ကိုယ်ရေးကိုယ်တာမူဝါဒ

သက်ရောက်သည့်ရက်စွဲ: ဧပြီ ၁၊ ၂၀၂၄ 

Premise အချက်အလက်ကော်ပိုရေးရှင်း (“Premise”)ရှိ ကျွန်ုပ်တို့ဟာ သင့်အနေနဲ့ သင့်ရဲ့ ကိုယ်ရေးကိုယ်တာအချက်အလက်များကို မည်ကဲ့သို့ အသုံးပြုသလဲ၊ မျှဝေသလဲဆိုတာ ဂရုစိုက်ကြောင်း သိရှိပြီး၊ ကျွန်ုပ်တို့ဟာ သင့်ရဲ့ ကိုယ်ရေးကိုယ်တာကို အလေးအနက်ထားပါတယ်။ ကျွန်ုပ်တို့မှ ကောက်ယူ၊သုံးစွဲပြီး မျှဝေသည့် ကိုယ်ရေးကိုယ်တာအချက်အလက်များအကြောင်း ပိုမိုသိရှိနိုင်ရန် အောက်ပါများကိို ဖတ်ရှုပေးပါ။​ ဤကိုယ်ရေးကိုယ်တာမူဝါဒတွင် အဓိပ္ပာယ်ဖော်ပြခြင်းမရှိပဲ သုံးထားသည့် မည်သည့် စာလုံးအကြီးမဆိုသည်  သုံးစွဲမှုစည်းမျဥ်းများ https://tos.premise.com/terms-of-use/ တွင်ပေးအပ်ထားသည့် အဓိပ္ပာယ်ရှိသည်။ 

ကျွန်ုပ်တို့၏ ဝက်ဘ်ဆိုဒ်၊ ပေါ်တယ်များ သို့မဟုတ် ပလက်ဖောင်းများကို မည်သည့်ပုံစံနဲ့ မဆို သုံးခြင်း သို့မဟုတ် ကျွန်ုပ်တို့၏ မိုဘိုင်းအက်ပ်များဒေါင်းလုတ်ဆွဲခြင်း၊ အလုပ်များအား (သုံးစွဲမှုစည်းမျဥ်းများတွင် ဖော်ပြထားသည့်အတိုင်း) ကြည့်ရှုခြင်း သို့မဟုတ် လုပ်ဆောင်ခြင်း နှင့် Premise ပိုက်ဆံအိတ်အတွက် စာရင်းပေးသွင်းခြင်း စသည်တို့အပါအဝင် ဝန်ဆောင်မှုကို သုံးစွဲခြင်း သို့မဟုတ် ရယူခြင်းအားဖြင့်၊  သင်သည် ဤ ကိုယ်ရေးကိုယ်တာမူဝါဒတွင် ဖော်ပြထားသည့် ပြုကျင့်မှုများ နှင့် မူဝါဒများကို လက်ခံပြီး ပုံရိပ်များ၊ ဗီဒီယိုများ၊ ဖမ်းယူထားမှုများ၊ ဓာတ်ပုံများ၊ စခရင် ဖမ်းယူမှုများအား အောက်တွင်ဖော်ပြထားသည့် နည်းလမ်းများဖြင့် ကျွန်ုပ်တို့မှ ကောက်ယူ၊ သုံးစွဲ၊ မျှဝေခြင်းကို သဘောတူသည်။ 

ကျွန်ုပ်တို့နှင့်အတူ သင့်ကဏ္ဍကို နားလည်လိုက်ပါ

Premise နှင့် ၎င်း၏ ဝန်ဆောင်မှုများ၊ ပတ်ဝန်းကျင်တို့နှင့် မတူညီသော အခန်းကဏ္ဍကို ဖော်ပြရန် ဤ မူဝါဒတွင် “သုံးစွဲသူ”၊ “မျှဝေထည့်ဝင်သူ” နှင့် “လည်ပတ်သူ” စကားလုံးများကို သုံးစွဲသည်။ ဤအခန်းကဏ္ဍများကို အောက်တွင် ဖော်ပြထားသည်:  

    • သုံးစွဲသူ: အကယ်၍ သင်ဟာ ကျွန်ုပ်တို့နဲ့အတူ အထူးဝန်ဆောင်မှုသဘောတူညီချက် သို့မဟုတ် အခြားဝန်ဆောင်မှုရယူသူသဘောတူညီချက် (“သုံးစွဲသူသဘောတူညီချက်”)  ရှိပါက  (သို့မဟုတ် ကျွန်ုပ်တို့နှင့် ၎င်းကဲ့သို့ သုံးစွဲသူသဘောတူညီချက်ချုပ်ဆိုထားသည့် ကုမ္ပဏီမှ ဝန်ထမ်း/အတိုင်ပင်ခံဖြစ်ပြီး သင်၏ ဝန်ထမ်း/အတိုင်ပင်ခံရာထူးအရ ကျွန်ုပ်တို့၏ ဝန်ဆောင်မှုကို ရယူပါက)၊ သို့မဟုတ် ကျွန်ုပ်တို့၏ အွန်လိုင်း သုံးစွဲသူ-သီးသန့် ပေါ်တယ်များ သို့မဟုတ် ပလက်ဖောင်းများကို ဝင်ရောက်ရန် Premise ထံမှ တရားဝင်ခွင့်ပြုခံထားရသူဖြစ်ပါက၊ ဤကိုယ်ရေးကိုယ်တာ မူဝါဒတွင် သင့်အား သုံးစွဲသူဟု ခေါ်ဆိုမည်ဖြစ်သည်။ 
    • မျှဝေထည့်ဝင်သူ – အကယ်၍ သင်သည် ကျွန်ုပ်တို့၏ မိုဘိုင်း အက်ပ်လီကေးရှင်းများကို ဒေါင်းလုပ်ဆွဲထားလျှင် သင့်အား ဤကိုယ်ရေးကိုယ်တာဆိုင်ရာမူဝါဒတွင် မျှဝေထည့်ဝင်သူဟုခေါ်ဆိုမည်။ 
    • လည်ပတ်သူ – အခြားမည်သူမဆိုကို လည်ပတ်သူဟု ခေါ်ဆိုမည်။

ဤကိုယ်ရေးကိုယ်တာဆိုင်ရာမူဝါဒ၏ အပိုင်း ၁ ရှိ စည်းကမ်းများသည် သုံးစွဲသူများ၊​ မျှဝေထည့်ဝင်သူများနှင့် လည်ပတ်သူများအပေါ် သက်ရောက်သည်။ အပိုင်း ၂ ရှိ စည်းကမ်းများသည် သုံးစွဲသူဖြစ်ပါက သက်ရောက်သည်။ အပိုင်း ၃ ရှိ စည်းကမ်းများသည် မျှဝေထည့်ဝင်သူဖြစ်ပါက သက်ရောက်သည်။ အပိုင်း ၄ ရှိ စည်းကမ်းများသည် ကယ်လီဖိုးနီးယားပြည်နယ်တွင်နေထိုင်သည့် မျှဝေထည့်ဝင်သူများနှင့် လည်ပတ်သူများကို သက်ရောက်ပြီး၊ ဇန်နဝါရီ ၁၊ ၂၀၂၃ နောက်ပိုင်းတွင် ကယ်လီဖိုးနီးယားပြည်နယ်တွင်နေထိုင်သည့် သုံးစွဲသူများကိုပါ သက်ရောက်သည်။

အပိုင်း ၁ – လူတိုင်းအတွက် စည်းမျဥ်းများ – သုံးစွဲသူများ၊ မျှဝေထည့်ဝင်သူများ နှင့် လည်ပတ်သူများ 

ဤ ကိုယ်ရေးကိုယ်တာမူဝါဒသည် Premise အက်ပ်များ၊ ဝက်ဘ်ဆိုဒ်များ၊ ပလက်ဖောင်းများ၊ အက်ပ်များ၊ ဝက်ဘ်ဆိုဒ်များပေါ်ရှိ ထုတ်ကုန်များ နှင့် ဝန်ဆောင်မှုများ သို့မဟုတ် အခြား အွန်လိုင်းပေါ်တယ်များ အပေါ်သက်ရောက်သည်။ Premise သည် သင် ကျွန်ုပ်တို့၏ မိုဘိုင်း အက်ပ်လီကေးရှင်းများကို ထည့်သွင်းသည့်အခါ နှင့် ကျွန်ုပ်တို့၏ အွန်လိုင်းဝန်ဆောင်မှုများ (ကျွန်ုပ်တို့၏ ဝက်ဘ်ဆိုဒ်၊ ပေါ်တယ်များ နှင့် ပလက်ဖောင်းများ အပါအဝင်)မှ တစ်ဆင့် ကျွန်ုပ်တို့ထံ သင်၏ ဆက်သွယ်မှုများ သို့မဟုတ် အခြားနည်းလမ်းဖြင့် သင့်အကြောင်းအချက်အလက်များကို ကောက်ယူသည်။ သင်၏ ဝန်ဆောင်မှုသုံးစွဲခြင်းသည် ဤကိုယ်ရေးကိုယ်တာမူဝါဒပါဝင်သည့် သုံးစွဲမှုစည်းမျဥ်းများအပေါ် အချိန်တိုင်း မှီတည်ကြောင်း သတိရပါ။ ဝန်ဆောင်မှုအား Premise မှ ပိုင်ဆိုင်၊ လည်ပတ်ပြီး၊ ဤ ကိုယ်ရေးကိုယ်တာမူဝါဒသည် Premise မှ ကောက်ယူ၊ သုံးစွဲ၊ မျှဝေသည့် အချက်အလက်များအပေါ် သက်ရောက်သည်။ 

ကျွန်ုပ်တို့သည် ဤ ကိုယ်ရေးကိုယ်တာမူဝါဒတွင် ဖော်ပြထားသည့် အချက်အလက်များကို သင်နေထိုင်ရာနိုင်ငံနှင့် ယှဥ်လျှင် အချက်အလက်ကာကွယ်ရေးဥပဒေများ ပိုမိုလျော့ပေါ့နိုင်သည့် အမေရိကန်ပြည်ထောင်စုတွင် လွှဲပြောင်း၊  ပြုပြင်၊ သိမ်းဆည်းသည်။ ဤအခြေအနေရှိသော်လည်း၊ ကျွန်ုပ်တို့သည် ဤကိုယ်ရေးကိုယ်တာမူဝါဒ၊ တည်ဆဲဥပဒေများနှင့်အညီ သင့်ကိုယ်ရေးကိုယ်တာအချက်အလက်များကို ကာကွယ်ရန် သင့်လျော်သည့် လုပ်ဆောင်မှုများ ဆောင်ရွက်သွားမည်ဖြစ်သည်။ 

ကျွန်ုပ်တို့သည် ဝန်ဆောင်မှုကို ကောင်းမွန်စေရန် အဆက်မပြတ်ကြိုးပမ်းလျက်ရှိသည်။​ကျွန်ုပ်တို့သည် အခါအားလျော်စွာ ဤကိုယ်ရေးကိုယ်တာမူဝါဒကို ပြောင်းလဲနိုင်သည်။ သင့်ထံ အက်ပ်အတွင်း မက်ဆေ့ချ်ပို့ခြင်း၊ သက်ဆိုင်ရာ လူမှုကွန်ရက် ပလက်ဖောင်းများတွင် အသိပေးပို့စ်တင်ခြင်း၊ ပြင်ဆင်ထားသည့် ကိုယ်ရေးကိုယ်တာ မူဝါဒကို ကျွန်ုပ်တို့၏ ဝက်ဘ်ဆိုဒ်၊ ပလက်ဖောင်းများ၊ ပေါ်တယ်များပေါ်တွင် တင်ခြင်း နှင့်/သို့မဟုတ် အခြားနည်းလမ်းများဖြင့် သင့်ထံ ပြောင်းလဲမှုများအား အကြောင်းကြားမည်ဖြစ်သည်။ အကယ်၍ သင်သည် ကျွန်ုပ်တို့ထံမှ ဥပဒေဆိုင်ရာ အသိပေးမှုအီးမေးလ်များလက်မခံရန်လုပ်ထားပါက (သို့မဟုတ် ကျွန်ုပ်တို့အား သင့်အီးမေးလ်လိပ်စာမပေးထားပါက)လည်း၊ ဤဥပဒေဆိုင်ရာ အသိပေးချက်များသည် သင့်ဝန်ဆောင်မှု သုံးစွဲခြင်းအပေါ် လွှမ်းခြုံမည်ဖြစ်ပြီး၊ သင်သည် ၎င်းတို့အား ဖတ်ရှုရန် နှင့် နားလည်ရန် တာဝန်ရှိနေဦးမည်ဖြစ်သည်။ အကယ်၍ သင်သည် ကိုယ်ရေးကိုယ်တာမူဝါဒများအပေါ် မည်သည့်ပြောင်းလဲမှုများအား တင်ပြီးနောက် ဝန်ဆောင်မှုကို သုံးစွဲပါက၊ သင်သည် ပြောင်းလဲမှုအားလုံးကို သဘောတူသည်ဟု ဆိုလိုသည်။ ကျွန်ုပ်တို့ ကောက်ယူထားသည့် အချက်အလက်များအားသုံးစွဲမှုသည် အချက်အလက်ကောက်ယူထားသည့်အချိန်တွင် သက်ရောက်နေသည့် ကိုယ်ရေးကိုယ်တာမူဝါဒနှင့် သက်ဆိုင်သည်။ 

အတိုင်းအတာ နှင့် သက်ရောက်မှု 

ဤကိုယ်ရေးကိုယ်တာ မူဝါဒသည် ကမ္ဘာတစ်ဝှမ်းလုံးရှိ မည်သည့်နေရာတွင်မဆို  မည်သည့်ဝန်ဆောင်မှုများကိုမဆို ရယူသူ သို့မဟုတ် သုံးစွဲသူများအပေါ် သက်ရောက်သည်။ 

ကျွန်ုပ်တို့သည် အသက် ၁၈ နှစ်အောက် သို့မဟုတ် ဝန်ဆောင်မှုသုံးစွဲနေစဥ်အတွင်း အဆိုပါသူနေထိုင်သည့် တရားဝင်အသက်အရွယ်အောက်၊ မည်သည်က ပိုနည်းသည်ဖြစ်စေ (အားလုံးပေါင်း၍၊ “အနည်းဆုံးအသက်အရွယ်”) ထိုသူများ၏ ကိုယ်ရေးကိုယ်တာအချက်အလက်များအား သိသိလျက် ကောက်ယူခြင်း သို့မဟုတ် တောင်းခံခြင်း မပြုလုပ်ပါ။ အကယ်၍ သင်သည် အနည်းဆုံးအသက်အရွယ်အောက်ဖြစ်ပါက ကျေးဇူးပြု၍ ဝန်ဆောင်မှုကို သုံးစွဲရန် မကြိုးစားပါနှင့် သို့မဟုတ် သင်နှင့်ပတ်သက်သည့် ကိုယ်ရေးကိုယ်တာ အချက်အလက်များကို ကျွန်ုပ်တို့ထံ မပေးပို့ပါနှင့်၊ ပြီးနောက် အနည်းဆုံးအသက်အရွယ်အောက် သို့မဟုတ် အသက် ၁၃ နှစ်အောက်၊ မည်သည်က ပိုနည်းသည်ဖြစ်စေ၊ အဆိုပါသူများ၏ ကိုယ်ရေးကိုယ်တာအချက်အလက်များကို မပေးပို့ပါနှင့်။ အကယ်၍ ကျွန်ုပ်တို့သည် အနည်းဆုံးအသက်အရွယ်အောက် သို့မဟုတ် အသက် ၁၃ နှစ်အောက်၊ မည်သည်က ပိုနည်းသည်ဖြစ်စေ၊ သူများ၏ ကိုယ်ရေးကိုယ်တာအချက်အလက်များကို ကောက်ယူထားကြောင်း ကျွန်ုပ်တို့ သိရှိပါက၊ ကျွန်ုပ်တို့သည် အဆိုပါ အချက်အလက်ကို မြန်နိုင်သမျှ မြန်မြန် ဖျက်ပစ်မည်ဖြစ်သည်။ အကယ်၍ အနည်းဆုံးအသက်အရွယ်အောက် သို့မဟုတ် အသက် ၁၃ နှစ်အောက်၊ မည်သည်က ပိုနည်းသည်ဖြစ်စေ၊ သူများ ကျွန်ုပ်တို့ထံ ကိုယ်ရေးကိုယ်တာအချက်အလက်ပေးပို့ထားကြောင်း၊ သို့မဟုတ် ကျွန်ုပ်တို့အား အနည်းဆုံးအသက်အရွယ် သို့မဟုတ် အသက် ၁၃ နှစ်အောက်၊ မည်သည်က ပိုနည်းသည်ဖြစ်စေ၊သူ၏ ကိုယ်ရေးကိုယ်တာအချက်အလက်ကို ပေးပို့ထားကြောင်း သင်ယုံကြည်ပါက၊ [email protected] မှ တစ်ဆင့် ကျေးဇူးပြု၍ ကျွန်ုပ်တို့ထံဆက်သွယ်ပေးပါ။ 

အချက်အလက် ကောက်ခံခြင်း နှင့် သုံးစွဲခြင်း 

သင့် ဝန်ဆောင်မှုသုံးစွဲခြင်းမှတဆင့် ကျွန်ုပ်တို့ ကောက်ယူသည့် အချက်အလက် 

ကျွန်ုပ်တို့သည် သင် ဝန်ဆောင်မှုနှင့် မည်ကဲ့သို့ဆက်ဆံပုံ၊ ဖော်ပြထားသည့် ပိုမိုနှစ်သက်မှုများ နှင့် ရွေးချယ်ထားသည့် ဆက်တင်များအကြောင်း အချက်အလက်များကို ကောက်ယူသည်။ အချို့ကိစ္စရပ်များတွင်၊ ကျွန်ုပ်တို့သည် ကွတ်ကီးများ၊ ပစ်ဇယ်လ်တက်ဂ်များ နှင့် သီးသန့်ဖော်ထုတ်ခြင်းအချက်များဖန်တိးပြီး ထိန်းသိမ်းသည့် အလားတူနည်းပညာများကို သုံး၍ လုပ်ဆောင်သည်။ သင့် ဘရောက်ဇာ သို့မဟုတ် ဒီဗိုက်စ်ပေါ်တွင် ကျွန်ုပ်တို့ ထားရှိသည့် ကွတ်ကီးများမှ တစ်ဆင့်၊ ကျွန်ုပ်တို့သည် သင် ဝန်ဆောင်မှုမှ​ထွက်ခွာပြီးနောက် သင်၏ အွန်လိုင်းလှုပ်ရှားမှုဆိုင်ရာ အချက်အလက်များကိုလည်း ကောက်ခံကောင်း ကောက်ခံနိုင်သည်။ ဤ အချက်အလက်သည် ကျွန်ုပ်တို့အား ဝန်ဆောင်မှုကို ပိုမိုတိုးတက်စေနိုင်ပြီး သင့်အွန်လိုင်းအတွေ့အကြုံကို သီးသန့်ဖြစ်စေပါတယ်၊ ပြီးနောက် ဤ ကိုယ်ရေးကိုယ်တာမူဝါဒတွင် ဖော်ပြထားသည့် အတိုင်းဖြစ်ပါတယ်။ 

ကျွန်ုပ်တို့သည် သင် ကျွန်ုပ်တို့ထံ တိိုက်ရိုက်ပေးပို့သည့် အချက်အလက်များ နှင့် ကြားခံအကောင့်များ သုံးစွဲမှုမှ တဆင့်ပေးပို့ထားသည့် အချက်အလက်များကိုလည်း ကောက်ယူသည်။ 

သင့် ဘရောက်ဇာသည် သင့်အား “နောက်ယောင်မခံပါနှင့်” ရွေးချယ်စရာကို ပေးစွမ်းနိုင်သည်၊​ ၎င်းသည် သင့်အား အော်ပရေတာဝက်ဘ်ဆိုဒ်များ၊ ဝက်ဘ်အက်ပ်လီကေးရှင်းများ နှင့် ဝန်ဆောင်မှုများ (အပြုအမူကြော်ငြာခြင်းဝန်ဆောင်မှုများ အပါအဝင်)  အား သင့်အနေနှင့် ၎င်းတို့မှ အချိန်ကာလတစ်လျှောက်၊ မတူညီသောဝက်ဘ်ဆိုဒ်များရှိ သင့် အွန်လိုင်းလှုပ်ရှားမှုများကို နောက်ယောင်မခံစေလိုကြောင်း အချက်ပြစေနိုင်သည်။ ဝန်ဆောင်မှုသည် လက်ရှိတွင် ဘရောက်ဇာ၏ “နောက်ယောင်မခံပါနှင့်” တောင်းဆိုမှုများကို မထောက်ပံ့ပါ၊ ဆိုလိုသည်မှာ ကျွန်ုပ်တို့သည် သင် ဝန်ဆောင်မှုသုံးစွဲနေစဥ် နှင့် ဝန်ဆောင်မှုမှ ထွက်ခွာပြီးနောက် သင့်အွန်လိုင်းလှုပ်ရှားမှုများနှင့် ပတ်သက်သည့် အချက်လက်များကို ကောက်ယူသည်။ ဤ ဝန်ဆောင်မှုကို သုံးစွဲခြင်းအားဖြင့်၊ သင်သည် ဤအချက်အလက်ကောက်ယူခြင်းကို သဘောတူသည်။ 

ဂူးဂယ်လ်၊ ဘင်း နှင့် လူမှုကွန်ရက်ကြော်ငြာများ နှင့် Premise နဲ့အတူလက်တွဲလုပ်သည့် အခြားအလားတူ ဝန်ဆောင်မှုပေးသူများသည်၊ အချိန်ကာလတစ်လျှောက် ဝန်ဆောင်မှုမှ မတူညီသော ဝက်ဘ်ဆိုဒ်များ နှင့် အခြားအက်ပ်များပေါ်ရှိ သင့်အွန်လိုင်းလှုပ်ရှားမှုများနှင့် ပတ်သက်သည့် ကိုယ်ရေးကိုယ်တာဖော်ထုတ်နိုင်သည့် အချက်အလက်များကို ကောက်ယူခြင်း သို့မဟုတ် လက်ခံခြင်းဖြစ်နိုင်ပြီး၊ အဆိုပါ အချက်အလက်များကို တိုင်းတာခြင်းဝန်ဆောင်မှုများ နှင့် ကြော်ငြာများ ပေးစွမ်းရန် သုံးနိုင်သည်။ ဝန်ဆောင်မှုကို သုံးစွဲခြင်းအားဖြင့်၊ သင်သည် ကြော်ငြာ သီးသန့်ဖြစ်စေရေးအတွက် အချက်အလက်ကောက်ယူခြင်း နှင့် သုံးစွဲခြင်းကို သဘောတူသည်။ သင်သည် ဤပစ္စည်းကို https://tools.google.com/dlpage/gaoptout/ သုံးစွဲခြင်းအားဖြင့် ဂူးဂယ်လ် အချက်အလက်ဆန်းစစ်မှုမှ ထွက်ခွာနိုင်သည်။ 

ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ သုံးစွဲသူများ ဝန်ဆောင်မှုအား မည်ကဲ့သို့ သုံးစွဲသည်ကို ကူညီ ဆန်းစစ်နိုင်ရန် အချက်အလက်ဆန်းစစ်မှုကို သုံးစွဲသည်။ ဂူးဂယ်လ်အချက်အလက်ဆန်းစစ်မှုသည် ကျွန်ုပ်တို့၏ သုံးစွဲသူများ ဝန်ဆောင်မှုကို မည်မျှ ဝင်ကြည့်ခြင်း၊ ၎င်းတို့ကြည့်သည့် စာမျက်နှာများ နှင့် ဝန်ဆောင်မှုသို့ မလာရောက်မှီ ၎င်းတို့ မည်သည့်စာမျက်နှာများကိုဝင်ကြည့်ကြောင်း စသည့်အချက်အလက်များကို ကောက်ခံရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့သည် ဂူးဂယ်လ် အချက်အလက်ဆန်းစစ်မှုမှ ရရှိသည့် အချက်အလက်များအား ကျွန်ုပ်တို့၏ ဝန်ဆောင်မှုကို ပိုမိုကောင်းမွန်စေရန် သို့မဟုတ် ကျွန်ုပ်တို့၏ ဝန်ဆောင်မှုနှင့်ပတ်သက်သည့် မြှင့်တင်ရေး မက်ဆေ့ချ်များ ပေးပို့ရန် သုံးနိုင်သည်။ ဂူးဂယ်လ်အချက်အလက်ဆန်းစစ်မှုသည် သင် ဝန်ဆောင်မှုကို ဝင်ရောက်သည့် ရက်တွင် သင့်အား သတ်မှတ်ထားသည့် အိုင်ပီလိပ်စာကို ကောက်ခံသည်၊ သို့သော် သင့်အမည် သို့မဟုတ် အခြား ကိုယ်ရေးကိုယ်တာ ဖော်ထုတ်နိုင်သည့် အချက်အလက်များကို မကောက်ခံပါ။ ကျွန်ုပ်တို့သည် ဂူးဂယ်လ်အချက်အလက်ဆန်းစစ်မှုမှ ရရှိိသည့် အချက်အလက်များကို အခြားမည်သည့် ကိုယ်ရေးကိုယ်တာဖော်ထုတ်နိုင်သည့် အချက်အလက်နှင့်မျှ မပေါင်းစပ်ပါ။ ဂူးဂယ်လ်အချက်အလက်ဆန်းစစ်မှုသည် သင် နောက်တစ်ကြိမ် ဝန်ဆောင်မှုကို လည်ပတ်ချိန်တွင် သင့်အား သီးသန့်သုံးစွဲသူအဖြစ် ဖော်ထုတ်ရန် ကွတ်ကီးသုံးစွဲသော်လည်း၊ ကွတ်ကီးကို ဂူးဂယ်လ်မှ လွဲ၍ အခြားမည်သူမှ မသုံးနိုင်ပါ။ သင့် ဝန်ဆောင်မှုထံ ဝင်ရောက်ခြင်းဆိုင်ရာ ဂူးဂယ်လ်အချက်အလက်ဆန်းစစ်မှုမှ ကော်ကယူထားသည့်အချက်အလက်များကို သုံးစွဲခြင်း၊ မျှဝေခြင်း လုပ်နိုင်သည့် ဂူးဂယ်လ်၏ လုပ်ပိုင်ခွင့်အား ဂူးဂယ်လ်အချက်အလက်ဆန်းစစ်မှု သုံးစွဲမှုစည်းမျဥ်းများ နှင့် ဂူးဂယ်လ်ကိုယ်ရေးကိုယ်တာမူဝါဒတို့မှ ကန့်သတ်ထားသည်။ သင်သည် ဂူးဂယ်လ်အချက်အလက်ဆန်းစစ်မှုနှင့် ပတ်သက်သည့် အခြားအချက်အလက်များကို ဤတွင် ရှာဖွေနိုင်သည် http://www.google.com/policies/privacy/partners/ ။ 

ကျွန်ုပ်တို့အနေဖြင့် တည်ဆဲဥပဒေများအောက်တွင် မရှိမဖြစ်မလိုအပ်သော ကွတ်ကီးများ သုံးစွဲခြင်းအတွက် သင့်ခွင့်ပြုချက်ကို ကျွန်ုပ်တို့ တောင်းခံရန် လိုအပ်ပါက၊ ကျွန်ုပ်တို့သည် ဤကဲ့သို့ တောင်းခံခြင်းကို ကျွန်ုပ်တို့၏ ကွတ်ကီး စီမံခန့်ခွဲ့ရေးပစ္စည်းမှ တစ်ဆင့်လုပ်ဆောင်သည်။ 

အခြားအချက်အလက်များ 

ကျွန်ုပ်တို့ကောက်ခံသည့် အခြားအချက်အလက်များအကြောင်း ဖွင့်ဟချက်အတွက် သင်နှင့်သက်ဆိုင်သည့် ဤကိုယ်ရေးကိုယ်တာ မူဝါဒအောက်ရှိ ကဏ္ဍများကို ကျေးဇူးပြုပြီး ကြည့်ပေးပါ။ 

အချက်အလက်ထိန်းသိမ်းခြင်း 

ကျွန်ုပ်တို့သည် မည်သည့် ဥပဒေ၊ အုပ်ချုပ်ရေးဆိုင်ရာ၊ အခွန်၊ ငွေစာရင်း သို့မဟုတ် တင်ပြခြင်းလိုအပ်ချက်များကို ဖြည့်စွက်ရေး ရည်ရွယ်ချက်များအပါအဝင် ကျွန်ုပ်တို့ကောက်ခံသည့် ရည်ရွယ်ချက်များ ပြည့်မှီရန် လုံလောက်သည်အထိသာ သင့်ကိုယ်ရေးကိုယ်တာ အချက်အလက်များကို ထိန်းသိမ်းသွားမည်ဖြစ်သည်။ တိုင်ကြားမှုရှိပါက သို့မဟုတ် ကျွန်ုပ်တို့နှင့် သင့်အကြား ဆက်ဆံရေးတွင် တရားတဘောင်ရင်ဆိုင်ရမှုဖြစ်လာနိုင်သည်ဟု ကျွန်ုပ်တို့ အချက်အလက်ကျစွာ ယုံကြည်ပါက၊ သင့်ကိုယ်ရေးကိုယ်တာအချက်အလက်များကို ပိုမိုရှည်ကြာစွာ ကျွန်ုပ်တို့ ထိန်းသိမ်းထားနိုင်သည်။ သင့်လျော်သည့် ကိုယ်ရေးကိုယ်တာအချက်အလက် ထိန်းသိမ်းရေးကာလကို ဆုံးဖြတ်ရန်အတွက်၊ ကျွန်ုပ်တို့သည် ကိုယ်ရေးကိုယ်တာအချက်အလက်၏ ပမာဏ၊ သဘာဝ နှင့် အရေးပါမှု၊ သင့်ကိုယ်ရေးကိုယ်တာအချက်အလက်ကို ခွင့်ပြုချက်မရှိပဲ သုံးစွဲမှု သို့မဟုတ် ဖွင့်ချမှုကြောင့်ဖြစ်လာနိုင်သည့် ထိခိုက်မှု၊ သင့်ကိုယ်ရေးကိုယ်တာအချက်အလက်ကို ကျွန်ုပ်တို့ ပြုပြင်သည့် ရည်ရွယ်ချက်များ နှင့် အဆိုပါ ရည်ရွယ်ချက်များကို ကျွန်ုပ်တို့ အခြားနည်းလမ်းများဖြင့် လုပ်ဆောင်နိုင်ခြင်း ရှိ၊ မရှိ နှင့် သက်ဆိုင်ရာ  ဥပဒေ၊ အုပ်ချုပ်ရေးဆိုင်ရာ၊ အခွန်၊ ငွေစာရင်း သို့မဟုတ် အခြားလိုအပ်ချက်များကို ထည့်သွင်းစဥ်းစားသည်။ 

ဥရောပအချက်အလက်ကာကွယ်ခြင်း 

ဤကဏ္ဍသည် ဥရောပစီးပွားရေးဒေသ (“EEA”) နှင့်/သို့မဟုတ် ဗြိတိန် (“UK”) ရှိသူများ၏  ကိုယ်ရေးကိုယ်တာအချက်အလက်များကို ကျွန်ုပ်တို့ ကိုယ်တိုင် သို့မဟုတ် ကျွန်ုပ်တို့ ကိုယ်စား ကောက်ခံခြင်း၊ လက်ခံခြင်း သို့မဟုတ် ပြုပြင်ခြင်းများအတွက် သက်ရောက်သည်။​

ကျွန်ုပ်တို့သည် သင့်ကိုယ်ရေးကိုယ်တာအချက်လက်များကို၊ သက်ရောက်ပါက၊​အထွေထွေ အချက်အလက်ကာကွယ်ရေးဥပဒေ (ဥပဒေ(EU)၂၀၁၆/၆၇၉) (“EU GDPR”)၊ အင်္ဂလန် နှင့် ဝေးစ်ဥပဒေများ၏ တစ်စိတ်တစ်ပိုင်းဖြစ်သည့် EU GDPR၊ ဥရောပသမဂ္ဂနှုတ်ထွက်ဥပဒေ ၂၀၁၈(“UK GDPR”) ၊ ပုဒ်မ ၃ ရှိ စကော့တလန် နှင့် မြောက်ပိုင်း အိုင်ယာလန်၊ ဗြိတိန်အချက်အလက်ကာကွယ်ရေးဥပဒေ ၂၀၁၈ နှင့် ကိုယ်ရေးကိုယ်တာ နှင့် အီလက်ထရောနစ်ဆက်သွယ်ရေး (EU တိုက်ရိုက်) ဥပဒေများ ၂၀၀၃ (“ဥရောပအချက်အလက်ကိုယ်ရေးကိုယ်တာဥပဒေများ”) စသည်တို့အပါအဝင် တည်ဆဲ ကိုယ်ရေးကိုယ်တာဥပဒေများနှင့် အညီ ပြုပြင်မည်ဖြစ်သည်။ 

ကျွန်ုပ်တို့ ပြုပြင်သည့် ကိုယ်ရေးကိုယ်တာ အချက်အလက်အမျိုးအစားများ၊ ပြုပြင်ရေးအတွက် ကျွန်ုပ်တို့၏ တရားဥပဒေနှင့်အညီ လုပ်ထုံးများ နှင့် သင့်ကိုယ်ရေးကိုယ်တာအချက်အလက်အား ကျွန်ုပ်တို့ မည်ကဲ့သို့မျှဝေသလဲစတဲ့ အသေးစိတ် အပြည့်အစုံကို အောက်တွင် ထပ်မံဖော်ပြထားပါတယ်။ 

တည်ဆဲဥရောပအချက်အလက်ကိုယ်ရေးကိုယ်တာဥပဒေများအောက်တွင်၊ အချက််အလက်သက်ဆိုင်သည့်အနေဖြင့် အောက်တွင်ဖော်ပြထားသည့် အခွင့်အရေးများရှိနိုင်သည်။ 

    • သင့်ကိုယ်ရေးကိုယ်တာအချက်အလက်ရယူခွင့်တောင်းဆိုခြင်း။ 
    • ကျွန်ုပ်တို့ရှိ သင့်ကိုယ်ရေးကိုယ်တာအချက်အလက်များ ပြင်ဆင်ပေးရန် တောင်းဆိုခြင်း။ 
    • သင့်ကိုယ်ရေးကိုယ်တာအချက်အလက်ကို ဖျက်သိမ်းပေးရန်တောင်းဆိုခြင်း။ 
    • သင့်ကိုယ်ရေးကိုယ်တာအချက်အလက်ကို ပြုပြင်ခြင်းအား ကန့်ကွက်ခြင်း။ 
    • သင့်ကိုယ်ရေးကိုယ်တာအချက်အလက်ကို ပြုပြင်ခြင်းအပေါ် ကန့်သတ်ချက်များ တောင်းဆိုခြင်း။​
    • သင့်ကိုယ်ရေးကိုယ်တာအချက်အလက်အား သင့်ထံ သို့မဟုတ် ပြင်ပအဖွဲ့အစည်းထံ ရွှေ့ပြောင်းပေးရန် တောင်းဆိုခြင်း။ 
    • သင့်ကိုယ်ရေးကိုယ်တာအချက်အလက်ကို ပြုပြင်ရန် ကျွန်ုပ်တို့မှ သင့်သဘောတူညီချက်ကို မှီခိုရသည့် အခြေအနေများတွင် မည်သည့်အချိန်၌မဆို သဘောတူညီချက်ကို ရုတ်သိမ်းခြင်း။ 

ဤ အခွင့်အရေးများထဲမှ တစ်ခုခုကို အသုံးပြုရန်အတွက်၊ အောက်တွင်ဖော်ပြထားသည့် ကျွန်ုပ်တို့၏ အသေးစိတ်များမှ တစ်ဆင့် ကျေးဇူးပြုပြီး ကျွန်ုပ်တို့ကို ဆက်သွယ်ပါ။ ကျွန်ုပ်တို့သည် တောင်းဆိုချက်လက်ခံရရှိပြီးနောက် တစ်လအတွင်း အကြောင်းပြန်ရန် ကြိုးပမ်းမည်ဖြစ်ပြီး တောင်းဆိုချက်သည် ရှုပ်ထွေးပါက ပိုမိုရှည်ကြာနိုင်သည်။ ကျွန်ုပ်တို့သည် သင် နှင့် သက်ဆိုင်ရာကိုယ်ရေးကိုယ်တာအချက်အလက်ကို ရရှိနိုင်သည့် သင့်အခွင့်အရေးကို အတည်ပြုရန် (သို့မဟုတ် အခြားအခွင့်အရေးများကို အသုံးပြုရန်) သင့်ထံမှ အသေးစိတ် အချက်အလက်များကို တောင်းဆိုရန် လိုအပ်ကောင်းလိုအပ်ပါမည်။ အချို့သော အခွင့်အရေးများအပေါ် သက်ရောက်သည့် ချွင်းချက်များ နှင့် ကင်းလွတ်ချက်များကို သိရှိထားပေးပါ၊ ကျွန်ုပ်တို့သည် ၎င်းတို့အား တည်ဆဲ ဥရောပအချက်အလက်ကိုယ်ရေးကိုယ်တာဥပဒေများနဲ့အညီ သက်ရောက်စေမည်ဖြစ်သည်။ ​အထူးသဖြင့်၊ အကယ်၍ သင်သည် ပြုပြင်ခြင်းအတွက် သဘောတူညီချက်ပေးထားပြီးမှ ချက်ချင်း သဘောတူညီချက်ကို ရုတ်သိမ်းပါက၊ ကျွန်ုပ်တို့သည် တရားဥပဒေနှင့်ကိုက်ညီသည့် အချက်ရှီခြင်းကြောင့် အဆိုပါ ကိုယ်ရေးကိုယ်တာအချက်အလက်များကို ဆက်လက် ပြုပြင်ကောင်း ပြုပြင်နေမည်ဖြစ်သည်။ 

EEA သို့မဟုတ် ဗြိတိန်အတွင်း ကျွန်ုပ်တို့ပြုပြင်သည့် ကိုယ်ရေးကိုယ်တာအချက်အလက်များကို အမေရိကန်နိုင်ငံအပါအဝင် EEA သို့မဟုတ် ဗြိတိန်ပြင်ပသို့ တင်ပို့နိုင်သည်။ သင့်ကိုယ်ရေးကိုယ်တာအချက်အလက်များသည် EEA သို့မဟုတ် ဗြိတိန်ပြင်ပသို့၊ သက်ရောက်ပါက၊ တည်ဆဲ ဥရောပအချက်အလက်ကိုယ်ရေးကိုယ်တာဥပဒေများနဲ့အညီ လုပ်ဆောင်မည်ဖြစ်ပြီး ၎င်းတွင် ဗြိတိန်အချက်အလက်ကော်မရှင်အဖွဲ့ရုံး သို့မဟုတ် ဥရောပ ကော်မရှင် သို့မဟုတ် ၎င်းကဲ့သို့ အခြား တာဝန်ရှိ EEA အာဏာပိုင်များမှ လက်ခံထားသော သို့မဟုတ် ခွင့်ပြုထားသော ထပ်ဆောင်း စာချုပ်စာတမ်းဆိုင်ရာ သို့မဟုတ် အခြားလုပ်ဆောင်ချက်များ ပါဝင်နိုင်သည်။ 

ကျွန်ုပ်တို့ကို ဆက်သွယ်ပါ 

အကယ်၍ သင့်တွင် ဤကိုယ်ရေးကိုယ်တာမူဝါဒနှင့် ပတ်သက်ပြီး အခြားမေးခွန်းများရှိပါက၊ [email protected] မှ တစ်ဆင့် ကျွန်ုပ်တို့ထံ ကျေးဇူးပြုပြီး ဆက်သွယ်ပေးပါ သို့မဟုတ် Premise အချက်အလက်ကော်ပိုရေးရှင်း၊ Inc.၊ လီဂယ်လ်၊ ၄၀၅ ဒဗျူလ် ၁၃ လမ်း၊ တတိယထပ်၊ နယူးယောက်၊ NY 10014၊ အမေရိကန်ပြည်ထောင်စု သို့မဟုတ် အောက်တွင်ဖော်ပြထားသည့် ကျွန်ုပ်တို့၏ အချက်အလက်ကာကွယ်ရေးကိုယ်စားလှယ်များ၏ လိပ်စာထံသို့ စာဖြင့် ရေးပို့နိုင်သည်။ 

ကျွန်ုပ်တို့သည် အခြားတာဝန်များအပြင်၊ သင့်ထံမှ သို့မဟုတ် တရားဝင်ကြီးကြပ်ရေး အာဏာပိုင်ထံမှ ဆက်သွယ်မှုများကို ကျွန်ုပ်တို့ကိုယ်စားလက်ခံပေးမည့် အချက်အလက်ကာကွယ်ရေးကိုယ်စားလှယ်များကို ဗြိတိန် နှင့် EEA တွင်ခန့်အပ်ထားသည် : 

    1. ဗြိတိန််:
      အဒမ် ဘရော့ဒန် [email protected]
      ဖုန်း +၄၄ ၁၇၇၂ ၂၁၇၈၀၀
      ပထမထပ် ရှေ့ဆုံးအခန်း
      ၂၇-၂၉ မြောက်လမ်း၊ ဘရိုက်တန်
      အင်္ဂလန်
      BN1 1EB
    2. European Economic Area:
      အဒမ် ဘရော့ဒန်  [email protected]
      ဖုန်း  +၃၅၃၁၅၅၄၉၇၀၀
      INSTANT EU GDPR REPRESENTATIVE LTD
      ရုံး ၂၊
      ၁၂ အေ အောက်မိန်းလမ်း၊ လူကန် ကို ဒဗ္ဗလင်
      K78 X5P8
      အိုင်ယာလန်

ကျွန်ုပ်တို့မှ သင့်ပူပန်မှုများကို မဖြေရှင်းကြောင်း သို့မဟုတ် မဖြေရှင်းရန်ရွေးချယ်ကြောင်း သင်ယုံကြည်ပါက၊ သင့် တာဝန်ရှိ EEA သို့မဟုတ် ဗြိတိန် အချက်အလက်ကာကွယ်ရေးအာဏာပိုင်၊ သက်ဆိုင်ရာ၊ နှင့် တိုင်ကြားမှုပြုလုပ်ရန် ဥရောပအချက်အလက်ကိုယ်ရေးကိုယ်တာဥပဒေများအရ သင့်တွင် အခွင့်အရေးရှိသည်။ ဗြိတိန်နှင့် သက်ဆိုင်ပါက၊ ဗြိတိန်အချက်အလက်ကော်မရှင်ကော်မရှင်အဖွဲ့ရုံး ဆက်သွယ်ရေးအသေးစိတ်များကို http://www.ico.org.uk တွင် ရရှိနိုင်သည်။ 

အပိုင်း ၂ – သုံးစွဲသူများအတွက် အပိုစည်းမျဥ်းများ 

အထက်ပါ အပိုင်း ၁ ရှိ စည်းမျဥ်းများအပြင်၊ ဤ အပိုင်း ၂ အောက်ရှိ စည်းမျဥ်းများသည် ကျွန်ုပ်တို့၏ သုံးစွဲသူများအပေါ် သက်ရောက်သည်။ 

အကယ်၍ သင့်အပေါ်သက်ရောက်သည့် သုံးစွဲသူသဘောတူညီချက် နှင့် ဤကိုယ်ရေးကိုယ်တာမူဝါဒအကြား ကွဲပြားမှုရှိပါက၊ သုံးစွဲသူသဘောတူညီချက်ရှိ အချက်များသည် တရားဥပဒေမှ ခွင့်ပြုထားသည်အထိ ထိန်းချုပ်မည်ဖြစ်ပြီး ၎င်း သုံးစွဲသူသဘောတူညီချက် အသက်ဝင်သည့် ကာလအတွင်းထိ သက်ရောက်မည်ဖြစ်သည်။ 

အချက်အလက် စုဆောင်းခြင်း နှင့် သုံးစွဲခြင်း 

သုံးစွဲသူများအတွက် Premise ဘရောက်ဇာအက်ပ်များသည် အကောင့်ဝင်ခြင်း၊ စစ်ဆေးခြင်း နှင့် အကောင့်အချက်အလက်များနှင့် ဆက်စပ်သည့် အချက်အလက်၊ အသေးစိတ် အချက်အလက်တို့ကို ကောက်ခံမည်ဖြစ်သည်။ Premise လက်တွဲလုပ်ဆောင်သည့် Sentry၊ Amplitude၊ FullStory နှင့် တခြားအလားတူ ကုမ္ပဏီများသည် အချိန်ကာလတလျှောက် သင့်အွန်လိုင်းလှုပ်ရှားမှုဆိုင်ရာ နှင့် Premise သုံးစွဲသူအက်ပ်များ သုံးစွဲမှုဆိုင်ရာ လူပုဂ္ဂိုလ်ဖော်ထုတ်နိုင်သည့် အချက်အလက်များကို ကောက်ယူခြင်း သို့မဟုတ် လက်ခံခြင်း ရှိနိုင်သည်။ ဤအချက်အလက်အား သုံးစွဲသူများအတွက် Premise အက်ပ်များကို ပိုမိုကောင်းမွန်စေရန်အတွက်သာ သုံးစွဲမည်ဖြစ်ပြီး ပြင်ပအဖွဲ့အစည်းများထံ ရောင်းချခြင်း သို့မဟုတ် မျှဝေခြင်း ပြုလုပ်မည်မဟုတ်ပါ။ 

အရောင်းအချက်အလက်၊ ဆက်သွယ်ရေး နှင့် ပူးပေါင်းဆောင်ရွက်ခြင်းအချက်အလက်များကို ခွင့်ပြုထားသည့် Premise ဝန်ထမ်းများသာ ရရှိနိုင်သည့် Salesforce၊ ဂူးဂယ်လ် Workspace၊ မိုက်ခရိုဆော့ဖ် ၃၆၅၊ နှင့် တခြား ခွင့်ပြုချက်ရ စနစ်များကဲ့သို့ ခွင့်ပြုပြီးသား ငွေကြေး နှင့် ဆက်သွယ်ရေး စနစ်များတွင် ကောက်ခံမည်ဖြစ်သည်။ 

အပိုင်း ၃ – မျှဝေထည့်ဝင်သူများအတွက် ထပ်လောင်းစည်းမျဥ်းများ 

အထက်ပါ အပိုင်း ၁ ရှိ စည်းမျဥ်းများအပြင်၊ ဤအပိုင်း ၃ အောက်ရှိ စည်းမျဥ်းများသည် ကျွန်ုပ်တို့၏ မျှဝေထည့်ဝင်သူများအပေါ် သက်ရောက်မည်ဖြစ်သည်။​

Premise မိုဘိုင်းအက်ပ်များသည် သင် နှင့် သင့်ပတ်ဝန်းကျင်ရှိ ကမ္ဘာကြီးအကြောင်း အချက်အလက်ကောက်ယူသည့် ပစ္စည်းများဖြစ်သည်။ Premise အက်ပ်များထဲမှ တစ်ခုကို ဒေါင်းလုတ်ဆွဲခြင်း သို့မဟုတ် Premise ပိုက်ဆံအိတ်အတွက် စာရင်းပေးခြင်းဖြင့်၊ သင်သည် ဤ ကိုယ်ရေးကိုယ်တာ မူဝါဒတွင် ဖော်ပြထားသည့်အတိုင်း ပုံရိပ်များ၊ ဗီဒီယိုများ၊ ဖမ်းယူမှုများ၊ ဓာတ်ပုံများ၊ စခရင်ရိုက်ကူးမှုများအပါအဝင် သင့်ကိုယ်ရေးကိုယ်တာအချက်အလက်များအား စုဆောင်းခြင်း၊ သုံးစွဲခြင်း၊ မျှဝေခြင်း သို့မဟုတ် ရောင်းချခြင်းအတွက် ခွင့်ပြုပြီး Premise သည် သင့်အချက်အလက်များ နှင့် အဆိုပါအချက်အလက်များ၏ ဆန်းစစ်မှုများအား သူ၏ သုံးစွဲသူများထံ သူ  နှင့် သူ၏ သုံးစွဲသူများ အဖွဲ့တွင်း သို့မဟုတ် အဖွဲ့ပြင်ပ သုံးရန်အတွက် ပေးပို့နိုင်ကြောင်း သင်သဘောတူသည်။ ကျွန်ုပ်တို့သည် ကိုယ်ရေးကိုယ်တာအချက်အလက် (ပုံရိပ်များ၊ ဖမ်းယူမှုများ၊ ဓာတ်ပုံများ၊ စခရင်ရှော့များ နှင့် အသံဖမ်းယူမှုများအပါအဝင်) ကောက်ယူခြင်း နှင့် သုံးစွဲခြင်းများအတွက် အက်ပ်အတွင်း သို့မဟုတ် အလုပ်တစ်ခု၏ အသေးစိတ်နှင့်အတူ ထပ်လောင်း အသိပေးမှုများ ပြုလုပ်နိုင်သည်။ 

အချက်အလက်ကောက်ယူခြင်း 

ကျွန်ုပ်တို့ကောက်ယူသည့်အချက်အလက်အချို့ နှင့် ကောက်ယူရသည့် အကြောင်းအရင်း၊ ဥရောပအချက်အလက်ကိုယ်ရေးကိုယ်တာဥပဒေများအတွက်၊ ပြုပြင်ရသည့် တရားဥပဒေနှင့်ညီသော အကြောင်းတရားတို့ကို အောက်တွင်ဖော်ပြထားသည်။ အောက်ပါ​ ဇယားရှိ တရားဥပဒေနှင့်ညီသော အကြောင်းတရား တစ်ခုထက်ပိုပြီး ဖော်ပြထားသည့် နေရာများတွင်၊ အကယ်၍ သင့်အနေနဲ့ အဆိုပါ ကိုယ်ရေးကိုယ်တာအချက်အလက်အား ပြုပြင်ရန်အတွက် ကျွန်ုပ်တို့ မှီတည်သည့် တရားဥပဒေနှင့်ညီသော အကြောင်းတရားတစ်ခုအကြောင်း အသေးစိတ်သိရှိလိုပါက ကျွန်ုပ်တို့ထံ ဆက်သွယ်သင့်သည်။​

ကျွန်ုပ်တို့ ကောက်ခံနိုင်သည့်အရာ  ကျွန်ုပ်တို့ကောက်ခံရသည့် အကြောင်းအရင်း  တရားဥပဒေနှင့်ညီသော အကြောင်းတရား (ဥရောပအချက်အလက်ကိုယ်ရေးကိုယ်တာဥပဒေများအရ)
လူပုဂ္ဂိုလ်ဖော်ထုတ်နိုင်သည့် အချက်များ၊ ဥပမာ၊ အမည်၊ အီးမေးလ်လိပ်စာ၊ အွန်လိုင်းဖော်ထုတ်နိုင်သည့်အချက်များ (သုံးစွဲသူအမည်ကဲ့သို့)၊ မိုဘိုင်းဒီဗိုက်စ်လည်ပတ်ရေးစနစ်မှ ထောက်ပံ့သည့် သုံးစွဲသူပြန်ပြင်နိုင်သော ဖော်ထုတ်ရေးအချက်များ၊ လျှို့ဝှက်ကဒ်များ၊ ဒီဂျစ်တယ်လက်မှတ် သင့်ကို ဖော်ထုတ်ရန်၊ သင်ဆောင်ရွက်ပြီးသည့် အလုပ်များကို ခြေရာခံရန်၊ သင့်အကောင့်၊ အလုပ်များ နှင့် ဝန်ဆောင်မှုအသစ်များအကြောင်း သင့်ကို ဆက်သွယ်ရန်၊ လှုပ်ရှားမှုကို နောက်ယောင်ခံရန်နှင့် ဝန်ဆောင်မှု၊ ဖော်ထုတ်ခြင်းလှုပ်ရှားမှုများ ပိုကောင်းအောင်လုပ်ဆောင်ရန်၊ ကျွန်ုပ်တို့၏ သုံးစွဲသူများ နှင့် မိတ်ဖက်များအတွက် အချက်အလက်စုစည်းပေးရန်၊ အလိမ်အညာမှ ကာကွယ်ထားရန်။ 
  • သင်နှင့်ထားရှိသည့် စာချုပ်စွမ်းဆောင်ရည်အတွက်
  • တရားဥပဒေနှင့်ညီညွတ်သည့် စိတ်ဝင်စားမှု 
  • တရားဥပဒေအရ တာဝန်ကို လိုက်နာရန် လိုအပ်သည် (အလိမ်အညာမှ ကာကွယ်ရန်) 
ပုံရိပ်များ၊ ဗီဒီယိုများ နှင့် အသံဖမ်းယူမှုများအပါအဝင် ဖမ်းယူများ၊ ဓာတ်ပုံများ နှင့် စခရင်ရှော့များ  သင့်ကို ဖော်ထုတ်ရန်၊ သင်ဆောင်ရွက်ပြီးသည့် အလုပ်များကို ခြေရာခံရန် နှင့် အတည်ပြုရန်၊ လှုပ်ရှားမှုကို နောက်ယောင်ခံရန်နှင့် ဝန်ဆောင်မှု၊ ဖော်ထုတ်ခြင်းလှုပ်ရှားမှုများ ပိုကောင်းအောင်လုပ်ဆောင်ရန်၊ ပုံရိပ်များ၊ ဗီဒီယိုများ၊ ဖမ်းယူမှုများ၊ ကျွန်ုပ်တို့၏ သုံးစွဲသူများ နှင့် မိတ်ဖက်များအတွက် သင်ပေးပို့သည့် ဓာတ်ပုံများ နှင့် စခရင်ရှော့များ စသည့် အချက်အလက်များကို စုစည်းရန်၊  အလိမ်အညာမှ ကာကွယ်ထားရန်။ 

ဆိုလိုသည်မှာ သင် ပေးပို့သည့် အချက်အလက်များ နှင့် ပုံရိပ်များ၊ ဗီဒီယိုများ၊ ဖမ်းယူမှုများ၊ ဓာတ်ပုံများ နှင့် စခရင်ရှော့များကို ပြင်ပအဖွဲ့အစည်းများ (ကျွန်ုပ်တို့ သုံးစွဲသူများ သို့မဟုတ် ၎င်းတို့၏ သုံးစွဲသူများ) မှ လူမှုကွန်ရက် နှင့် အခြား ပလက်ဖောင်းများ ပေါ်တွင် တင်နိုင်သည်။​

  • တရားဥပဒေနှင့်ညီညွတ်သည့် စိတ်ဝင်စားမှု 
  • တရားဥပဒေအရ တာဝန်ကို လိုက်နာရန် လိုအပ်သည် (အလိမ်အညာမှ ကာကွယ်ရန်) 
  • သဘောတူညီချက်
တည်နေရာ  အလုပ်များအတွက် မျှဝေထည့်ဝင်သူများကို ပိုမိုကောင်းမွန်စွာဖော်ထုတ်နိုင်ရန်၊  ကျွန်ုပ်တို့၏ သုံးစွဲသူများ နှင့် မိတ်ဖက်များအတွက် အချက်အလက်စုစည်းပေးရန်၊သုံးစွဲသူမှ ပေးပို့သည့်တည်နေရာအချက်အလက်ကို အတည်ပြုခြင်းဖြင့် အလိမ်အညာမှ ကာကွယ်ထားရန်။ 
  • တရားဥပဒေနှင့်ညီညွတ်သည့် စိတ်ဝင်စားမှု 
  • တရားဥပဒေအရ တာဝန်ကို လိုက်နာရန် လိုအပ်သည် (အလိမ်အညာမှ ကာကွယ်ရန်) 
  • သဘောတူညီချက်
လည်ပတ်သည့်စနစ်၊ သုံးစွဲသူဆက်တင်၊ ဝန်ဆောင်မှုများအား သင်၏ သုံးစွဲမှု စသည့် သုံးစွဲသူ ဒီဗိုက်စ် အိုင်ဒီ နှင့် အိုင်ပီ လိပ်စာ  တည်နေရာတစ်ခုရှိ သုံးစွဲသူတစ်ယောက်ကို အထူးပြုသည့် အကြောင်းအရာကို ပေးပို့ရန် သို့မဟုတ် အကြံပေးရန် အပါအဝင် ဝန်ဆောင်မှုများကို လူပုဂ္ဂိုလ်ဆိုင်ရာဖြစ်စေရန်၊ တိုးတက်စေရန်။ 
  • တရားဥပဒေနှင့်ညီညွတ်သည့် စိတ်ဝင်စားမှု 
  • သဘောတူညီချက်
ဒီဗိုက်စ်အချက်အလက်  အက်ပ်ပိုမှုကောင်းမွန်မှုများ နှင့် ပြဿနာတင်ပြခြင်းအတွက် သုံးစွဲသူ၏ အကြောင်းအရာကို ပိုမိုကောင်းမွန်စွာနားလည်ရန်၊ ကျွန်ုပ်တို့၏ သုံးစွဲသူများ နှင့် မိတ်ဖက်များအတွက် အချက်အလက်စုစည်းပေးရန်၊ ငွေပေးချေသည့် အလုပ်များလုပ်ဆောင်ရာတွင် ပြဿနာဖြေရှင်းခြင်းအတွက် အသုံးပြုနိုင်သည့် အချက်အလက်စုဆောင်းရန်။ 
  • သင်နှင့်ထားရှိသည့် စာချုပ်စွမ်းဆောင်ရည်အတွက်
  • တရားဥပဒေနှင့်ညီညွတ်သည့် စိတ်ဝင်စားမှု 
ဘာသာစကား  သုံးစွဲသူနားလည်သည့် ဘာသာစကားဖြင့် ၎င်းထံ အက်ပ်အတွင်း စာသားများ တင်ပြနိုင်ရန်အတွက်။ 
  • သင်နှင့်ထားရှိသည့် စာချုပ်စွမ်းဆောင်ရည်အတွက်
  • တရားဥပဒေနှင့်ညီညွတ်သည့် စိတ်ဝင်စားမှု 
API များအတွက် စွမ်းဆောင်ရည်ကိန်းဂဏန်းများ သုံးစွဲသူအတွက် အကောင်းမွန်ဆုံး သုံးစွဲသူအတွေ့အကြုံပေးစွမ်းနိုင်ရန် အက်ပ်မှ အသုံးပြုသည့် API အားလုံးကောင်းမွန်စွာ အလုပ်လုပ်ကြောင်း သေချာစေရန်။ 
  • သင်နှင့်ထားရှိသည့် စာချုပ်စွမ်းဆောင်ရည်အတွက်
  • တရားဥပဒေနှင့်ညီညွတ်သည့် စိတ်ဝင်စားမှု 
အက်ပ်အမည်များကောက်ယူခြင်း  အက်ပ်၏ ပင်မလည်ပတ်မှုအတွက် အရေးကြီးဆုံးဖြစ််သည့် အချက်အလက်များကို ပြုပြင်သည့် အက်ပ်များ သုံးစွဲသူမှ​ မသုံးစွဲထားကြောင်း သေချာစေခြင်းဖြင့် အလိမ်အညာ အန္တရာယ်ကို အနည်းဆုံးလျှော့ချရန်၊ ဥပမာ၊ တည်နေရာအချက်အလက်၊ နာရီ၊ စသည်၊ နှင့် ကျွန်ုပ်တို့၏ သုံးစွဲသူများ နှင့် မိတ်ဖက်များအတွက် မှန်ကန်သည့် အချက်အလက် စုစည်းပေးရန်။ 
  • တရားဥပဒေနှင့်ညီညွတ်သည့် စိတ်ဝင်စားမှု 
  • တရားဥပဒေအရ တာဝန်ကို လိုက်နာရန် လိုအပ်သည် (အလိမ်အညာမှ ကာကွယ်ရန်) 
ဘက်ထရီအခြေအနေ သုံးစွဲသူ၏ ဘက်ထရီအပေါ် ကျွန်ုပ်တို့၏ အက်ပ်မှ​သက်ရောက်မှုကို နားလည်ရန် နှင့် အလိမ်အညာ စောင့်ကြည့်ရန်၊ ဖော်ထုတ်ရန်။ 
  • တရားဥပဒေနှင့်ညီညွတ်သည့် စိတ်ဝင်စားမှု 
  • တရားဥပဒေအရ တာဝန်ကို လိုက်နာရန် လိုအပ်သည် (အလိမ်အညာမှ ကာကွယ်ရန်) 
ဝိုင်ဖိုင် နှင့် ဆယ်လူလာ  သုံးစွဲသူဒီဗိုက်စ်၏ ဆင်ဂနယ်အရည်အသွေးကို ပိုမိုကောင်းမွန်စွာနားလည်ရန် နှင့် ကျွန်ုပ်တို့၏ မိတ်ဖက်များ ကွန်ရက်လွှမ်းခြုံမှုကို တိုးတက်စေရန်၊ ဆင်ဂနယ်အရည်အသွေးအပေါ် မူတည်ပြီး သုံးစွဲသူများအတွက် ပိုမိုကောင်းမွန်သည့် ဝန်ဆောင်မှု တုံ့ပြန်ပေးနိုင်ရန်။ 
  • တရားဥပဒေနှင့်ညီညွတ်သည့် စိတ်ဝင်စားမှု 
အကယ်၍ သင်သည် Premise ပိုက်ဆံအိတ်အတွက် စာရင်းသွင်းပါက၊ ကျွန်ုပ်တို့သည် သင်၏ အောက်ပါ အချက်အလက်များကိုလည်း ကောက်ယူသည်: 

  • Premise သုံးစွဲသူ အိုင်ဒီ
  • Premise ပိုက်ဆံအိတ်  အိုင်ဒီ
  • PrimeTrust  ဆက်သွယ်ရန်  အိုင်ဒီ 
  • အကောင့်အတွက် နိုင်ငံ နှင့် ဒေသကုဒ် 
  • အမည်အပြည့်အစုံ
  • မွေးရက် 
  • ဖုန်းနံပါတ် 
  • အိခွန်  အိုင်ဒီ
  • လိပ်စာ 
  • အစိုးရ  အိုင်ဒီ၏ ဓာတ်ပုံများ 
  • လိပ်စာသက်သေအထောက်အထားစာရွက်၏ ဓာတ်ပုံများ 
  • သင့်ဓာတ်ပုံ 
  • ပြင်ပ ခရစ်ပတိုပိုက်ဆံအိတ်လိပ်စာ (အကယ်၍ သင်ဟာ ငွေကြေးများကို ပြင်ပမှ ထည့်သွင်းခြင်း သို့မဟုတ် ထုတ်ယူခြင်း လုပ်ပါက) 
သင့်ကို ဖော်ထုတ်ရန်၊ Premise ပိုက်ဆံအိတ် ဝန်ဆောင်မှု နှင့် သင့် Premise ပိုက်ဆံအိတ်အကောင့်ကို စီမံ၊ ထိန်းသိမ်း၊ လည်ပတ်ရန်၊ အလိမ်အညာအန္တရာယ်ကို အနည်းဆုံး လျှော့ချရန်၊ အစိုးရ ဥပဒေများ နှင့် လိုက်နာရန်၊ “သင့်သုံးစွဲသူကို သိပါ” လိုအပ်ချက်များနှင့် ပြည့်စုံရန်၊ နောက်ခံစစ်ဆေးမှုများ လုပ်ဆောင်ရန်၊ သင့်ထံ ငွေပေးချေရန်၊ သင့်တည်ရှိမှု နှင့် ပြင်ပခရစ်ပတိုပိုက်ဆံအိတ်လိပ်စာတို့၏ တည်ရှိမှုကို အတည်ပြုရန်၊ နှင့် ခရစ်ပတိုငွေကြေးလွှဲပြောင်းမှုများ လုပ်ဆောင်ရန်။ 
  • သင်နှင့်ထားရှိသည့် စာချုပ်စွမ်းဆောင်ရည်အတွက်
  • တရားဥပဒေနှင့်ညီညွတ်သည့် စိတ်ဝင်စားမှု 
  • တရားဥပဒေအရ တာဝန်ကို လိုက်နာရန် လိုအပ်သည် (အလိမ်အညာမှ ကာကွယ်ရန်) 

ခြုံငုံရလျှင်၊ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ သုံးစွဲသူများကို ပိုမိုကောင်းမွန်စွာ ဝန်ဆောင်မှုပေးရန် နှင့် သုံးစွဲသူများကို ငွေပေးချေသည့်အလုပ်များ အပါအဝင် ကျွန်ုပ်တို့၏ ဝန်ဆောင်မှုများကို အလိမ်အညာသုံးစွဲသူများ အလွဲသုံးစားလုပ်ခြင်းမှ ကာကွယ်ရန်၊ ကျွန်ုပ်တို့၏ သုံးစွဲသူများ၊​မိတ်ဖက်များအတွက် စီမံကိန်းများ လုပ်ဆောင်ပေးရန်၊ အထက်တွင်ဖော်ပြထားသည့် ကိုယ်ရေးကိုယ်တာအချက်အလက်အမျိုးအစားအများအပြားကို ကောက်ခံသည်။​အချက်အလက်အားလုံး သို့မဟုတ် အချို့ကို ပြင်ပအချက်အလက်ဆန်းစစ်မှုကုမ္ပဏီ Amplitude မှ Premise ထံပို့ပေးမည်ဖြစ်သည်။ အပေါ်တွင်ဖော်ပြထားသည့်အချက်အလက်အချို့ကို ကျွန်ုပ်တို့၏ လက်တွဲဖော်များ၊ သုံးစွဲသူများ၊ မိတ်ဖက်များနှင့်လည်း မျှဝေနိုင်သည်။ 

အကယ်၍​ သင်သည် ကျွန်ုပ်တို့ ကောက်ယူသော အချက်အလက်များအကြောင်း ပိုမိုသိရှိလိုပါက၊ အသေးစိတ်အချို့ကို အောက်တွင် ဖော်ပြထားသည်: 

 

သင် ကျွန်ုပ်တို့ထံ ပေးပို့သော အချက်အလက်

 

ကျွန်ုပ်တို့သည် သင်ကျွန်ုပ်တို့ထံ တိုက်ရိုက်ပေးပို့သော၊ ပြင်ပအကောင့်များသုံးစွဲခြင်းမှတစ်ဆင့် ပေးပို့သော အချက်အလက်များကို ကောက်ယူသည်။ သင်အကောင့်ဖန်တီးသည့်အခါ သို့မဟုတ် ပြင်ဆင်သည့်အခါ၊ အလုပ်ဆောင်ရွက်သည့်အခါ၊ သုံးစွဲသူအကူအညီထံ ဆက်သယ်သည့်အခါ သို့မဟုတ် ကျွန်ုပ်တို့နှင့် ဆက်သွယ်သည့်အခါ ကျွန်ုပ်တို့သည် အချက်အလက်များကို ကောက်ယူသည်။ ဤအချက်အလက်များတွင် အမည်၊ လူမှုကွန်ရက်အကောင့်၊ အီးမေးလ်လိပ်စာ၊ ဖုန်းနံပါတ်၊ ငွေပေးချေမှုဖော်ထုတ်ချက် နှင့် သင်ပေးပို့ရန် ရွေးချယ်ထားသည့် အခြားအချက်အလက်များပါဝင်နိုင်သည်။ ဓာတ်ပုံများ၊ စခရင်ရှော့များ၊ အသံဖမ်းယူမှုများ အပါအဝင် သင် ကျွန်ုပ်တို့ထံ ပေးပို့သည့် မည်သည့် ပုံရိပ်များ၊ ဗီဒီယိုများ သို့မဟုတ် ဖမ်းယူမှုများကို မဆို ကျွန်ုပ်တို့ ကောက်ခံသည်။​

ဝန်ဆောင်မှုကို သင်၏သုံးစွဲမှုမှ တစ်ဆင့် ကျွန်ုပ်တို့ကောက်ခံသည့် အချက်အလက် 

အကယ်၍ သင်စာရင်းသွင်းထားပါက Premise ပိုက်ဆံအိတ်အပါအဝင်၊ သင် ဝန်ဆောင်မှုကို အသုံးပြုပါက၊ ကျွန်ုပ်တို့သည် သင့်အကြောင်းအချက်အလက်ကို အောက်ပါ အထွေထွေကဏ္ဍများဖြင့် ကောက်ယူသည်: 

တည်နေရာအချက်အလက်: Premise အလုပ်များ ပြီးမြောက်ရန် သင်ဝန်ဆောင်မှုကို သုံးစွဲသည့်အခါ၊ သင်ဝင်ရောက်သည့်တည်နေရာ နှင့် လေ့လာသည့် တည်နေရာများကို ခြေရာခံသည့် တိကျသော တည်နေရာအချက်အလက်ကို ကျွန်ုပ်တို့ ကောက်ခံသည်။ အကယ်၍ သင်သည် သင့် မိုဘိုင်းလည်ပတ်မှုစနစ် (“ပလတ်ဖောင်း”) အသုံးပြုသည့် ခွင့်ပြုချက်စနစ်မှတဆင့် ဝန်ဆောင်မှုအား တည်နေရာဝန်ဆောင်မှုများ ရယူရန် ခွင့်ပြုထားပါက၊ ကျွန်ုပ်တို့သည် အက်ပ်လည်ပတ်နေစဥ် သို့မဟုတ် နောက်တွင် လည်ပတ်နေစဥ် သင့်ဒီဗိုက်စ်၏ တိကျသောတည်နေရာကိုလည်း ကောက်ယူနိုင်သည်။ သင့် အိုင်ပီလိပ်စာမှ နေ၍ သင်၏ အနီးစပ်ဆုံးတည်နေရာကိုလည်း ရှာဖွေနိုင်သည်။ 

ဆက်သွယ်ရန်အချက်အလက်: အကယ်၍ သင်သည် သင့် မိုဘိုင်းလည်ပတ်မှုစနစ်အသုံးပြုသည့် ခွင့်ပြုချက်စနစ်မှတဆင့် ဝန်ဆောင်မှုအား လိပ်စာစာအုပ် ရယူရန် ခွင့်ပြုထားပါက၊ ကျွန်ုပ်တို့သည် အကောင့်အတည်ပြုခြင်း၊ ဖိတ်ခေါ်ခြင်းများ နှင့် အလားတူ သုံးစွဲမှုများအတွက်  သင့်လိပ်စာစာအုပ်ရှိ အမည်များ နှင့် ဆက်သွယ်ရန် အချက်အလက်များကို ရယူပြီး သိုလှောင်ထားနိုင်သည်။​

ပါဝါအချက်အလက်: အကယ်၍ သင်သည် သင့် မိုဘိုင်းလည်ပတ်မှုစနစ် အသုံးပြုသည့် ခွင့်ပြုချက်စနစ်မှတဆင့် ဝန်ဆောင်မှုအား သင့်ပါဝါအချက်အလက်ရယူရန် ခွင့်ပြုထားပါက၊​ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ ပစ္စည်းများ လည်ပတ်သည့် ပတ်ဝန်းကျင်ကို ပိုမိုနားလည်ရန်အတွက် သင့်ပါဝါအဆင့်များ နှင့် အားသွင်းမှုအခြေအနေကို ရယူပြီး သိုလှောင်ထားနိုင်သည်။ 

ငွေလွှဲပြောင်းမှုအချက်အလက်: ကျွန်ုပ်တို့သည် သင့်ငွေပေးချေမှုအချက်အလက်၊ သင်အသုံးပြုသည့် ငွေပေးချေမှုထောက်ပံ့သူ၊​အလုပ်ပြီးမြောက်သည့်၊ ဝင်သွင်းထားသည့်၊ သုံးသပ်သည့်၊ ငွေပေးချေသည့်၊ ငွေပေးချေမှုလုပ်ဆောင်သည့် အချိန် နှင့် ရက်၊ ရရှိထားသည့် ငွေပမာဏ၊ နှင့် အခြားသက်ဆိုင်ရာ ငွေပေးချေမှုအသေးစိတ်များအပါအဝင် သင်ဝန်ဆောင်မှုသုံးစွဲခြင်းနှင့်ဆက်စပ်သည့် ငွေလွှဲပြောင်းမှုအသေးစိတ်များကို ကောက်ယူသည်။ 

ဒီဗိုက်စ်အချက်အလက်: ကျွန်ုပ်တို့သည် သင့်မိုဘိုင်းဒီဗိုက်စ်နှင့် ပတ်သက်သည့် အချက်အလက်များကို ကောက်ယူနိုင်သည်၊ ဥပမာအားဖြင့်၊ ဟဒ့်ဝဲလ်မော်ဒယ်၊​လည်ပတ်သည့်စနစ် နှင့် ဗားရှင်း၊ ပိုမိုနှစ်သက်သည့် ဘာသာစကား၊​ သီးသန့်ဒီဗိုက်စ်ဖော်ထုတ်ချက်၊ ကြော်ငြာဖော်ထုတ်ချက်များ၊ စီရီရယ် နံပါတ်၊ ဒီဗိုက်စ်လှုပ်ရှားမှုအချက်အလက် နဲ့ မိုဘိုင်းကွန်ရက်အချက်အလက်လိုမျိုးတွေ ဖြစ်ပါတယ်။​

ဝင်ရောက်မှုအချက်အလက်: သင် ဝန်ဆောင်မှုနှင့် ထိတွေ့သည့်အခါ၊ ဒီဗိုက်စ်အိုင်ပီလိပ်စာ၊ ဝင်ရောက်သည့် ရက်စွဲများ နဲ့ အချိန်များ၊ အက်ပ်လုပ်ဆောင်ချက်များ သို့မဟုတ် ကြည့်ရှုသည့် စာမျက်နှာများ၊ အက်ပ်ကျရှုံးမှုများ နဲ့ အခြားစနစ်လှုပ်ရှားမှု၊ ဘရောက်ဇာအမျိုးအစား၊ ဝန်ဆောင်မှုနှင့် မထိတွေ့ခင် သင်သုံးစွဲနေခဲ့သည့် ပြင်ပဝက်ဘ်ဆိုဒ် သို့မဟုတ် ဝန်ဆောင်မှုကဲ့သို့ အချက်အလက်များ ပါဝင်နိုင်ပါတယ်။​  ကျွန်ုပ်တို့သည် ဘရောက်ဇာအချက်အလက် နှင့် ရာဇဝင်၊ ကွတ်တီးအချက်အလက် (သင့်ကွတ်ကီးပိုမိုနှစ်သက်မှုများနှင့်အညီ၊ ရှိပါက)၊ အချိန်အမှတ်များစသည်တို့ အပါအဝင်  အင်တာနက် နှင့် အခြား အွန်လိုင်းလှုပ်ရှားမှုများကိုလည်း ကောက်ယူနိုင်ပါတယ်။​

အခြားအရင်းအမြစ်များမှ ကျွန်ုပ်တို့ကောက်ခံသည့် အချက်အလက် 

အကယ်၍  သင်သည် ပြင်ပအကောင့်အချက်အလက်များကို ကျွန်ုပ်တို့ထံ ပေးပို့ပါက သို့မဟုတ် ဝန်ဆောင်မှုထံသို့ ပြင်ပ ဝက်ဘ်ဆိုဒ် သို့မဟုတ် ဝန်ဆောင်မှု မှ တဆင့် ဝင်ရောက်ပါက၊ အကယ်၍ 

သင်သည်  ဤကဲ့သို့ ထုတ်လွှင့်မှုများကို ခွင့်ပြုပါက သင့် Premise အကောင့်အတွင်းသို့ အဆိုပါ အကောင့်များ ရှိ အချို့အကြောင်းအရာ နှင့်/သို့မဟုတ် အချက်အလက် (“ပြင်ပအကောင့်အချက်အလက်”)တို့ကို လွှဲပြောင်းနိုင်ကြောင်း၊ ဝန်ဆောင်မှုထံသို့ လွှဲပြောင်းသည့် အဆိုပါ ပြင်ပအကောင့်အချက်အလက်တို့ကို ဤ မူဝါဒမှ လွှမ်းခြုံကြောင်း နားလည်သည်။ ကျွန်ုပ်တို့သည် ဤ အက်ပ် သို့မဟုတ် ဝက်ဘ်ဆိုဒ်မှ အချက်အလက်များကို ဝန်ဆောင်မှု၏ သုံးစွဲသူအဖြစ် သင့်ထံမှ ကောက်ယူထားသည့် အချက်အလက်များနှင့် ပေါင်းစပ်နိုင်သည်။ 

Premise နှင့် အလုပ်လုပ်သည့် ဂူးဂယ်လ်၊ Branch၊ Leanplum၊ Amplitude၊ FullStory နှင့် တခြားအလားတူထောက်ပံ့သူများသည် အချိန်ကာလတစ်လျှောက် ဝန်ဆောင်မှု နှင့် အခြားအက်ပ်များမှ မတူညီသော ဝက်ဘ်ဆိုဒ်များရှိ သင့်အွန်လိုင်းလှုပ်ရှားမှုများနှင့် ပတ်သက်သည့် လူပုဂ္ဂိုလ်ဖော်ထုတ်နိုင်သည့်အချက်အလက်များကို ကောက်ခံနိုင် သို့မဟုတ် လက်ခံနိုင်ပြီး အဆိုပါ အချက်အလက်ကို အလုပ်များ နှင့် စစ်တမ်းများ အတည်ပြုရန်၊ အလိမ်အညာသိရှိရန်၊ အတိုင်းအတာဝန်ဆောင်မှုများ နှင့် ကြော်ငြာများ ပေးစွမ်းရန် သုံးနိုင်သည်။ 

Premise သည် အလိမ်အညာကာကွယ်ခြင်း နှင့် တရားဥပဒေလိုက်နာခြင်းကို အလေးအနက်ထားသည်။  စာရင်းသွင်းခွင့်ရှိသည့်၊ အက်ပ်ကို သုံးစွဲ၍ အလုပ်ဆောင်ရွက်ခွင့်ရှိသည့်

အခြေအနေတစ်ခုအနေဖြင့်၊ Premise သည် ၎င်းကိုယ်တိုင် သင့်တော်သလို ကိုယ်ပိုင်သဘောထားဖြင့် နောက်ခံ နှင့် လုံခြုံရေး စစ်ဆေးမှုများ ပြုလုပ်နိုင်သည်။​

ပလက်ဖောင်း ခွင့်ပြုချက်များအတွက် အရေးကြီးသော အချက်အလက် 

မိုဘိုင်းပလက်ဖောင်းများသည် သင့်ခွင့်ပြုချက်မပါရှိပဲ အက်ပ်များမှ မရယူနိုင်သည့် ဒီဗိုက်စ်အချက်အလက်အမျိုးအစားများကို ဖော်ပြထားသည်။ အဆိုပါပလက်ဖောင်းများတွင် သင့်ခွင့်ပြုချက်ကို ရယူရေးအတွက် မတူညီသည့် ခွင့်ပြုချက်စနစ်များရှိသည်။ အန်းဒရိုက်ဒီဗိုက်စ်များသည် Premise အက်ပ်မှ တောင်းခံသည့် ခွင့်ပြုချက်များကို သင်အက်ပ်ကို ပထမဆုံးသုံးသည့်အချိန်တွင် သင့်ကို အသိပေးမည်ဖြစ်ပြီး၊ သင်အက်ပ်ကို သုံးစွဲခြင်းသည် ခွင့်ပြုခြင်းဟု သက်ရောက်မည်ဖြစ်သည်။​

အချက်အလက်သုံးစွဲခြင်း 

ကျွန်ုပ်တို့သည် ပုံရိပ်များ၊ ဗီဒီယိုများ၊ ဖမ်းယူမှုများ၊ ဓာတ်ပုံများ နှင့် စခရင်ရိုက်ကူးမှုများ အပါအဝင် သင့်အကြောင်း ကျွန်ုပ်တို့ကောက်ခံထားသည့် အချက်အလက်များကို အောက်ပါ အတိုင်းသုံးစွဲနိုင်သည် : 

    • အကယ်၍ သင်စာရင်းသွင်းထားပါက Premise ပိုက်ဆံအိတ်အပါအဝင်၊ ဝန်ဆောင်မှုကို ပေးအပ်၊ ထိန်းသိမ်း၊ ကောင်းမွန်စေရန်၊ ဥပမာအားဖြင့်၊ ငွေပေးချေမှုလုပ်ဆောင်ရန်၊ သင်တောင်းဆိုသည့် ထုတ်ကုန်များ နှင့် ဝန်ဆောင်မှုများ ပေးအပ်ရန် (ပြီးနောက် သက်ဆိုင်ရာအချက်အလက်ပေးပို့ရန်)၊ လုပ်ဆောင်ချက်အသစ်များ ဖန်တီးရန်၊ သုံးစွဲသူများအတွက် သုံးစွဲသူအကူအညီပေးအပ်ရန်၊ သုံးစွဲသူများကို အတည်ပြုရန်၊ ထုတ်ကုန်အပ်ဒိတ်များ နှင့် လုပ်ငန်းဆိုင်ရာမက်ဆေ့ချ်များပေးပို့ရန်၊ 
    • အတွင်းပိုင်းလုပ်ငန်းများ လုပ်ဆောင်ရန်၊ ဥပမာအားဖြင့်၊ အကယ်၍ သင်စာရင်းသွင်းထားပါက Premise ပိုက်ဆံအိတ်အပါအဝင် ဝန်ဆောင်မှုအား အလိမ်အညာလုပ်ခြင်း၊ အလွဲသုံးခြင်းမှ ကာကွယ်ရန်၊ ဆော့ဖ်ဝဲလ်ပြဿနာများ၊ လုပ်ငန်းဆိုင်ရာ ပြဿနာများကို ဖြေရှင်းရန်၊ အချက်အလက်ဆန်းစစ်မှု ပြုလုပ်ရန်၊ သုတေသနလုပ်ရန်၊ သုံးစွဲမှု၊ လှုပ်ရှားမှုရေစီးကြောင်းများအား စောင့်ကြည့်ပြီး ဆန်းစစ်ရန်တို့ အပါအဝင်၊ 
    • အသိဉာဏ်တုဖြင့် အလိုအလျောက်အချက်အလက်ဆန်းစစ်မှုများ အပါအဝင် ကျွန်ုပ်တို့၏ သုံးစွဲသူများ နှင့် မိတ်ဖက်များအတွက် အချက်အလက်ဆန်းစစ်မှုပေးအပ်ရန်၊ 
    • အက်ပ်သုံးစွဲသူတစ်စုနှင့် သက်ဆိုင်သည့် အရေးကြီးသော အသိပေးချက်များကဲ့သို့ သင် နှင့် ကျွန်ုပ်တို့အတွင်းပိုင်းအကူအညီစနစ်အကြား ဆက်သွယ်မှုများအား ပေးပို့ရန် သို့မဟုတ် လုပ်ဆောင်ရန်၊ 
    • ထုတ်ကုန်များ၊ ဝန်ဆောင်မှုများ၊ ပရိုမိုးရှင်းများ၊ သတင်းများ၊ Premise နှင့် အခြားကုမ္ပဏီများ၏ ပွဲများဆိုင်ရာအချက်အလက်များ၊ ခွင့်ပြုချက်ရှိပါက၊ အပါအဝင် သင်စိတ်ဝင်စားမည်ဟု ကျွန်ုပ်တို့ ထင်မြင်သည့် ဆက်သွယ်မှုများ ပေးပို့ရန် နှင့် ပြိုင်ပွဲ၊ လောင်းကြေးများ သို့မဟုတ် အခြား ပရိုမိုရှင်းဆိုင်ရာအကြောင်းအရာများ လုပ်ဆောင်ရန်၊ သက်ဆိုင်ရာဆုကြေးများပေးအပ်ရန်၊ နှင့် 
    • လုပ်ဆောင်ချက်များ၊ အကြောင်းအရာ၊ ဖိတ်ခေါ်မှုများ နှင့် ကြော်ငြာများ ပေးအပ်ရန် သို့မဟုတ် အကြံပေးရန် တို့အပါအဝင် အကယ်၍ သင်စာရင်းသွင်းထားပါက Premise ပိုက်ဆံအိတ်အပါအဝင် ဝန်ဆောင်မှုကို တစ်ကိုယ်ရည်ဆန်စေရန် နှင့် ပိုမိုကောင်းမွန်စေရန်။ 

ကျွန်ုပ်တို့ သင့်ကိုယ်ရေးကိုယ်တာအချက်အလက်ကို သုံးစွဲခြင်း၏ တရားဥပဒေအရ အကြောင်းအရင်းမှာ အကယ်၍ သင်စာရင်းသွင်းထားပါက Premise ပိုက်ဆံအိတ်အပါအဝင် ဝန်ဆောင်မှုများကို ကျွန်ုပ်တို့ပေးအပ်ရမည့် စာချုပ် သို့မဟုတ် ဥပဒေရည်ရွယ်ချက်များအတွက် သို့မဟုတ် ဝက်ဘ်ဆိုဒ် သို့မဟုတ် ကျွန်ုပ်တို့၏ အထွေထွေ စီးပွားရေး နှင့် ကြော်ငြာလှုပ်ရှားမှုများအပါအဝင် ကျွန်ုပ်တို့၏ တရားဝင်စိတ်ဝင်စားမှုများ လည်ပတ်ရန်၊ စုံစမ်းစစ်ဆေးရေး သို့မဟုတ် အငြင်းပွားမှုရည်ရွယ်ချက်များ နှင့် အရောင်းမြှင့်တင်ရေးရည်ရွယ်ချက်များအတွက် ဖြစ်သည်။ သင့်ကိုယ်ရေးကိုယ်တာအချက်အလက်ကို ပြုပြင်ခြင်းအတွက် အကြောင်းအရင်းအဖြစ် တရားဝင်စိတ်ဝင်စားမှုများကို ကျွန်ုပ်တို့ မှီတည်ရာတွင်၊ တည်ဆဲဥပဒေများအရ ဤ ကဲ့သို့ပြုပြင်ခြင်းကို ကန့်ကွက်ရန် သင့်တွင် အခွင့်အရေးရှိသည်။ 

အချက်အလက်မျှဝေခြင်း 

ကျွန်ုပ်တို့သည် ဤ ကိုယ်ရေးကိုယ်တာမူဝါဒတွင် ဖော်ပြထားသည့်အတိုင်း (အကယ်၍ သင်စာရင်းသွင်းထားပါက Premise ပိုက်ဆံအိတ်အပါအဝင် )၊

    • ပုံရိပ်များ၊ ဗီဒီယိုများ၊ ဖမ်းယူမှုများ၊ ဓာတ်ပုံများ နှင့် စခရင် ဖမ်းယူမှုများအပါအဝင် 
    • သင့်အကြောင်း ကျွန်ုပ်တို့ ကောက်ခံသည့် အချက်အလက်များ၊ အဆိုပါ အချက်အလက်မှ ဆင်းသက်လာသည့် ဆန်းစစ်မှုများ (အသိဉာဏ်တုကို အသုံးပြု၍ အလိုအလျောက်ဆန်းစစ်ခြင်းအပါအဝင်)၊ သို့မဟုတ် ကောက်ယူသည့် သို့မဟုတ် မျှဝေသည့် အချိန်တွင် ဖော်ပြထားသည့်အတိုင်း မျှဝေနိုင်သည် သို့မဟုတ် ရောင်းချနိုင်သည်။  အဆိုပါ သူများတွင် အောက်ပါတို့ပါဝင်သည်: 
    • Premise မိတ်ဖက်များ နှင့် ကျွန်ပ်တို့ကိုယ်စား အချက်အလက်ကောက်ယူခြင်း နှင့်/သို့မဟုတ် အချက်အလက်ပြုပြင်ခြင်း သို့မဟုတ် အချက်အလက်စုစည်းခြင်း နှင့်/သို့မဟုတ် လွှဲပြောင်းခြင်း ဝန်ဆောင်မှုများ ပေးအပ်သော သို့မဟုတ် လုပ်ဆောင်သော  လက်တွဲဖက် ဖွဲ့အစည်းများ၊ 
    • ကမ္ဘာတဝှမ်းလုံးရှိ ဒေသခံများထံမှ ဓာတ်ပုံများ၊ စခရင်ရှော့များ နှင့် အသံဖမ်းယူမှုများအပါအဝင်၊ အချက်အလက်၊ ဒေတာ၊ ပုံရိပ်များ၊ ဖမ်းယူမှုများ နှင့် ဗီဒီယိုများ ကို ၎င်းတို့ သို့မဟုတ် ၎င်းတို့၏ သုံးစွဲသူများ လုပ်ငန်းတွင်း သို့မဟုတ် ပြင်ပသုံးစွဲရန် Premise နှင့် အတူဆက်ဆံသော Premise သုံးစွဲသူများ။ ဆိုလိုသည်မှာ သင်ပေးအပ်သော အချက်အလက်၊​ဒေတာ နှင့် ပုံရိပ်များ၊ ဗီဒီယိုများ၊​အသံ နှင့် အခြားဖမ်းယူမှုများ၊ ဓာတ်ပုံများ နှင့် စခရင်ရှော့များကို ပြင်ပအဖွဲ့အစည်းများ (ကျွန်ုပ်တို့ သုံးစွဲသူများ သို့မဟုတ် ၎င်းတို့၏ သုံးစွဲသူများ) မှ လူမှုကွန်ရက်များ နှင့် အခြား ပလက်ဖောင်းများပေါ်တွင် တင်နိုင်သည်၊ 
    • ကျွန်ုပ်တို့ကိုယ်စား အလုပ်လုပ်ဆောင်ရန် သို့မဟုတ် ကျွန်ုပ်တို့ထံ ဝန်ဆောင်မှုပေးရန် အဆိုပါအချက်အလက်များရယူရန် လိုအပ်သည့် ထောက်ပံ့သူများ၊ အတိုင်ပင်ခံများ၊ စီးပွားရေး အကြံပေးများ၊ စျေးကွက်ချဲ့ထွင်ရေး မိတ်ဖက်များ၊ စာရင်းစစ်များ၊ ငွေကြေး သို့မဟုတ် တရားဥပဒေ အကြံပေးများကဲ့သို့ ပရော်ဖက်ရှင်နယ်အကြံပေးများ နှင့် အခြားဝန်ဆောင်မှုပေးသူများ၊
    • တရားရုံးဆင့်ခေါ်စာ၊ ရှာဖွေရေးဝရမ်းများ၊ တရားရုံးအမိန့်များအပါအဝင်၊ တာဝန်ရှိအာဏာပိုင်မှ အချက်အလက်တောင်းခံမှုကို တုံ့ပြန်ခြင်းအားဖြင့်၊ အကယ်၍ ဖွင့်ဟခြင်းသည် တည်ဆဲဥပဒေ၊ စည်းမျဥ်း သို့မဟုတ် ဥပဒေလုပ်ငန်းစဥ်နှင့် ညီညွတ်ကြောင်း သို့မဟုတ် ၎င်းတို့အရ လိုအပ်ကြောင်း ကျွန်ုပ်တို့ ယုံကြည်ပါက၊ 
    • တရားဥပဒေအရအခွင့်အရေးများ လုပ်ဆောင်ရန် သို့မဟုတ် ကျင့်သုံးရန်၊ တရားဥပဒေဆိုင်ရာ တောင်းဆိုမှုများကို ကာကွယ်ရန်၊ 
    • စွပ်စွဲထားသော သို့မဟုတ် တကယ့်တရားမဝင်လှုပ်ရှားမှုများ၊ သုံးစွဲမှုစည်းမျဥ်းများ ဖောက်ဖျက်ခြင်းများ၊ သို့မဟုတ် တရားဥပဒေမှလိုအပ်သည့်အတိုင်း စုံစမ်းစစ်ဆေးရန်၊ ကာကွယ်ရန် သို့မဟုတ် အရေးယူရန်၊ 
    • အကောက်ခွန်ဆိုင်ရာ ဥပဒေများအပါအဝင် တည်ဆဲဥပဒေများကို လိုက်နာရန်၊ 
    • ပရိုမိုးရှင်း သို့မဟုတ် စစ်တမ်းလုပ်ဆောင်ရန်၊ 
    • အကယ်၍ သင့်လုပ်ဆောင်မှုများသည် ကျွန်ုပ်တို့၏ သုံးစွဲမှုစည်းမျဥ်းများ သို့မဟုတ် အခြားသက်ဆိုင်ရာ မူဝါဒများ နှင့် ဖယ်သွေကြောင်း ယုံကြည်ပါက သို့မဟုတ် Premise သို့မဟုတ် အခြားသူများ၏ အခွင့်အရေးများ၊ ပိုင်ဆိုင်မှု သို့မဟုတ် လုံခြုံမှုကို ကာကွယ်ရန်အတွက် တရားဥပဒေ စိုးမိုးရေး အရာရှိများ၊​အစိုးရ အာဏာပိုင်များ သို့မဟုတ် အခြားပြင်ပ အဖွဲ့အစည်းများ၊​
    • ကုမ္ပဏီပေါင်းစပ်ခြင်း၊ ကုမ္ပဏီပိုင်ဆိုင်မှုများရောင်းချခြင်း၊ ပေါင်းစပ်ခြင်း သို့မဟုတ် ပြန်လည်ပြင်ဆင်ခြင်း၊ ငွေကြေးထည့်သွင်းခြင်း သို့မဟုတ် ကျွန်ုပ်တို့စီးပွားရေး အားလုံး သို့မဟုတ် တစ်စိတ်တစ်ပိုင်းကို အခြားကုမ္ပဏီမှ သို့မဟုတ် အခြားကုမ္ပဏီထံသို့ ရောင်းချခြင်း နှင့် ဆက်စပ်၍ သို့မဟုတ် ဆွေးနွေးမှုများအတွင်း၊ 
    • အကယ်၍​ ကျွန်ုပ်တို့မှ သင်အား အသိပေးခြင်း (အက်ပ်အတွင်းရှိ အသိပေးချက် သို့မဟုတ် အလုပ်တစ်ခု၏ ဖော်ပြချက်အတွင်း အပါအဝင်) နှင့် လိုအပ်ပါက၊​ သင်သည် မျှဝေရန် သဘောတူခြင်း၊ နှင့် 
    • သင့်ကို ဖော်ထုတ်ရန် အချက်အလက်ကျကျ အသုံးမပြုနိုင်သည့် စုပေါင်း နှင့်/သို့မဟုတ် အမည်မဲ့ပြုလုပ်ထားသော ဖောင်တွင်။​

အခြားသူများမှ ပေးအပ်သည့် ဆန်းစစ်မှု နှင့် ကြော်ငြာဝန်ဆောင်မှုများ 

အသိဉာဏ်တုဖြင့်ပြုလုပ်သည့် ဆန်းစစ်မှု အပါအဝင် ကျွန်ုပ်တို့အတွက် ပရိတ်သတ်တိုင်းတာမှု နှင့် ဆန်းစစ်မှုဝန်ဆောင်မှုများ ပေးအပ်ရန်၊ ကျွန်ုပ်တို့ကိုယ်စား အင်တာနက်တစ်ခွင်တွင် ကြော်ငြာပေးရန်၊ အဆိုပါ ကြော်ငြာများ၏ စွမ်းဆောင်ရည်ကို ခြေရာခံပြီး တင်ပြရန်၊ ကျွန်ုပ်တို့သည် အခြားသူများကို ခွင့်ပြုနိုင်သည်။ အဆိုပါ အဖွဲ့အစည်းများသည် သင်ဝန်ဆောင်မှုသုံးသည့်အခါ နှင့် အခြား အွန်လိုင်း ဝက်ဘ်ဆိုဒ်များ နှင့် ဝန်ဆောင်မှုများ သို့ သင်ဝင်ရောက်သည့်အခါ သင့်ဒီဗိုက်စ်ကို ဖော်ထုတ်ရန်  ကွတ်ကီးများ၊ ဝက်ဘ်ဘေကွန်များ၊ SDKများ နှင့် အခြားနည်းပညာများကို သုံးနိုင်သည်။ 

သင့်ရွေးချယ်မှုများ 

အကောင့်အချက်အလက်

သင်သည် သင့်အက်ပ်အကောင့်အတွင်းသို့ ဝင်ရောက်ပြီး သင့်အကောင့်အချက်အလက်ကို မည်သည့်အချိန်တွင်မဆို ပြင်ဆင်နိုင်သည် သို့မဟုတ် ဖျက်သိမ်းနိုင်သည်။ အချို့အခြေအနေများတွင် ကျွန်ုပ်တို့သည် တရားဥပဒေမှ လိုအပ်ချက်အတွက် သို့မဟုတ် တရားဥပဒေမှ ခွင့်ပြုထားသည်အထိ တရားဝင်စီးပွားရေး ရည်ရွယ်ချက်များအတွက် သင့်အကြောင်း အချက်အလက်အချို့ကို ကျွန်ုပ်တို့ ထိန်းသိမ်းထားနိုင်သည်။​ ဥပမာအနေနှင့် သင့်အကောင့်တွင် သိသာသော ငွေပို သို့မဟုတ် အကြွေးရှိပါက၊ သို့မဟုတ် သင်သည် အလိမ်အညာလုပ်ထားကြောင်း သို့မဟုတ် ကျွန်ုပ်တို့၏ သုံးစွဲမှု စည်းမျဥ်းများကို ဖောက်ဖျက်ထားကြောင်း ကျွန်ုပ်တို့ ယုံကြည်ပါက၊ ကျွန်ုပ်တို့သည် သင့်အကောင့်ကို မပိတ်သိမ်းခင် ပြဿနာကို ဖြေရှင်းနိုင်သည်။ 

ဝင်ရောက်ခွင့်အခွင့်အရေးများ 

တည်ဆဲဥပဒေနှင့်အညီ ဝင်ရောက်မှု၊ ပြင်ဆင်မှု နှင့်/သို့မဟုတ် သုံးစွဲသူအကောင့်အား ပိတ်ခြင်း သို့မဟုတ် ကိုယ်ရေးကိုယ်တာအချက်အလက် ဖျက်သိမ်းခြင်းများနှင့် သက်ဆိုင်သည့် တောင်းဆိုချက်များကို Premise သည် လိုက်နာမည်ဖြစ်သည်။​

တည်နေရာ အချက်အလက်

အကယ်၍ သင်စာရင်းသွင်းထားပါက Premise ပိုက်ဆံအိတ်အပါအဝင်၊ ဝန်ဆောင်မှုသည် သင့်မိုဘိုင်းလည်ပတ်မှုစနစ်မှ အသုံးပြုသည့် ခွင့်ပြုချက်စနစ်အတိုင်း တိကျသည့်တည်နေရာကို ကောက်ယူရန် ခွင့်တောင်းခံမည်ဖြစ်သည်။ ဤအချက်အလက်ကောက်ယူခြင်းကို ပိတ်ပင်ခြင်းသည် သင်၏ ဝန်ဆောင်မှုရယူနိုင်ခြင်းကို ကန့်သတ်သွားမည်ဖြစ်သည်။ သို့သော်လည်း၊ သင့်ဒီဗိုက်စ်မှ တိကျသည့် တည်နေရာကို ဝန်ဆောင်မှု၏ ကောက်ယူခြင်းအား ပိတ်ပင်ခြင်းသည် သင့် အိုင်ပီ လိပ်စာမှ တဆင့် သင့်တည်နေရာအချက်အလက်အကြောင်း ကျွန်ုပ်တို့၏ ကောက်ယူနိုင်ခြင်းကို ကန့်သတ်သွားမည်မဟုတ်ပါ။​

အပိုင်း ၄  – သင်၏ ကယ်လီဖိုးနီးယား နှင့် အခြားပြည်နယ် ကိုယ်ရေးကိုယ်တာ လုံခြုံမှု 

အောက်ပါဖော်ပြချက်များသည် တရားဥပဒေမှ လိုအပ်သည့်အတိုင်း ကယ်လီဖိုးနီးယားနေထိုင်သူ နှင့် သက်ရောက်ပါက အခြားပြည်နယ်နေထိုင်သူ (ကော်လိုရာဒို၊ ကွန်နက်တီကတ်၊ နီဗားဒါး၊ ယူတ သို့မဟုတ် ဗာဂျီးနီးယား သို့မဟုတ် ဒယ်လဝဲလ်၊ အင်ဒီးယားနား၊​အိုင်အိုဝါ၊ မွန်တားနား၊ အော်ရီဂန်၊ တန်နစီ နှင့် တက္ကစက်တို့ရှိ အနာဂတ်တွင် အသစ်ပြင်ဆင်ထားသည့် ဥပဒေများ ) မျှဝေထည့်ဝင်သူများ၊ လည်ပတ်သူများ နှင့် သုံးစွဲသူများ အပေါ် သက်ရောက်သည်။​ဖော်ပြချက်များသည် ကယ်လီဖိုးနီးယားကိုယ်ရေးကိုယ်တာအခွင့်အရေးများဥပဒေ ၂၀၂၀ (“CPRA”) သို့မဟုတ် အခြားတည်ဆဲပြည်နယ်ဥပဒေများ၏ ကာကွယ်မှုအောက်တွင် လွတ်မြောက်ခွင့်ရထားသည့် ကိုယ်ရေးကိုယ်တာအချက်အလက်များအပေါ် မသက်ရောက်ပါ။ 
သိရှိနိုင်သည့် အခွင့်အရေး။  ဖော်ပြထားသည့်အချိန်ကာလ (တရားဥပဒေမှ ထိန်းချုပ်ထားသော)အတွင်း ကျွန်ုပ်တို့ သင့်ထံမှ ကောက်ယူထားသည့်

ကိုယ်ရေးကိုယ်တာအချက်အလက်အမျိုးအစားစာရင်း၊ ၎င်းကောက်ယူထားသည့် အရင်းအမြစ်များ၏ အမျိုးအစားများ၊ အချက်အလက်ကောက်ယူခြင်း သို့မဟုတ် ရောင်းချခြင်းအတွက် စီးပွားရေး သို့မဟုတ် အရောင်းအဝယ်ရည်ရွယ်ချက် နှင့် ကျွန်ုပ်တို့မှ အဆိုပါ အချက်အလက်ကို ဖော်ပြခဲ့သည့် သို့မဟုတ် ရောင်းချခဲ့သည့် ပြင်ပအဖွဲ့အစည်းများအမျိုးအစားများကို ကျွန်ုပ်တို့မှ ပေးအပ်ရန် သင်တောင်းဆိုနိုင်သည်။ သင်သည် ဖော်ပြထားသည့်အချိန်ကာလ (တရားဥပဒေမှ ထိန်းချုပ်ထားသော)အတွင်း ကျွန်ုပ်တို့ သင့်ထံမှ ကောက်ယူထားသည့် ကိုယ်ရေးကိုယ်တာအချက်အလက်များရှိ အချို့အစိတ်အပိုင်းများ၏ မူပွားများအား ကျွန်ုပ်တို့မှ ပေးအပ်ရန်လည်း တောင်းဆိုနိုင်သည်။​ ကယ်လီဖိုးနီးယားနေထိုင်သူများသည် တရားဥပဒေတွင်ဖော်ပြထားသည့် ကန့်သတ်ချက်များနှင့်အညီ ၁၂-လ ကာလအတွင်း နှစ်ကြိမ်တိတိ သိရှိရန် တောင်းဆိုမှုပြုလုပ်နိုင်သည်။​အခြားပြည်နယ်များတွင်လည်း ကန့်သတ်ချက်များရှိသည်။ လွန်ခဲ့သည့် ၁၂ လအတွင်း ကျွန်ုပ်တို့ ကောက်ယူပြီး မျှဝေထားသည့် အချက်အလက် အထွေထွေ အမျိုးအစား စာရင်းအတွက် ၊​အပေါ်ရှိ ကိုယ်ရေးကိုယ်တာမူဝါဒဖော်ပြချက်များကို ကြည့်ပါ။ 

ပြင်ဆင်နိုင်သည့်အခွင့်အရေး။ သင်သည် ကျွန်ုပ်တို့ သင့်အကြောင်းကောက်ခံထားသည့် မမှန်ကန်သော ကိုယ်ရေးကိုယ်တာအချက်အလက်များကို ပြင်ဆင်ရန် တောင်းဆိုနိုင်သည်။ 

ဖျက်နိုင်သည့်အခွင့်အရေး။ သင်သည် တရားဥပဒေမှ ကျွန်ုပ်တို့အား ခွင့်ပြုထားသည့် အချက်အလက်များမှအပ၊ ကျွန်ုပ်တို့ သင့်ထံမှ ကောက်ယူထားသည့် မည်သည့် ကိုယ်ရေးကိုယ်တာအချက်အလက်ကို မဆို ဖျက်ပစ်ရန် တောင်းဆိုနိုင်သည်။ သင့်ဖျက်ပစ်ရန် တောင်းဆိုမှုကို ကျွန်ုပ်တို့မှ အကြောင်းပြန်သည့်အခါ၊ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့သိမ်းဆည်းထားသည့် အချက်အလက်များ (ရှိပါက) နှင့် ရည်ရွယ်ချက်ကို ရှင်းပြမည်ဖြစ်သည်။ အထက်ဖော်ပြချက်သည် တရားဥပဒေမှ​လွတ်ကင်းခွင့်ပေးထားသည့် ကိုယ်ရေးကိုယ်တာအချက်အလက်များအပေါ် မသက်ရောက်ပါ။ 

သိရှိရန်၊ ပြင်ဆင်ရန် သို့မဟုတ် ဖျက်ရန်တောင်းဆိုမှုကို မည်ကဲ့သို့လုပ်ရမလဲ။ သင်သည် အက်ပ်အတွင်းမှ သို့မဟုတ် [email protected] ထံသို့ အီးမေးလ်ပို့ခြင်းဖြင့် သိရှိရန်၊ ပြင်ဆင်ရန် သို့မဟုတ် ဖျက်ရန်တောင်းဆိုမှု ပြုနိုင်သည်။ သင် တောင်းဆိုသည့်အခါတွင်၊​ကျွန်ုပ်တို့သည် မဖြေဆိုရင် သင့်ပုဂ္ဂိုလ်ဆိုင်ရာ အတည်ပြုရန် အဆင့်အချို့လုပ်ဆောင်မည်ဖြစ်သည်။ ဤလုပ်ဆောင်ခြင်းသည် သင့်အချက်အလက်ကို ကာကွယ်ရန်ဖြစ်သည်။ ကျွန်ုပ်တို့သည် သင့်အီးမေးလ်လိပ်စာပေးပို့ရန် တောင်းဆိုမည်ဖြစ်သည်။ အကယ်၍ သင်သည် ကျွန်ုပ်တို့နှင့်အတူ အကောင့်ထိန်းသိမ်းပါက၊ ၎င်းတို့သည် သင့်အကောင့်နှင့် ချိတ်ဆက်ထားသော လိပ်စာနှင့် တူညီရမည်။ 

ခွင့်ပြုထားသည့်ကိုယ်စားလှယ်။ အချို့ပြည်နယ်များတွင် သင်သည် ခွင့်ပြုထားသည့်ကိုယ်စားလှယ်ကို သင့်ကိုယ်စားတောင်းဆိုမှုများ ပြုလုပ်ရန် ခန့်အပ်နိုင်သည်။ ကျွန်ုပ်တို့သည် သင်မှ ကိုယ်စားလှယ်အား အမှန်တကယ်ခွင့်ပြုထားကြောင်း အတည်ပြုချက်လိုအပ်မည်ဖြစ်သည်။ တရားဥပဒေမှ တခြားနည်းလမ်းဖြင့် လိုအပ်ခြင်းမရှိပါက၊ သင့်ခွင့်ပြုထားသည့်ကိုယ်စားလှယ်သည် သင့်အတွက် ဆက်သွယ်ရန်အချက်အလက်များပေးအပ်ရမည်။ ကျွန်ုပ်တို့သည် သင့်အားဆက်သွယ်ပြီး သင်သည် ကိုယ်စားလှယ်ကို ခွင့်ပြုထားကြောင်း အတည်ပြုမည်ဖြစ်သည်။ သင်အတည်ပြုပြီးပါက၊ ကျွန်ုပ်တို့သည် အခွင့်အရေးများတောင်းဆိုမှုကို လျင်မြန်စွာ တုံ့ပြန်မည်။ 

ခွင့်ပြုချက်မရှိပဲ ကိုယ်ရေးကိုယ်တာအချက်အလက်များကို မရောင်းချခြင်း သို့မဟုတ် မမျှဝေခြင်း။ ကျွန်ုပ်တို့သည် လည်ပတ်သူများ သို့မဟုတ် သုံးစွဲသူများ၏ ကိုယ်ရေးကိုယ်တာအချက်အလက်များကို မရောင်းချပါ သို့မဟုတ် မမျှဝေပါ။ ကျွန်ုပ်တို့သည် မျှဝေထည့်ဝင်သူများ၏ ပုံရိပ်များ၊ ဗီဒီယိုများ၊ ဖမ်းယူမှုများ၊ ဓာတ်ပုံများ၊ စခရင်ရိုက်ကူးမှုများ အပါအဝင် ကိုယ်ရေးကိုယ်တာအချက်အလက်များ ကို ဤ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ရောင်းချနိုင်သည် သို့မဟုတ် မျှဝေနိုင်သည်။ 

ခွဲခြားဆက်ဆံမှုမရှိခြင်း။ သင်သည် သင့်အခွင့်အရေးများ ကျင့်သုံးခြင်းအတွက် ခွဲခြားဆက်ဆံမှုမှ ကင်းလွတ်ရမည့် အခွင့်အရေးရှိသည်။ 

တိုက်ရိုက်ကြော်ငြာခြင်းရည်ရွယ်ချက်များအတွက် ဖွင့်ဟချက်များဆိုင်ရာအချက်အလက်များကို ပြင်ပအဖွဲ့အစည်းများထံမှတောင်းဆိုနိုင်သည့် ကယ်လီဖိုးနီးယားနေထိုင်သူများ၏အခွင့်အရေး။ သင်သည် တိုက်ရိုက်ကြော်ငြာခြင်းရည်ရွယ်ချက်များအတွက် ကိုယ်ရေးကိုယ်တာအချက်အလက်များကို ကျွန်ုပ်တို့မှ ပြင်ပအဖွဲ့အစည်းများ သို့မဟုတ် မိတ်ဖက်ကုမ္ပဏီများထံ ဖွင့်ဟချက်များဆိုင်ရာအချက်အလက်များကို တောင်းခံနိုင်သည်။​ ၎င်းကဲ့သို့ တောင်းဆိုမှုပြုလုပ်ရန်၊ ကျေးဇူးပြုပြီး [email protected] ထံသို့ အီးမေးလ်ပေးပို့ပါ။​ကျွန်ုပ်တို့မှ သင့်တောင်းဆိုမှုကို ပြုလုပ်ပေးရန် ကျေးဇူးပြုပြီး ရက် ၃၀ ခွင့်ပြုပေးပါ။​သင်သည် ၎င်းကဲ့သို့တောင်းဆိုမှုကို တစ်နှစ်တစ်ကြိမ်ပြုလုပ်နိုင်သည်။Â