသူသည် ရှိပါက၊ သုံးစွဲသူအကြောင်းအရာရှိ မည်သည့်ကိုယ်ကျင့်တရားဆိုင်ရာအခွင့်အရေးမဆို သို့မဟုတ် အများပြည်သူသိရှိစေခြင်းအခွင့်အရေးမဆို နှင့် သုံးစွဲသူတွင်ရှိနိုင်သည့် မည်သည့်ပင်ကိုအခွင့်အရေးမဆိုကို စွန့်လွှတ်သည်။​ PDC သည် အက်ပ်၊ ဆိုဒ် သို့မဟုတ် ပလက်ဖောင်းမှ မည်သည့် သုံးစွဲသူအကြောင်းအရာကို မည်သည့်အချိန်တွင်မဆို၊ မည်သည့်အကြောင်းအရင်းအတွက်မဆို (အဆိုပါ သုံးစွဲသူအကြောင်းအရာဆိုင်ရာ ပြင်ပ အဖွဲ့အစည်းများ သို့မဟုတ် အာဏာပိုင်များမှ တောင်းဆိုမှုများ သို့မဟုတ် စွပ်စွဲမှုများရရှိပြီးနောက် အပါအဝင်) သို့မဟုတ် မည်သည့်အကြောင်းအရင်းမရှိပဲ ဖြစ်စေ ဖယ်ရှားရန် အခွင့်အရေးရှိသည်။ 

သုံးစွဲသူသည် ဖော်ပြပါအချက်များကို ကိုယ်စားပြုပြီး အာမခံသည်၊ (က) သုံးစွဲသူတွင် ၎င်း၏ သုံးစွဲသူအကြောင်းအရာကို PDC၊​အက်ပ်၊ ဆိုဒ် နှင့် ပလက်ဖောင်းထံသို့ ထည့်ဝင်ရန် အခွင့်အရေး၊ ပိုင်ဆိုင်မှု နှင့် အာဏာတို့ရှိပြီး ဖော်ပြပါ လိုင်စင်နှင့် သက်ဆိုင်ရာ အခွင့်အရေး၊ စွန့်လွှတ်မှုများကို ပေးစွမ်းသည်၊ (ခ) သုံးစွဲသူအကြောင်းအရာသည် မည်သည့် ပြင်ပ အဖွဲ့အစည်း၏ အခွင့်အရေးများကိုမဆို မထိခိုက် သို့မဟုတ် မချိုးဖောက်ပါ နှင့်/သို့မဟုတ် PDC၊ ၎င်း၏ ဝန်ထမ်းများ၊ ကန်ထရိုက်များ၊ အရာရှိများ၊ ညွှန်ကြားရေးမှူးများ၊ ကိုယ်စားလှယ်များ သို့မဟုတ် အဖွဲ့ဝင်များ သို့မဟုတ် အလုပ်များစီမံရန် PDC နှင့်လုပ်ဆောင်သည့် ပြင်ပအဖွဲ့အစည်းများ (သို့မဟုတ် ၎င်းပြင်ပအဖွဲ့အစည်းများ၏ သုံးစွဲသူများ သို့မဟုတ် ဖောက်သည်များ)အတွက် ဝတ္တရားမဖန်တီးပါ၊ (ဂ) သုံးစွဲသူအကြောင်းအရာ နှင့် မည်သည့်အလုပ်များကိုမဆို ပြီးမြောက်ခြင်းသည် မည်သည့်ပြင်ပအဖွဲ့အစည်းမဆိုထံ သုံးစွဲသူမှလုပ်ဆောင်ရမည့် ဝတ္တရားမဆိုနှင့် ဖယ်သွေခြင်းမရှိပါ၊ နှင့် (ဃ) သုံးစွဲသူအကြောင်းအရာ သို့မဟုတ် မျှဝေထည့်ဝင်မှု နှစ်ခုစလုံးသည် မည်သည့် ဥပဒေများ သို့မဟုတ် စည်းမျဥ်းများကို ဖောက်ဖျက်ခြင်းမရှိပါ။​

အထက်ရှိ ကိုယ်ရေးကိုယ်တာကဏ္ဍတွင် ဖော်ပြထားသည့်အတိုင်း၊ မည်သည့်သုံးစွဲသူအကြောင်းအရာတွင်မဆို ကိုယ်ရေးကိုယ်တာအချက်အလက်ပါရှိပါက၊​ ၎င်းကိုယ်ရေးကိုယ်တာအချက်အလက်ကို PDC မှ ကိုယ်ရေးကိုယ်တာမူဝါဒနှင့်အညီ ဆောင်ရွက်မည်ဖြစ်သည်။

သုံးစွဲသူသည် ဤတွင် သုံးစွဲသူအကြောင်းအရာတွင်ပါရှိသော ၎င်းတို့၏ မည်သည့်ကိုယ်ရေးကိုယ်တာအချက်အလက်မဆိုအား ဖော်ပြပါ အကြောင်းအရာများအတွက် လုပ်ဆောင်နိုင်ကြောင်း သိရှိပြီး ၎င်း၏ ခွင့်ပြုချက်ကို လွတ်လပ်စွာ ပေးအပ်သည်: (က) ဤ  သဘောတူညီချက်တွင် ဖော်ပြထားသည့်ရည်ရွယ်ချက်များအတွက် PDC မှ​အသုံးပြုနိုင်သည်၊ နှင့် (ခ) PDC မှ ၎င်း၏ ဖောက်သည်များ (ပြီးနောက်  တစ်ဖန် ၎င်းတို့၏ ဖောက်သည်များ) နှင့်  ၎င်းတို့ကိုယ်တိုင် အဆိုပါ အကြောင်းအရာများကို သုံးစွဲရန် (အဆိုပါ သုံးစွဲသူအကြောင်းအရာအား လူမှုကွန်ရက်ပလက်ဖောင်းများ နှင့် အခြားအများပြည်သူဆိုင်ရာဖိုရမ်များအတွင် တင်ခြင်းအပါအဝင်) အတွက် မျှဝေနိုင်သည်။ ဤသဘောတူညီချက်ကို စာရင်းသွင်းခြင်းတွင် အဆိုပါ သုံးစွဲသူ၏ ကိုယ်ရေးကိုယ်တာအချက်အလက်ကို ဤစာပိုဒ်တွင်ဖော်ပြထားသည့်သုံးစွဲအတွက် သုံးစွဲသူမှ အပြုသဘော သဘောတူညီချက်ပေးအပ်မှုပါဝင်သည်။ 

သုံးသပ်ချက်

သုံးစွဲသူသည် PDC အား မည်သည့်အကြောင်းအရင်းအတွက်မဆို  အသိဉာဏ်ပိုင်ဆိုင်မှုအခွင့်အရေးဆိုင်ရာအားလုံးအပါအဝင် သင် သို့မဟုတ် ဝန်ဆောင်မှုနှင့် သက်ဆိုင်သည့် ပြင်ပအဖွဲ့အစည်းမှ ပေးအပ်သော မည်သည့် အကြံပေးချက်၊ အကြံဉာဏ်များ၊ မြှင့်တင်ရေး တောင်းဆိုမှုများ၊ သုံးသပ်ချက်၊ အကြံပြုချက်များ သို့မဟုတ် အခြားအချက်အလက်များ (စုပေါင်း၍ “သုံးသပ်ချက်”)အား အပြည့်အဝ အသုံးချရန်၊ လိုင်စင်ပြန်လည်ချထားရန်၊  တစ်ဦးတည်းသီးသန့် မဟုတ်သော၊ ကမ္ဘာတစ်ဝန်း၊ တစ်သမတ်တည်း၊ ပြန်ရုတ်သိမ်း၍မရသော၊ အခကြေးငွေမပါသော၊ လွှဲပြောင်းနိုင်သော အခွင့်အရေးပေးသည်။​ အကယ်၍​ သုံးစွဲသူသည် PDC အား သုံးသပ်ချက်ပေးရန် ရွေးချယ်ပါက၊ PDC သည် မည်သည့် ဝတ္တရား သို့မဟုတ် စဥ်းစားမှုမရှိပဲ သုံးသပ်ချက်အပေါ် လုပ်ဆောင်နိုင်သည်။ ပေးအပ်ထားသော မည်သည့် သုံးသပ်ချက်မဆိုအား အရေးမကြီးသော အကြောင်းအရာအဖြစ် မှတ်ယူမည်ဖြစ်ပြီး၊ PDC သည် ၎င်းကဲ့သို့ အချက်အလက်အား ကန့်သတ်ချက်မရှိသောအခြေအနေဖြင့် လွတ်လပ်စွာ အသုံးပြုနိုင်သည်။ သုံးစွဲသူသည် သုံးသပ်ချက်ရှိ မည်သည့် ကိုယ်ကျင့်တရားအခွင့်အရေး သို့မဟုတ် အများသိစေနိုင်ခြင်းဆိုင်ရာ အခွင့်အရေး၊ ရှိပါက နှင့် သုံးစွဲသူတွင် ရှိနိုင်သည့် မည်သည့်ပင်ကို အခွင့်အရေးမဆို စွန့်လွှတ်သည်။ 

သင်ကျွန်ုပ်တို့ထံပေးအပ်သော မည်သည့်သုံးသပ်ချက်မဆိုသည် မူပိုင်ခွင့်၊ ပစ္စည်းအမှတ်တံဆိပ်၊ ကိုယ်ရေးကိုယ်တာ သို့မဟုတ် အခြားအခွင့်အရေးများအပါအဝင် မည်သည့် ပြင်ပအဖွဲ့အစည်း၏ အခွင့်အရေးများကို မဖောက်ဖျက်ကြောင်း သင် ကိုယ်စားပြုသည်။  

အသိဉာဏ်တု နှင့် အချက်အလက်ဆန်းစစ်ခြင်း 

ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာ မူဝါဒတွင် ဖော်ပြထားသည့်အတိုင်း၊ PDC သည် ပုံရိပ်များ၊ ဗီဒီယိုများ၊ ဖမ်းယူမှုများ၊ စခရင်ရှော့များ နှင့် ဓာတ်ပုံများအပါအဝင် ၎င်းတို့ကောက်ခံသည့် နှင့်/သို့မဟုတ် သုံးစွဲသူမှ ပေးအပ်သည့် အချက်အလက်များကို အသိဉာဏ်တု အသုံးပြုခြင်းဖြင့် ဆန်းစစ်နိုင်သည်၊ PDC ၏ ဖောက်သည်များ (နှင့် ၎င်းတို့၏ ဖောက်သည်များ) သည်လည်း PDC မှ​ ၎င်းတို့ထံ ပေးအပ်သော အချက်အလက်ကို ဆန်းစစ်ရာတွင် အသိဉာဏ်တုကို အသုံးပြုနိုင်သည်။ 

သုံးစွဲသူ အခက်အခဲ၊ အန္တရာယ်ကင်းရှင်းမှု နှင့် အန္တရာယ်များရှောင်ရှားခြင်း 

အကယ်၍ သုံးစွဲသူမှ အလုပ်များဆောင်ရွက်ရာတွင် အခက်အခဲ ကြုံတွေ့ရပါက PDC မှ ၎င်းတို့၏ ကိုယ်ပိုင် ဆုံးဖြတ်ချက်ဖြင့် သုံးစွဲသူကို ကူညီနိုင်သည်။ ဥပမာအားဖြင့်၊​ ၎င်းကဲ့သို့ အခက်အခဲတွင် ပစ္စည်းအသစ်ရယူခြင်း၊ ဆုံးရှုံးသွားသော သို့မဟုတ် ထိခိုက်ထားသော ပစ္စည်းကို အစားထိုးခြင်း၊ သို့မဟုတ် ပြင်းထန်သော ခန္ဓာကိုယ်ထိခိုက်မှု၊ တကိုယ်ရည်ပစ္စည်းထိခိုက်မှု၊ ဆုံးရှုံးမှု သို့မဟုတ် ဒဏ်ကြေးများ သို့မဟုတ် ပြစ်ဒဏ်များအတွက် လျော်ပေးမှုများ ပါဝင်နိုင်သည်။ ၎င်းကဲ့သို့ အကူအညီတောင်းခံရန်အတွက်၊​ PDC အား [email protected] တွင် ကျေးဇူးပြုပြီး ဆက်သွယ်ပါ။ 

အန္တရာယ်ကင်းရှင်းမှု နှင့် တရားဥပဒေအား အလုံးစုံလိုက်နာမှုသည် PDC တွင် ဦးစားပေးများဖြစ်သည်။ အချိန်တိုင်းတွင် သုံးစွဲသူများသည် ၎င်းတို့ကိုယ်တိုင် နှင့် အခြားသူများအတွက် အန္တရာယ်ကင်းရှင်းသော၊ တာဝန်ယူမှုရှိသော၊ သုံးစွဲသူ သို့မဟုတ် အခြားပြင်ပအဖွဲ့အစည်းများအား ခန္ဓာကိုယ် ထိခိုက်မှု သို့မဟုတ် မည်သည့်ပိုင်ဆိုင်မှုမဆို ထိခိုက်မှုမရှိစေနိုင်သည့် ပုံစံဖြင့် လုပ်ဆောင်သင့်သည်။ PDC သည် ခန္ဓာကိုယ်ထိခိုက်ခြင်း၊ ကိုယ်ရေးကိုယ်တာ ချိုးဖောက်ခြင်း သို့မဟုတ် ပိုင်ဆိုင်မှုထိခိုက်စေနိုင်သည့် လုပ်ရပ်များကို မည်သည့်ပုံစံဖြင့်မဆို တိုက်တွန်းခြင်း သို့မဟုတ် အားပေးခြင်းမလုပ်ပါ။ သုံးစွဲသူများသည် အာမခံထိန်းသိမ်းခြင်း နှင့် ပိုင်နက်မကျူးကျော်ခြင်း၊ တရားမဝင်လုပ်ရပ်များ မလုပ်ခြင်း သို့မဟုတ် အန္တရာယ်မကင်းသော လုပ်ရပ် သို့မဟုတ် သုံးစွဲသူ သို့မဟုတ် ယာဥ်မောင်းခြင်း သို့မဟုတ် ယာဥ် လည်ပတ်ခြင်းအပါအဝင် အခြားသူများအား မည်သည့် အန္တရာယ်မဆို ဖြစ်စေနိုင်သည့် လုပ်ရပ်များကို မလုပ်ခြင်း တို့အပါအဝင် အချိန်တိုင်းတွင် ဥပဒေကို လိုက်နာရမည်ဖြစ်သည်။ သုံးစွဲသူသည် အာရုံလွင့်နေစဥ် ယာဥ်မောင်းခြင်း သို့မဟုတ် ယာဥ်လည်ပတ်ခြင်း မပြုလုပ်ရပါ၊ ပြီးနောက် ဖုန်း သို့မဟုတ် အခြား အီလက်ထရောနစ်ပစ္စည်းသုံးစွဲနေစဥ်တွင် ယာဥ်မောင်းခြင်း သို့မဟုတ် ယာဥ်လည်ပတ်ခြင်း မလုပ်ရပါ။ 

ကန့်သတ်ချက်များ 

သုံးစွဲသူသည် တရားဥပဒေ နှင့် မညီညွတ်သော သို့မဟုတ် ဤသဘောတူညီချက်မှ တားမြစ်ထားသော သို့မဟုတ် PDC သို့မဟုတ် အခြားသူများ၏ အခွင့်အရေးများကို ချိုးဖျောက်သော မည်သည့်ရည်ရွယ်ချက်မဆိုအတွက် ဝန်ဆောင်မှု သို့မဟုတ် မည်သည့်အကြောင်းအရာကိုမှ အသုံးမပြုရ။ 

သုံးစွဲသူသည် အောက်ပါများကို မလုပ်ဆောင်ရန်လည်း သဘောတူညီသည်: 

    • ဝန်ဆောင်မှု သို့မဟုတ် PDC ၏ ကွန်ပျူတာစနစ်များ၏ အများပြည်သူဆိုင်ရာမဟုတ်သည့်နေရာများကို ရယူခြင်း၊ ပြုပြင်ခြင်း သို့မဟုတ် အသုံးပြုခြင်း၊ 
    • PDC စနစ် သို့မဟုတ် ကွန်ရက်၏ အားနည်းချက်ကို သက်သေပြရန်၊ ဖတ်ရှုရန် သို့မဟုတ် စစ်ဆေးရန် ကြိုးပမ်းခြင်း သို့မဟုတ် မည်သည့် လုံခြုံရေး သို့မဟုတ် အစစ်အမှန်ဖြစ်ကြောင်းအတည်ပြုရေးဆောင်ရွက်ချက်များကို မဆို ချိုးဖောက်ခြင်း၊ 
    • ဝန်ဆောင်မှု သို့မဟုတ် အကြောင်းအရာများအား ကာကွယ်ရန် PDC မှ လုပ်ဆောင်ထားသည့် မည်သည့် နည်းပညာလုပ်ဆောင်မှုများမဆိုအား ရှောင်တိမ်းရန် ကြိုးပမ်းခြင်း၊​ 
    • ဝန်ဆောင်မှုမှ အသုံးပြုသည့် မည်သည့်ဆော့ဖ်ဝဲလ်မဆိုအား ဖြုတ်ရန်၊ ခွဲထုတ်ရန် သို့မဟုတ် ပြောင်းပြန်ဖန်တီးရန် ကြိုးပမ်းခြင်း၊ 
    • တည်ဆဲ နိုင်ငံ၊ ပြည်နယ်၊​ ဒေသတွင်း သို့မဟုတ် နိုင်ငံတကာ ဥပဒေ သို့မဟုတ် စည်းမျဥ်းကို ချိုးဖောက်ခြင်း၊ 
    • လူတစ်ဦးတစ်ယောက်၏ ကိုယ်ရေးကိုယ်တာအား ကျူးကျော်ခြင်း၊ 
    • လူပုဂ္ဂိုလ်များတွင် ကိုယ်ရေးကိုယ်တာ လုံခြုံမှုအတွက် သင့်လျော်သော မျှော်လင့်ချက်ရှိသည့် နေရာ သို့မဟုတ် အများပြည်သူဆိုင်ရာမဟုတ်သည့် နေရာတို့ကို ဝင်ရောက်ခြင်း၊ သို့မဟုတ် 
    • အထက်တွင်ဖော်ပြထားသော မည်သည့်အရာများကိုမဆို လုပ်ဆောင်ရန် မည်သူမဆိုအား အားပေးခြင်း သို့မဟုတ် လုပ်ဆောင်စေခြင်း။ 

စာရင်းသွင်းခြင်း နှင့် လုံခြုံရေး 

မည်သည့်အလုပ်ကိုမဆို သုံးသပ်ခြင်း သို့မဟုတ် ပြီးမြောက်ခြင်းအတွက် အခြေအနေတစ်ခုအဖြစ်၊ သုံးစွဲသူသည် အက်ပ်ကို ဒေါင်းလုတ်ဆွဲရန်၊ အကောင့်တစ်ခုဖွင့်ရန်၊ မွေးရက်ပေးအပ်ရန် နှင့် တည်နေရာဝန်ဆောင်မှုများအပါအဝင် အချို့သောစမတ်ဖုန်းလုပ်ဆောင်ချက်များ ရယူခွင့်ပေးရန် လိုအပ်သည်။ သုံးစွဲသူတည်ရှိသည့်နေရာအပေါ်မူတည်၍၊ သုံးစွဲသူသည် (က) Google သို့မဟုတ် Apple အကောင့်အကြောင်းအရာများ ပေးအပ်ရန် သို့မဟုတ် (ခ) PDC နှင့် အကောင့်ဝင်ပြီး လျှို့ဝှက်ကုဒ်နှင့် သုံးစွဲသူအမည် (“PDC သုံးစွဲသူ ID”) လုပ်ဆောင်ရန် လိုအပ်သည်။ 

ပလက်ဖောင်းကို သုံးစွဲရန် အခြေအနေတစ်ခုအဖြစ်၊ သုံးစွဲသူသည် အကောင့်တစ်ခုဖန်တီးရန် လိုအပ်နိုင်ပြီး အမည်၊ မွေးရက်၊ လိပ်စာ၊ ဆက်သွယ်ရန် အချက်အလက် (ဖုန်း နှင့် အီးမေးလ်) ပေးအပ်ရန် အပါအဝင် နှင့် PDC သုံးစွဲသူ ID နှင့် လျှို့ဝှက်ကဒ်ရွေးချယ်ရန်လိုအပ်နိုင်သည်။ 

သုံးစွဲသူသည် PDC အား မှန်ကန်၊ ပြည့်စုံ ပြီး နောက်ဆုံးပေါ်ဖြစ်သော စာရင်းသွင်းအချက်အလက်ပေးအပ်ရမည်။ ၎င်းကဲ့သို့ လုပ်ဆောင်ရန် ပျက်ကွက်ခြင်းသည် ဤသဘောတူညီချက်ကို ဖောက်ဖျက်ခြင်းဖြစ်ပြီး သုံးစွဲသူအကောင့်အား ချက်ချင်းဖျက်သိမ်းခြင်း ဖြစ်နိုင်သည်။ 

သုံးစွဲသူသည် ဖော်ပြပါ အချက်များကို မပြုလုပ်ရပါ (က) အခြားသူတစ်ဦးအဖြစ် ဟန်ဆောင်ရန် ရည်ရွယ်ချက်ဖြင့် အခြားသူတစ်ဦး၏ အမည်ဖြင့် PDC သုံးစွဲသူ ID ရွေးချယ်ခြင်း သို့မဟုတ် အသုံးပြုခြင်း၊ (ခ) သင့်လျော်သော ခွင့်ပြုချက်မရှိပဲ  သုံးစွဲသူမဟုတ်ပဲ အခြားသူတစ်ဦး၏ အခွင့်အရေးရှိသည့် အမည်ဖြင့် PDC သုံးစွဲသူ ID အသုံးပြုခြင်း၊ သို့မဟုတ် (ဂ) အခြားသူတစ်ဦး၏ အချက်အလက်များ အသုံးပြုခြင်း သို့မဟုတ် မည်သည့်နည်းလမ်းနှင့်မဆို အခြားသူတစ်ဦးအဖြစ် ဟန်ဆောင်ခြင်း။ PDC သည်  ၎င်း၏ ကိုယ်ပိုင်ဆုံးဖြတ်ချက်ဖြင့် စာရင်းသွင်းခြင်းကို ငြင်းပယ်ရန် သို့မဟုတ် PDC သုံးစွဲသူ ID သို့မဟုတ် အခြား စာရင်းသွင်းခြင်းကို ပယ်ဖျက်ရန် အခွင့်အရေးရှိသည်။ 

သုံးစွဲသူသည် သုံးစွဲသူ၏ PDC လျှို့ဝှက်ကုဒ် နှင့် အခြားအကောင့်အချက်အလက်တို့၏ လျှို့ဝှက်မှုကို ထိန်းသိမ်းရန် တာဝန်ရှိသည်။​

အမေရိကန်ပြည်ထောင်စုပြင်ပမှ PDC နှင့် စာရင်းသွင်းသည့် မည်သည့်သုံးစွဲသူမဆိုသည်  အမေရိကန် ပြည်ထောင်စုအတွင်းတွင် အက်ပ်အား မသုံးစွဲရန် သို့မဟုတ် ဝန်ဆောင်မှုအား မရယူရန် သဘောတူညီသည်။ 

လျော်ကြေး 

သုံးစွဲသူသည် အလုပ်နှင့်ဆက်စပ်၍  သုံးစွဲသူမှ ဖြစ်စေသည့် ခန္ဓာကိုယ်ထိခိုက်မှု၊ ပိုင်ဆိုင်မှုထိခိုက်ခြင်း သို့မဟုတ် အခြားဆုံးရှုံးမှုများအပါအဝင် ဝန်ဆောင်မှု နှင့်ဆက်စပ်သည့် သုံးစွဲသူ၏ လုပ်ဆောင်ချက်အားလုံးအတွက် တာဝန်ရှိသည်။ တရားဥပဒေမှ​ ခွင့်ပြုထားသည့် ပမာဏအထိ၊ သုံးစွဲသူသည် PDC၊ ၎င်း၏ အဖွဲ့ဝင်များ နှင့် ၎င်း၊ ၎င်းအဖွဲ့ဝင်များ၏ ဝန်ထမ်းများ၊ ကန်ထရိုက်များ၊ ညွှန်ကြားသူများ၊ ထောက်ပံ့သူများ နှင့် ကိုယ်စားလှယ်များအား PDC ၏ ကိုယ်ပိုင်လျစ်လျူရှုမှု သို့မဟုတ် မမှန်ကန်သောလုပ်ဆောင်ချက်ကြောင့်မဟုတ်ပဲ၊ သုံးစွဲသူ၏ (က) ဝန်ဆောင်မှုအား သုံးစွဲမှု သို့မဟုတ် အလွဲသုံးမှု၊ (ခ) ဝန်ဆောင်မှု၏ မည်သည့်အပိုင်းကို မဆိုရယူမှု သို့မဟုတ် (ဂ) ဤသဘောတူညီချက်ကို ချိုးဖောက်မှုကြောင့် ဖြစ်ပေါ်လာသော ဝတ္တရားများ၊ တောင်းဆိုချက်များ နှင့် သင့်တင့်သော ရှေ့နေစရိတ်များ အပါအဝင် ကုန်ကျစရိတ်များမှ ကာကွယ်ခြင်း၊ လျော်ပေးခြင်း နှင့် အပြစ်ကင်းစေခြင်းဖြစ်စေရမည်။ 

အာမခံချက်မသက်ဆိုင်ကြောင်းရှင်းလင်းချက်

တရားဥပဒေမှ လိုအပ်ခြင်းမရှိပါက၊ ဝန်ဆောင်မှု (အကန့်အသတ်မရှိပဲ၊ အက်ပ်၊ ဆိုဒ်၊ ပလက်ဖောင်း နှင့် အခြားဆော့ဖ်ဝဲလ်များအပါအဝင်) ကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ၊ ကုန်သွယ်မှုဆိုင်ရာ၊ အကြောင်းအရာတစ်ခုအတွက် ကြံ့ခိုင်မှု သို့မဟုတ် ချိုးဖောက်မှုမရှိခြင်းဆိုင်ရာ သွယ်ဝိုက်အာမခံချက်များအပါအဝင် မည်သည့် အာမခံချက်အမျိုးအစားမှမရှိပဲ၊ 

 “လက်ရှိ” အခြေအနေဖြင့် ပေးအပ်ခြင်းဖြစ်သည်။ PDC သည် ဖော်ပြပါ အာမခံချက်များ မပြုလုပ်ပါ (က) ဝန်ဆောင်မှုသည် ဗိုင်းရပ်စ်များ သို့မဟုတ် အခြားအန္တရာယ်ရှိသောပါဝင်မှုများ ကင်းလွတ်ခြင်း၊ (ခ) ဝန်ဆောင်မှုသည် မည်သည့်အချိန် သို့မဟုတ် တည်နေရာတွင်မဆို လုံခြုံခြင်း သို့မဟုတ် ရရှိနိုင်ခြင်း၊ (ဂ) မည်သည့် ချို့ယွင်းချက် သို့မဟုတ် ပြဿနာမဆိုအား ပြင်ဆင်ခြင်း၊ သို့မဟုတ် (ဃ) ဝန်ဆောင်မှုသုံးစွဲခြင်း၏ ရလာဒ်များသည် သုံးစွဲသူများ၏ လိုအပ်ချက်များနှင့် ကိုက်ညီခြင်း။ အထူးသဖြင့်၊ PDC သည် ဝန်ဆောင်မှုမှတဆင့် ဖော်ပြသည့် မည်သည့်အချက်အလက်မဆို၏ မှန်ကန်မှု နှင့်သက်ဆိုင်၍ မည်သည့် အာမခံချက်မှ မပြုလုပ်ပါ။ သုံးစွဲသူ၏ ဝန်ဆောင်မှုကို သုံးစွဲမှုသည် သုံးစွဲသူ၏ ချင့်ချိန်သုံးစွဲမှုအပေါ်တွင် မူတည်သည်။ 

အချိ့သော ပြည်နယ်များ သို့မဟုတ် နိုင်ငံများရှိ ဥပဒေများသည် သွယ်ဝိုက်သောအာမခံချက်များအပေါ် ကန့်သတ်ချက်များ သို့မဟုတ် အချို့သော ထိခိုက်မှုများအား ဖယ်ထုတ်ခြင်း သို့မဟုတ် ကန့်သတ်ခြင်းအား ခွင့်မပြုပါ။ အကယ်၍​ ဤဥပဒေများသည် သင့်ကို သက်ရောက်ပါက၊ အထက်ဖော်ပြပါ မသက်ဆိုင်ကြောင်းရှင်းလင်းချက် အျို့ သို့မဟုတ် အားလုံး၊ ဖယ်ထုတ်ချက်များ သို့မဟုတ် ကန့်သတ်ချက်များသည် သင့်အပေါ် မသက်ရောက်ပါ၊ ပြီးနောက် သင်သည် အပိုအခွင့်အရေးများလည်း ရှိနိုင်သည်။ 

တာဝန်ရှိမှု ကန့်သတ်ချက် 

မည်သည့်အခြေအနေတွင်မဆို PDC၊ ၎င်း၏အရာရှိများ၊ ညွှန်ကြားရေးမှူးများ၊ ပိုင်ရှင်များ၊ ဝန်ထမ်းများ၊ ကိုယ်စားလှယ်များ၊ ရောင်းချသူများ သို့မဟုတ် ကုန်ကြမ်းပံ့ပိုးသူများသည် စာချုပ်၊ တရားမနစ်နာမှု၊ အတိအကျတာဝန်ရှိမှု၊ လျစ်လျူရှုမှု သို့မဟုတ် ဝန်ဆောင်မှုနှင့်ပတ်သက်၍ (သို့မဟုတ် 

ဝန်ဆောင်မှုမှ​ရရှိစေရန် လုပ်ဆောင်ပေးထားသည့် မည်သည့်အချက်အလက် သို့မဟုတ် အခြားသတင်းအချက်အလက်မဆို) အခြားဥပဒေရေးရာသတ်မှတ်ချက် တို့အရ တာဝန်ရှိမှု မရှိစေရ- (က) ကြိုတင်ခန့်မှန်းနိုင်စေကာမူ အမြတ်ဆုံးရှုံးခြင်း သို့မဟုတ် အထူးသီးသန့်၊ သွယ်ဝိုက်၍၊ မတော်တဆ၊ ဒဏ်ခတ်မှု သို့မဟုတ် အကျိုးဆက်အရ ထိခိုက်မှုတစ်ခုခု။ (ခ) (မူလရင်းမြစ် မည်သို့ဖြစ်စေကာမူ) အမှား၊ ဗိုင်းရပ်စ်၊ TROJAN ဗိုင်းရပ်စ် သို့မဟုတ် အလားတူအရာများအတွက်၊ (ဂ) အသုံးပြုသူက ဝန်ဆောင်မှု၌ သို့မဟုတ် ၎င်းမှတစ်ဆင့် တင်ထားသော၊ အီးမေးလ်ပို့သော၊ ထုတ်လွှင့်သော သို့မဟုတ် အခြားတစ်နည်းနည်းဖြင့် ရရှိစေသော ဒေတာ သို့မဟုတ် အချက်အလက် တစ်ခုခု၏ အမှား သို့မဟုတ် ချန်လှပ်မှု တစ်ခုခုအတွက် သို့မဟုတ် (ဃ) (စုစုပေါင်း) အမေရိကန်ဒေါ်လာ ၁၀၀  ထက်များသည့် တိုက်ရိုက် ထိခိုက်ဆုံးရှုံးမှု တစ်ခုခုအတွက် (သတ်မှတ်ချက်မှာ အသုံးပြုသူက ဝန်ဆောင်မှု သို့မဟုတ် လုပ်ဆောင်ချက်တစ်ခု အတွက် ငွေပေးချေထားပါက အဆိုပါပေးချေမှုသည်အမေရိကန်ဒေါ်လာ ၁၀၀ ထက်များပါက တာဝန်ရှိမှု အကန့်အသတ်ကို အဆိုပါပမာဏအတိုင်း တိုးမြှင့်သွားရမည်)။ ထို့အပြင် (လျှပ်စစ် သို့မဟုတ် စက်ပစ္စည်း ချို့ယွင်းချက်၊ ဝန်ဆောင်မှုငြင်းပယ်ရန် တိုက်ခိုက်ခံရခြင်းများ၊ ဒေတာဆောင်ရွက်မှု ချို့ယွင်းချက်များ၊ ဆက်သွယ်ရေး သို့မဟုတ် အင်တာနက်ပြဿနာများ သို့မဟုတ် အသုံးချမှု ချို့ယွင်းချက်များ အပါအဝင်) အသုံးပြုသူက ဝန်ဆောင်မှုသို့ ဝင်ရောက်ရာမှ သို့မဟုတ် အခြားတစ်နည်းနည်းဖြင့် အသုံးပြုရာမှ တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ပေါ်ပေါက်လာသည့် ဆုံးရှုံးမှု သို့မဟုတ် တာဝန်ရှိမှုအတွက် PDC သည် တာဝန်မရှိစေရ။

အချိ့သော ပြည်နယ်များ သို့မဟုတ် နိုင်ငံများရှိ ဥပဒေများသည်  မတော်တဆ သို့မဟုတ် အကျိုးဆက်အရထိခိုက်မှုများကို ဖယ်ထုတ်ခြင်း သို့မဟုတ် ကန့်သတ်ခြင်းကို ခွင့်မပြုပါ၊ သို့ဖြစ်၍ ဖော်ပြပါ ကန့်သတ်ချက်များ နှင့် ဖယ်ထုတ်မှုများသည် သင့်အပေါ် မသက်ရောက်နိုင်ပါ။ သံသယရှင်းလင်းရန်အတွက်၊ အထက်ဖော်ပြပါ စာပိုဒ်ရှိ ကန့်သတ်ချက်များ နှင့် ဖယ်ထုတ်မှုများသည် နယူးဂျာဆီပြည်နယ်နေထိုင်သူများအပေါ် မသက်ရောက်ပါ။ 

ရပ်စဲခြင်း 

PDC သည် မည်သည့်အချိန်တွင် မဆို၊ အကြောင်းအရင်းမရှိပဲ သုံးစွဲသူ၏  ဝန်ဆောင်မှုအားလုံး သို့မဟုတ် တစ်စိတ်တစ်ပိုင်း ဝင်ရောက်နိုင်မှုကို ရပ်စဲနိုင်ပြီး သင့်အကောင့်ရပ်စဲပြီးနောက်တွင် သက်ရောက်မည် (သတ်မှတ်ချက်မှာ PDC ထံ ချက်ချင်းအန္တရာယ် ရှိနိုင်သည်ဟု PDC ကဆုံးဖြတ်လျှင် အဆိုပါ ဝင်ရောက်မှုကို အသိမပေးဘဲ ရပ်စဲနိုင်သည်)။ 

သုံးစွဲသူသည် အက်ပ်အတွင်းရှိ အကောင့်ကို ဖျက်သိမ်းခြင်း​၊ သုံးစွဲသူ၏ ဒီဗိုက်စ်များမှ အက်ပ်ကို ဖျက်သိမ်းခြင်း၊​ ဝန်ဆောင်မှု သုံးစွဲခြင်းကို ရပ်တန့်ခြင်းတို့ဖြင့် မည်သည့်အချိန်တွင် မဆို သုံးစွဲသူ၏ PDC အကောင့် နှင့် စာရင်းသွင်းမှုကို ပယ်ဖျက်နိုင်သည်၊ မည်သည့် စုံစမ်းမေးမြန်းမှုများမဆိုအတွက် [email protected] မှ တဆင့် PDC ထံ ဆက်သွယ်နိုင်သည်။ 

ရပ်စဲပြီးနောက်တွင်၊​ သုံးစွဲသူသည် ဝန်ဆောင်မှုကို ရရှိနိုင်ခြင်း (သို့မဟုတ် ရရှိရန် ကြိုးပမ်းခြင်း)​ မလုပ်ဆောင်တော့ပါ။​

၎င်းတို့၏ သဘာဝအရ ဤသဘောတူညီချက်၏ ဖော်ပြချက်များအားလုံးသည် အငြင်းပွားမှုဖြေရှင်းခြင်း၊ ဥပဒေလွှမ်းမိုးခြင်း၊ တရားဥပဒေဖော်ပြချက်များရွေးချယ်ခြင်း (အမှုရင်ဆိုင်ခြင်း နှင့် အစုအဖွဲ့ဆိုင်ရာ တရားစီရင်မှု လက်လွှတ်ခြင်း)၊ အကြောင်းအရာပိုင်ဆိုင်မှု ဖော်ပြချက်များ၊ အာမခံချက်မသက်ဆိုင်ကြောင်း ရှင်းလင်းချက်များ နှင့် တာဝန်ရှိမှု ကန့်သတ်ချက်များ အပါအဝင်  ရပ်စဲခြင်းကို ကျော်လွှားမည်ဖြစ်သည်။ 

အငြင်းပွားမှုဖြေရှင်းခြင်း၊​ တရားစီရင်ခြင်း နှင့် ဥပဒေ ရွေးချယ်ခြင်း 

ဤသဘောတူညီချက်အား  ကယ်လီဖိုးနီးယားပြည်နယ်အတွင်း နေထိုင်သူနှစ်ဦးအကြားလုပ်ဆောင်ထားသကဲ့သို့  ကယ်လီဖိုးနီးယားပြည်နယ်၏ ဥပဒေများ နှင့်အညီ လွှမ်းမိုး၍ အဓိပ္ပာယ်ကောက်ယူရမည်။ သက်ဆိုင်သူများသည်  အမေရိကန်ပြည်ထောင်စု၊  ကယ်လီဖိုးနီးယား ပြည်နယ်၊ ဆန်ဖရန်စစ္စကိုတွင် တည်ရှိသည့် တကိုယ်ရည် တရားစီရင်မှုကို သဘောတူညီသည်။ ခုံရုံးစီရင်မှုနှင့် မသက်ဆိုငသည့် ကိစ္စရပ်များအတွက်၊ သို့မဟုတ်  ခုံရုံးစီရင်မှုယူရန် သို့မဟုတ် ခုံရုံးစီရင်သူ၏ လုပ်ဆောင်ချက်အရ အတည်ပြု၊ ပြင်ဆင်၊ ထားရှိ သို့မဟုတ် ဆုံးဖြတ်ချက် ထည့်သွင်းရန်၊ သက်ဆိုင်သူများသည် အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယား ပြည်နယ်၊ ဆန်ဖရန်စစ္စကိုတွင် တည်ရှိသည့် ပြည်နယ်နှင့် ဖက်ဒရယ် ဥပဒေရုံးများ သို့မဟုတ် အမှုအား ဖက်ဒရယ် ဥပဒေရုံးမှ ကယ်လီဖိုးနီးယား မြောက်ပိုင်းခရိုင်ရှိ ဆန်ဖရန်စစ္စကိုဌာန မှလွဲ၍ မြောက်ပိုင်းခရိုင်ရှိ ဌာနသို့ လွှဲပြောင်းပါက ကယ်လီဖိုးနီးယား မြောက်ပိုင်းခရိုင်ရှိ မည်သည့် ဌာနမဆို၏ သီးသန့် တရားစီရင်မှုနှင့် စီရင်သောနေရာကို လိုက်နာရမည်။ 

ဤတွင် အတိအကျဖော်ပြထားသည်မှအပ၊ သင် ဤသဘောတူညီချက်ကို မဝင်ရောက်ခင် ဖြစ်ပေါ်ထားသည့် တရားစီရင်မှု၊ တောင်းဆိုမှုများအတွက် ဤသဘောတူညီချက်၏ လွှမ်းခြုံမှု သို့မဟုတ် သက်ရောက်နိုင်မှုအပါအဝင်၊ ဤသဘောတူညီချက်၊ အက်ပ်၊ ဆိုဒ်၊ ပလက်ဖောင်း သို့မဟုတ် ဝန်ဆောင်မှုများ သို့မဟုတ်  ကြော်ငြာခြင်းတိို့မှ ထွက်ပေါ်သော သို့မဟုတ် မည်သည့်နည်းလမ်းနှင့်မဆို သက်ဆိုင်သော မည်သည့် အမှု၊ တောင်းဆိုမှု သို့မဟုတ် အငြင်းပွားမှုမဆိုတို့အား JAMS၊ Inc ၏ စည်းကမ်းများ နှင့် လုပ်ထုံးလုပ်နည်းများနှင့်အညီ ခုံရုံးအရ ဖြေရှင်းရမည်။ ခုံရုံးဖြစ်ပေါ်သည့် အချိန်ရှိ တည်ဆဲ (“JAMS”) များအပေါ် မူတည်မည်။ ခုံရုံးမှ မလွှမ်းခြုံသည့် တစ်ခုတည်းသော တောင်းဆိုမှုများမှာ သင့် PDC သို့မဟုတ် PDC လိုင်စင်ချပေးသူများ၏ ကုန်သွယ်ရေးလျှို့ဝှက်ချက်များ၊ မူပိုင်ခွင့်များ၊ ကုန်ပစ္စည်းအမှတ်အသား သို့မဟုတ် ပိုင်ဆိုင်မှုအခွင့်အရေးများ၏ ချိုးဖောက်မှု၊ ကာကွယ်မှု သို့မဟုတ် မှန်ကန်မှုနှင့် သက်ဆိုင်သည့် တောင်းဆိုမှုများဖြစ်သည်။ 

ခုံရုံးတင်ရင် ဤသဘောတူညီချက်သည် ဤသဘောတူညီချက်ဖျက်သိမ်းမှုကို ကျော်လွှားမည်ဖြစ်သည်။ ခုံရုံးတင်မှုသည် ခုံသမာဓိ တစ်ဦးတည်း၏ရှေ့မှောက်တွင် လုပ်ဆောင်ရမည်။ ဤသဘောတူညီချက်မှ ထွက်ပေါ်သော သို့မဟုတ် သက်ဆိုင်သော မည်သည့် ခုံရုံးကြားနာမှုမဆိုတွင်၊​ ခုံသမာဓိသည် ဤသဘောတူညီချက်ရှိ စည်းမျဥ်းများနှင့် ဆန့်ကျင်သော မည်သည့် ဆုံဲးရှုံးမှုကိုမှ ထည့်သွင်းမည်မဟုတ်ပါ။ သမာဓိအား ပါဝင်သူနှစ်ဖက်လုံး၏ ပူးပေါင်း သဘောတူညီချက်ဖြင့် ရွေးချယ်မည်ဖြစ်သည်။ သက်ဆိုင်သူများက ခုံသမာဓိကို သက်ဆိုင်သူတစ်ဖက်မှ အခြားတစ်ဖက်အား မိမိက  ခုံရုံးတင်မှုကို စီစဉ်ကြောင်း စာဖြင့်အသိပေးပြီး ရက်ပေါင်းသုံးဆယ် (၃၀) အတွင်း သဘောမတူနိုင်ပါက JAMS သည် သက်ရောက်ဆဲ ၎င်း၏ ဥပဒေများဖြင့် ခုံသမာဓိ ခန့်အပ်ခြင်းကို ဆောင်ရွက်မည်။ သမာဓိ၏ စာဖြင့်ရေးသားထားသော ဆုံးဖြတ်ချက်သည် နောက်ဆုံးအတည်ဖြစ်ပြီး သက်ဆိုင်သူများအတွက် ခုံငြုံကာ မည်သည့် တရားရုံးတွင်မဆို အာဏာသက်ရောက်သည်။ ခုံရုံးတင်ခြင်းကို ကယ်လီဖိုးနီးယားပြည်နယ် ဆန်ဖရန်စစ္စကိုတွင် အင်္ဂလိပ်ဘာသာဖြင့် ဆောင်ရွက်ရမည်၊ သက်ဆိုင်ရာများမှ သဘောတူညီပါက အွန်လိုင်းမှလည်း လုပ်ဆောင်နိုင်သည်။ ဤသဘောတူညီချက်အောက်ရှိ မည်သည့် ခုံရုံးတင်မှုမဆိုသည် တစ်ဦးခြင်းအခြေခံဖြင့် ဖြစ်ပေါ်မည်ဖြစ်ပြီး အစုအဖွဲ့အလိုက် ခုံရုံးတင်ခြင်း နှင့် အစုအဖွဲ့လုပ်ဆောင်မှုများကို ခွင့်မပြုပါ။ ဤစည်းမျဥ်းများကို ထည့်သွင်းခြင်းအားဖြင့်၊ သင်နှင့် PDC သည် တရားသူကြီးဖြင့် တရားရင်ဆိုင်ခွင့် သို့မဟုတ် အစုအဖွဲ့လုပ်ဆောင်မှု သို့မဟုတ် ကိုယ်စားပြုလုပ်ဆောင်မှုကို နှစ်ဖက်လုံးမှ စွန့်လွှတ်ကြောင်း သင် သိရှိပြီး သဘောတူညီသည်။ 

အထွေထွေ 

ဤတွင်ဖော်ပြထားသော မည်သည့်အခွင့်အရေးနှင့်မဆို သက်ဆိုင်၍ သက်ဆိုင်ရာ တစ်ဖွဲ့ဖွဲ့မှ ကျင့်သုံးရန် ပျက်ကွက်ခြင်းသည် အောက်တွင်ဖော်ပြထားသည့် အခွင့်အရေးများကို လျှော့ပေါ့ခြင်းအဖြစ် စဥ်းစားမည်မဟုတ်ပါ။ 

သင်သည် PDC ၏ ဝန်ထမ်း၊ ကိုယ်စားလှယ်၊ မိတ်ဖက် သို့မဟုတ် တွဲဖက်ကုမ္ပဏီပါတီ မဟုတ်ကြောင်း ၊ ပြီးနောက် သင့်တွင် PDC အား မည်သည့် အခြေအနေတွင်မဆို ချုပ်နှောင်နိုင်သည့် မည်သည့် အာဏာမှ မရှိကြောင်းအသိအမှတ်ပြုသည်။ 

PDC သည်  စက်ပစ္စည်း၊ အီလက်ထရောနစ် သို့မဟုတ် ဆက်သွယ်မှုကျရှုံးခြင်း သို့မဟုတ် အဆင့်နိမ့်ကျခြင်း (“လိုင်း-ဆူညံသံ” ဝင်ရောက်နှောင့်ယှက်မှုအပါအဝင်)အပါအဝင် 

 PDC ၏သင့်လျော်သော ထိန်းချုပ်မှုပြင်ပတွင်ရှိသည့်မည်သည့်အကြောင်းအရင်းမှဖြစ်စေ ၎င်း၏ တာဝန်ဝတ္တရားများကို လုပ်ဆောင်ရန် ပျက်ကွက်မှုအတွက် တာဝန်မရှိပါ။

ဤသဘောတူညီချက်၏ မည်သည့်ဖော်ပြချက်မဆိုသည် လုပ်ဆောင်၍မရကြောင်း သို့မဟုတ် မဖြစ်နိုင်ကြောင်း တွေ့ရှိပါက၊ ဤ သဘောတူညီချက် အပြည့်အဝ တည်ရှိရန်၊ သက်ရောက်ရန် နှင့် လုပ်ဆောင်နိုင်ရန်အတွက် အဆိုပါ ဖော်ပြချက်အား ကန့်သတ်ခြင်း သို့မဟုတ် လိုအပ်သည့်အနည်းဆုံးပမာဏအထိ ပယ်ဖျက်ခြင်းလုပ်ဆောင်မည်။ 

ဤသဘောတူညီချက်အား PDC ၏ ကြိုတင်စာဖြင့်ခွင့်ပြုချက်မရှိပဲ သုံးစွဲသူမှ တာဝန်လွှဲပြောင်းခြင်း၊ လွှဲပြောင်းခြင်း သို့မဟုတ် လိုင်စင်ချထားပေးခြင်း လုပ်ခွင့်မရှိ။ PDC သည် သဘောတူညီချက်မရှိပဲ ဤသဘောတူညီချက်၊ ၎င်း၏ အခွင့်အရေးများ နှင့် ဝတ္တရားများအား လွှဲပြောင်း၊ တာဝန်လွှဲပြောင်း သို့မဟုတ် ခွဲဝေခြင်း လုပ်နိုင်သည်။ 

ဤတွင် အကျယ်တဝင့်ဖော်ပြထားသည်မှအပ၊ နှစ်ဖက်စလုံးသည် ဤသဘောတူညီချက် (သုံးစွဲသူလုပ်ဆောင်သည့် မည်သည့်အလုပ်မဆို၏ သီးသန့်စည်းမျဥ်းများ၊ ဤတွင်ထည့်သွင်းထားသည့် ကိုယ်ရေးကိုယ်တာမူဝါဒအပါအဝင် သဘောတူညီချက်ကာလအတွင်းသက်ရောက်သည့် မည်သည့် PDC စည်းကမ်း၊ လုပ်ထုံးလုပ်နည်း သို့မဟုတ် မူဝါဒများ နှင့် သုံးစွဲသူမှ အက်ပ်ကို ရယူသည့် အက်ပ်ပလက်ဖောင်း၏ မူဝါဒများ နှင့် စည်းကမ်းများမှ ဖြည့်စွက်ထားသော) သည် နှစ်ဖက်စလုံး၏ အပြည့်အဝသဘောတူညီချက်ဖြစ်ကြောင်း သဘောတူညီသည်။ အကယ်၍ ဤသဘောတူညီချက်နှင့် အစောပိုင်း သဘောတူညီချက် သို့မဟုတ် မူဝါဒအကြား ကွဲလွဲမှုရှိပါက၊ ဤသဘောတူညီချက်ရှိ စည်းမျဥ်းများသည် ထိန်းချုပ်သည်။ ဤတွင် အခြားပုံစံဖြင့် ပေးအပ်ထားသည်မှအပ ပြင်ဆင်မှုများအားလုံးကို နှစ်ဖက်မှ စာဖြင့် လက်မှတ်ရေးထိုးရမည်ဖြစ်သည်။ 

သုံးစွဲသူသည် ဝင်ငွေအခွန်ဥပဒေများအပါအဝင် တည်ဆဲ ဖက်ဒရယ်၊ ပြည်နယ်၊ ဒေသတွင်း ဥပဒေများကို ၎င်းကိုယ်တိုင် လိုက်နာရမည်။ 

တရားဥပဒေမှ တားမြစ်ပါက ဤသဘောတူညီချက်သည် ပယ်ပျက်မည်ဖြစ်ပြီး ဝန်ဆောင်မှုကို ရယူနိင်ခွင့်အား အဆိုပါ တရားစီရင်ရာဒေသများတွင် ရုပ်သိမ်းမည်ဖြစ်သည်။